Laptop ရဲ့သက်တမ်းကို ကြာရှည်ခံစေမယ့် အချက် (၁၃) ချက်

Laptop က လူတွေရဲ့ နေ့စဉ်သုံး ပစ္စည်းထဲမှာ အရေးပါတဲ့အရာပါပဲ။ Laptop ကို သုံးတဲ့အခါ အချို့အပြုအမူတွေကြောင့် သူ့သက်တမ်းက ကြာသင့်သလောက် မကြာတော့ပါဘူး။ အဲဒါကြောင့် Laptop ရဲ့သက်တမ်းကို ကြာရှည်ခံစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ Laptop ပေါ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပေးမအိပ်ခိုင်းသင့်ပါဘူး။

ကြောင်လေးတွေက သင်အလုပ်လုပ်တာကို စောင့်ရင် တစ်ခါတရံ Laptop ပေါ်မှာ အိပ်ပျော်သွားတတ်ပါတယ်။ ကြောင်လေးတွေက အနွေးဓာတ်ရှိတဲ့ နေရာတွေကို သဘောကျတာကြောင့် Laptop ပေါ်မှာ အိပ်ရတာကို သဘောကျကြပါတယ်။ ဒါပေယ့် ကြောင်လေးတွေရဲ့ အမွေးတွေက system fans ထဲကို ဝင်သွားတတ်တာကြောင့် အပူလွန်ကဲတာ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် Laptop ပေါ်မှာ မအိပ်ခိုင်းသင့်ပါဘူး။

၂။ ရွှေ့ပြောင်းတဲ့အခါ သတိထားပါ။

Laptop ထဲမှာ SSD မထည့်ထားရင်တောင် ရွှေ့ပြောင်းတဲ့အခါ သတိထားသင့်ပါတယ်။ Laptop ကို ဟိုနေရာဒီနေရာ ပြောင်းရင်းနဲ့ ထိမိခိုက်မိတဲ့အခါ data တွေ ဆုံးရှုံးသွားတတ်ပါတယ်။

၃။ အားသွင်းကြိုးကို သေချာခေါက်ထာပါ။

အားသွင်းကြိုးတွေက ရာဘာနဲ့ ပြုလုပ်ထားတာကြောင့် ဘာမှမဖြစ်ဘူးလို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အားသွင်းကြိုးတွေကို ဖြစ်သလိုခေါက်ထားတာ၊ အားသွင်းနေတဲ့အချိန် တစ်ခုခုနဲ့ ဖိမိနေတာမျိုးက အားသွင်းကြိုးကို ထိခိုက်စေပြီး နောက်ပိုင်းမှာ အားသွင်းရင်း ပြဿနာတွေ ကြုံရစေပါတယ်။

၄။ အားသွင်းကြိုးကို တစ်နေကုန် တပ်မထားသင့်ပါဘူး။

Laptop မှာ lithium-ion ဓာတ်ခဲတွေကို အသုံးပြုထားတာကြောင့် အားသွင်းချိန် လွန်ကဲလို့ မရပါဘူး။ အားသွင်းလွန်ရင်လည်း စက်ကို နာစေမှာပါ။ တစ်နေကုန် တစ်ညလုံးသွင်းထားရင် ဓာတ်ခဲက ကြာရှည်ခံသင့်သလောက် မခံတော့ပါဘူး။

၅။ ဖြည်းဖြည်းသာသာဖွင့်ပါ။

Laptop မှာ display က အထိအလွယ်ဆုံး နေရာပါ။ အဲဒါကြောင့် ထောင့်စွန်းကနေ မကိုင်သင့်ပါဘူး။ ဖွင့်တဲ့ပိတ်တဲ့အခါမှာလည်း ဖြည်းဖြည်းသာသာပဲ ပြုလုပ်သင့်ပါတယ်။

၆။ Laptop cooling pad ဝယ်ပါ။

Laptop က ရွှေ့ရပြောင်းရလွယ်တာကြောင့် ပေါင်ပေါ်မှာ တင်ပြီး သုံးတတ်ကြပါတယ်။ ဒါပေမယ့် ပေါင်ပေါ်မှာ တိုက်ရိုက်တင်ပြီး သုံးတာ မကောင်းပါဘူး။ အပူမလွန်ကဲအောင် ပေါင်ပေါ်မှာ Laptop cooling pad ကို ခံပြီးမှ သုံးပါ။

