ကိုယ်ချင်းစာပါ

တခါက မယား ဖြစ်သူက လင်ယောကျ်ား အတွက် ကြက်ဥ ကြော်ပေး နေတယ်။

ထိုအချိန်မှာ လင်ဖြစ်သူ က မီးဖိုချောင်ထဲ ဝင်လာ တယ်။

"ဆီ နည်းနေတယ် ထပ်ထည့်လိုက် အုံး" လို့ လင်ဖြစ်သူက ပြောလိုက်တယ်။

မယား ဖြစ်သူက ဆီလေး နည်းနည်း ထပ်ထည့် လိုက်တယ်။

နောက်တော့ လင်ဖြစ်သူက ထပ် ပြောပြန်တယ်။ "နဲနဲ မွှေပေး လိုက်အုံး အကျက် ညီ သွားအောင်"

မယားက မျက်စောင်း ထိုးပြီး ပြန်ကြည့် ရတယ်။ လင် ဖြစ်သူက မမှုပဲ "ဆား ထည့်ပြီး ပြီလား" ဆိုပြီး ထပ်ပြောလိုက် ပြန်တယ်။

မယားက ဒေါသတွေ ထွက်လာတယ်။ "ရှင် လာပြီး ဆရာ လာ မလုပ်နဲ့ ခု ထွက်သွား။ ကျွန်မ ဒေါသ ထွက်လာပြီနော်"

ထိုအခါ လင်ဖြစ်သူက ပြုံးပြီး ပြောတယ်။ "ငါက ဆရာ လာလုပ်တာ မဟုတ် ပါဘူးကွာ။

ငါ အလုပ် လုပ်နေရင် မင်းက ဘေးက နေပြီး ဘယ်လိုလုပ် ဘယ်လိုလုပ် ဆိုပြီး လာ လာ ပြောနေတော့ ငါ ဘယ်လို ခံစား ရတယ် ဆိုတာကို မင်း နားလည်အောင် လို့ လုပ်ပြ တာပါ"

မကူညီချင် နေပါ။ မနှောင့်ယှက် ပါနဲ့။ ငြိမ်းလဲ့

Zawgyi

ကိုယ္ခ်င္းစာပါ

တခါက မယား ျဖစ္သူက လင္ေယာက်္ား အတြက္ ၾကက္ဥ ေၾကာ္ေပး ေနတယ္။ ထိုအခ်ိန္မွာ လင္ျဖစ္သူ က မီးဖိုေခ်ာင္ထဲ ဝင္လာ တယ္။ "ဆီ နည္းေနတယ္ ထပ္ထည့္လိုက္ အုံး" လို႔ လင္ျဖစ္သူက ေျပာလိုက္တယ္။

မယား ျဖစ္သူက ဆီေလး နည္းနည္း ထပ္ထည့္ လိုက္တယ္။ ေနာက္ေတာ့ လင္ျဖစ္သူက ထပ္ ေျပာျပန္တယ္။ "နဲနဲ ေမႊေပး လိုက္အုံး အက်က္ ညီ သြားေအာင္" မယားက မ်က္ေစာင္း ထိုးၿပီး ျပန္ၾကည့္ ရတယ္။

လင္ ျဖစ္သူက မမႈပဲ "ဆား ထည့္ၿပီး ၿပီလား" ဆိုၿပီး ထပ္ေျပာလိုက္ ျပန္တယ္။ မယားက ေဒါသေတြ ထြက္လာတယ္။ "ရွင္ လာၿပီး ဆရာ လာ မလုပ္နဲ႔ ခု ထြက္သြား။ ကြၽန္မ ေဒါသ ထြက္လာၿပီေနာ္"

ထိုအခါ လင္ျဖစ္သူက ၿပဳံးၿပီး ေျပာတယ္။ "ငါက ဆရာ လာလုပ္တာ မဟုတ္ ပါဘူးကြာ။ ငါ အလုပ္ လုပ္ေနရင္ မင္းက ေဘးက ေနၿပီး ဘယ္လိုလုပ္ ဘယ္လိုလုပ္ ဆိုၿပီး လာ လာ ေျပာေနေတာ့ ငါ ဘယ္လို ခံစား ရတယ္ ဆိုတာကို မင္း နားလည္ေအာင္ လို႔ လုပ္ျပ တာပါ"

မကူညီခ်င္ ေနပါ။ မေႏွာင့္ယွက္ ပါနဲ႔။ ၿငိမ္းလဲ့

Post a Comment

0 Comments