ဖြတ်သန်းရမယ့် လူ့ဘဝ

ရှေးရှေးတုန်း ကပေါ့။ ဖန်ဆင်းရှင်ကြီးဟာ တနေ့မှာ နွားတကောင် ဖန်ဆင်းလိုက် သတဲ့။ ပြီးတော့ နွားကို ပြောတယ်။ "မင်းလယ်ထဲမှာ တနေကုန် လယ်သမားတွေ အတွက် လယ်ထွန် ပေးရမယ်။ မြက်ပဲ စားရမယ်။ မင်းကို သက်တမ်း နှစ် ၅၀ ပေးမယ်"

နွားက ကန့်ကွက်တယ်။ "ကျွန်တော် အဲဒီလောက် ပင်ပင် ပန်းပန်း လုပ်ရ ပြီးမှ မြက်ပဲ စားရမယ် ဆိုတော့ သက်တမ်း နှစ် ၂၀ ပဲ ယူမယ်။ ပိုတာ ပြန်သိမ်းထား လိုက်ပါ" ဖန်ဆင်းရှင်က သဘော တူလိုက် တယ်။

နောက်တရက်မှာ မျောက်တကောင် ဖန်ဆင်း ပြန်သတဲ့။ ပြီးတော့ ပြောတယ် "မင်း လူတွေကို ပျော်တော် ဆက်ရမယ်။ သူတို့ ရယ်မောအောင် မင်း လုပ်ပေး ရမယ်။ ကျွမ်းထိုးပြ ရမယ်။ ငှက်ပျောသီး စားရမယ်။ သက်တမ်း နှစ် ၂၀ ပေးမယ်"

မျောက်က ကန့်ကွက် ပြန်တယ်။ "ပျော်တော် ဆက်ရမယ်၊ ကျွမ်းလည်း ထိုးပြ ရမယ်၊ ငှက်ပျောသီးပဲ စားရမယ် ဆိုတော့ ပင်ပန်း လွန်းတယ်။ သက်တမ်း ၁၀ နှစ် ဆို ရပါပြီ" ဖန်ဆင်းရှင်က သဘော တူလိုက် ပြန်တယ်။

တတိယရက် မှာ ခွေးတယောက် ဖန်ဆင်းပြန် သတဲ့။ ပြီးတော့ ပြောတယ် "အိမ်ပေါက်ဝမှာ ဟောင်ပေး ရမယ်၊ အိမ်ရှင်တွေ ပိုတဲ့ စားကြွင်း စားကျန် တွေ စားရမယ်။ မင်းကို ၂၅ နှစ် သက်တမ်း ပေးမယ်"

ခွေးက ကန့်ကွက် သတဲ့။ "တနေကုန် အိမ်ရှေ့ ပေါက်မှာ ထိုင်ဟောင် ပေးရမယ် ဟုတ်လား၊ ၁၅ နှစ် ဆို လုံလောက် ပါပြီဗျာ။ ပိုတာ ပြန်သိမ်းထား လိုက်ပါ" ဖန်ဆင်းရှင်က သဘော တူလိုက် ပြန်တယ်။

စတုတ္ထ ရက်မှာ လူတယောက်ကို ဖန်ဆင်း လိုက်သတဲ့။ ပြီးတော့ ပြောတယ်။ "မင်း တနေကုန် ဘာအလုပ်မှ လုပ်စရာ မလိုဘဲ အိပ်လိုက် စားလိုက်၊ ပျော်လိုက် ပါးလိုက်နဲ့ ဘဝကို အရသာ ခံ နေရုံပဲ။ မင်းကို သက်တမ်း နှစ် ၂၀ ပေးမယ်"

လူက ကန့်ကွက် တယ်။ "ဒီလောက် ကောင်းတဲ့ ဘဝက နှစ် ၂၀ ဆို တိုလွန်း ပါတယ်" ဖန်ဆင်းရှင် နှုတ်ဆိတ် နေတယ်။ လူက ဖန်ဆင်းရှင်ကို ပြောတယ်။

"ဒီလို လုပ် ပါလား၊ နွားက အနှစ် ၃၀ ပြန်ပေး သွားတယ်၊ မျောက်က ၁၀ နှစ်၊ ခွေးက ၁၀ နှစ် ပြန်ပေး သွားတယ်။ အဲနှစ်တွေ အကုန်လုံး ကျွန်တော့ကို ပေးလိုက် ပါလား၊ အာ့ဆို ကျွန်တော် နှစ် ၇၀ လောက် နေလို့ ရသွားပြီ" ဖန်ဆင်းရှင် က သဘောတူ လိုက်တယ်။

အဲဒါတွေဟာ ဘာကြောင့် ကျွန်တော်တို့ ဘဝ အစရဲ့ နှစ် ၂၀ မှာ စားလိုက် သောက်လိုက်၊ ပျော်လိုက် ပါးလိုက် နဲ့ နေရပြီး နောက် နှစ် ၃၀ လုံးလုံး နွားလို ရုန်းကန်ပြီး မိသားစုကို လုပ်ကျွေး၊

နောက် ၁၀ နှစ် မှာ ပင်စင် ယူသွား ပြီးနောက် မျောက် လိုမျိုး မြေးတွေကို ရယ်မောအောင် ပျော်တော်ဆက် ထိန်းကျောင်း ရ၊ နောက်ထပ် ၁၀ နှစ်မှာ တနေကုန် အိမ်မှာပဲ နေပြီး အိမ်စောင့် နေရလဲ ဆိုတဲ့ မေးခွန်း တွေရဲ့ အဖြေ ပါပဲ။ Moe Oo Wathan

Post a Comment

0 Comments