၇။ Laptop ကို သံလိုက်တွေနဲ့ ဝေးရာမှာထားပါ။

ဘယ် hard drive မှာမဆို အချက်အလက်တွေကို သိမ်းဆည်းဖို့ သံလိုက်တွေပါ ရှိပါတယ်။ ဒါပေမယ့် Laptop နားမှာ အားပြင်းတဲ့ သံလိုက်ထားထားရင် အနှောင့်အယှက်တွေဖြစ်ပြီး အချက်အလက်တွေ ဆုံးရှုံးသွားပါတယ်။

၈။ အားသွင်းကြိုးကို သေသေချာချာ ဖြုတ်ပါ။

သင်က အရေးကြီးနေရင်တောင် အားသွင်းကြိုးကို သေသေချာချာ ဖြုတ်သင့်ပါတယ်။ အရေးတကြီးနဲ့ ဖြစ်သလို ဆွဲဖြုတ်လိုက်ရင် ပလက်ပေါက်ကို ထိခိုက်ပြီး အားသွင်းတဲ့အခါ အခက်အခဲတွေ ကြုံရစေပါတယ်။

၉။ Laptop ကို သယ်တဲ့အခါ အိတ်ကို အသုံးပြုပါ။

Laptop ကို လက်ထဲမှာ အလွတ်မကိုင်ဘဲ အိတ်ထဲထည့်ပြီး ကိုင်သင့်ပါတယ်။ Laptop အိတ်ထဲမှာ အခြားပစ္စည်းတွေကို ရောပြီးတော့လည်း မထည့်သင့်ပါဘူး။

၁၀။ Screen ကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။

Laptop screen ကို သန့်ရှင်းရေး လုပ်တဲ့အခါ အဝတ်စကို ရေနဲ့တို့ပြီး သန့်ရှင်းရေး မလုပ်သင့်ပါဘူး။ Laptop အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သန့်ရှင်းဆေးရည်ကိုသာ အသုံးပြုပါ။

၁၁။ ပုံမှန် shutdown လုပ်ပါ။

Laptop ကို မသုံးဘဲ တစ်နေကုန်ဖွင့်ပြီး ပစ်မထားသင့်ပါဘူး။ မရပ်မနား အလုပ်လုပ်ရတဲ့အခါ hard drive လည်း နာပြီး cooling system ကို ထိခိုက်စေပါတယ်။ တစ်နေ့မှာ အကြိမ်ပေါင်းများစွာ အသုံးပြုရင် sleep mode နဲ့ ထားပါ။

၁၂။ အရည်တွေကို Laptop ရဲ့အဝေးမှာထားပါ။

Laptop သုံးရင်းနဲ့ ကောက်ဖီသောက်တာ၊ ဖျော်ရည်သောက်တာတွေကို ပြုလုပ်မိသွားတတ်ကြပါတယ်။ အရည်တွေနဲ့ Laptop ဟာ တွဲဖက်မထားသင့်တဲ့အရာပါ။ လျှပ်စီးပတ်လမ်းကို ထိခိုက်စေတာကြောင့် စက်ပေါ်မှာလည်း ခွက်အပူတွေကို တင်မထားသင့်ပါဘူး။

၁၃။ Hardware ကို စမ်းသပ်ဖို့ ကျွမ်းကျင်သူတွေနဲ့သာ တိုင်ပင်ပါ။

Laptop မှာဖြစ်တဲ့ အချို့ပြဿနာတွေကို ကိုယ်တိုင် မဖြေရှင်းသင့်ပါဘူး။ အချို့အရာတွေက usb device တွေကို ထည့်လိုက်ရင် laptop ကို အကြီးအကျယ် ထိခိုက်စေတာကြောင့် ကျွမ်းကျင်သူနဲ့သာ တိုင်ပင်ပြီး ဝယ်သင့်ပါတယ်။

Laptop မှာ အခြေအနေ မကောင်းတော့တဲ့အခါ ပြလာတတ်တဲ့ လက္ခဏာများ

- Hard drive က အရမ်းဆူညံပြီး အလုပ်လုပ်တာ အရမ်းနှေးလာတဲ့အခါ

- ပုံမှန်လုပ်နေကျ စာရိုက်တာမျိုးတွေမှာတောင် အရမ်းကို လေးလာတဲ့အခါ

- ပန်ကာက ဆူညံသံ ထွက်လာတဲ့အခါ

- ဖွင့်လိုက်ရင် မူမမှန်တဲ့ အသံတွေ ထွက်လာတဲ့အခါ

- သူ့အလိုလို restart ဖြစ်နေတဲ့အခါ

ကျွမ်းကျင်သူတွေနဲ့ ပြသသင့်ပါတယ်။

Zombie (lovemedia )

Post a Comment

0 Comments