နာကျင်လွန်းတဲ့ ဒဏ်ရာ

ဟိုရှေးရှေးတုန်းက တောကြီး တနေရာမှာ ကျွဲကြီး တကောင် ရှိသည်။ ထိုကျွဲကြီးသည် သူ၏ ဦးဂျိုကို သူအလွန်တရာမှ ချစ်မြတ်နိုး၏။ ထိုအခါ ကျီးကန်း ညီအကို နှစ်ကောင်သည် ထိုကျွဲကြီး၏ ဦးဂျိုကို မြင်ပြီး ကျွဲကြီးကို မေးလေသည်။

"အို မိတ်ဆွေ ကျွဲကြီး သင်၏ ဦးဂျိုကို အဘယ်ကြောင့် အလွန်တရာ ချစ်မြတ်နိုးရ ပါသနည်း" ဟု မေးလေရာ ကျွဲကြီးက ငါ၏ ခန္ဓာကိုယ် တကိုယ်လုံးမှာ အလှပဆုံး ဆိုစရာ ဒီဦးဂျို နှစ်ချောင်းပဲ ရှိတာမို့ ငါ၏ ဦးဂျိုကို အလွန်တရာပင် ချစ်မြတ်နိုး ရပါသည် တကား" ဟု ဖြေဆိုလေသည်။

ထိုအခါပင် ကျီးကန်း ညီအကိုက ကျွဲကြီးကို ထပ်မေးလေးသည်။ "အို မိတ်ဆွေ ကျွဲကြီး သင် အလွန်တရာပင် ချစ်မြတ်နိုးရသော သင့်၏ ဦးဂျိုကို ဖြတ်ရဲပါသလော" ဟု ထပ်မေးလေ ရာ ကျွဲကြီးက

"ငါငယ်စဉ် ကတည်းက ဒီဦးဂျိုနဲ့ နေလာခဲ့တာပါ အဆွေ။ ဒီဦးဂျိုကို ဖြတ်လိုက်ပါက ငါ တကယ့် ဒုက္ခနဲ့ ကြုံရတဲ့ အဖြစ်လိုမျိုး ခံစားရမှာ သေချာပါတယ် အဆွေ" ဟု ကျွဲကြီးက ဖြေလေသည်။

ထိုအခါ ကျီးကန်း ညီအကိုက ကျွဲကြီးကို ထပ်ခါထပ်ခါ အခါတရာ မက ကျွဲကြီး၏ ဦးဂျိုကို ဖြတ်လိုက်ဖို့ တိုက်တွန်းလေရာ ကျွဲကြီးလည်း ထိုကျီးကန်း ညီအကို ကို မနက်ဖြန် ဖြတ်ပေးမယ် ဟု ကတိ ပေးလိုက် လေသည်။

နောက်တနေ့မနက် မိုးလင်းတော့ ကျီးကန်းညီအကိုက ကျွဲကြီးရှိတဲ့ တောရပ်ကို ရောက်လာ လေသည်။ ထို အခါ ကျွဲကြီး ၏ အလွန်တရာပင် ချစ်မြတ်နိုးရသော ဦးဂျို နှစ်ခုစလုံး မရှိတော့ တာကို တွေ့လိုက်သောအခါ ကျွဲကြီးကို မေးလေ၏။

"အို အဆွေ ကျွဲကြီး သင် အလွန်တရာပင် နာကျင်ရ ပါသကော" ဟု မေးလေ ရာ ကျွဲကြီးက "ငါ ဒီလောက် အလွန်တရာ နာကျင်လွန်တာ ဒီတသက်မှာ ဒီတခါပဲ ခံစားဖူးပါသည် အဆွေ ကျီးကန်း" ဟု ပြောလေသည်။

ထိုအခါ ကျီးကန်းက "သိပ်မကြာခင် သင် အလွန်တရာ နာကျင်တဲ့ အနာတွေ ပျောက်သွားမှာပါ" ဟု ကျွဲကြီးကို ပြောပြီး ပျံသွားလေ၏။

၇ လ ကြာသော် ကျီးကန်းညီအကိုသည် ကျွဲကြီးရှိရာ တောကြီးသို့ တဖန် လာတွေ့လေသည်။ ထိုအခါ ကျွဲကြီးကို တွေပြီး မေးပြန်ပါသည်။ "အို အဆွေ ကျွဲကြီး သင်၏ အလွန် နာကျင်လွန်း လှတဲ့ ဒဏ်ရာတွေ သက်သာပြီလား" "သက်သာပါပြီ အဆွေကျီကန်း"

ထိုအခါ ကျီးကန်းက ကျွဲကြီးကို ပြောလေသည်။ "ဒီလိုပါပဲ အဆွေ ကျွဲကြီး တခါတလေ ဘဝမှာ အရမ်း အမြတ်တနိုးနဲ့ တန်ဖိုးထားတဲ့ အရာတွေဟာ ကိုယ့်ကို အရမ်း နာကျင်လွန်းတဲ့ ဒဏ်ရာတွေ ပေးတတ် ကြပါတယ်။ တကယ်တမ်း သူတို့ မရှိရင် တောင် ငါတို့ ဘဝ သာသာယာယာပဲ နေထိုင်သွားနိုင် ပါတယ် အဆွေ ကျွဲကြီး"

ဒီစာပိုဒ်ရဲ့ အဓိပ္ပါယ် ကတော့ ကိုယ်အလွန်တရာ ချစ်မြတ်နိုးတဲ့ အရာကပဲ ကိုယ့်ကို အလွန်တရာ နာကျင်လွန်းတဲ့ ဒဏ်ရာတွေ ပေးတတ် ကြတယ်လို့ အဓိပ္ပါယ် ရပါတယ်။ အမှန်တကယ် ကျတော့ သူတို့ မရှိရင်၊ သူတို့ကို မေ့ဖျောက် လိုက်ရင်တောင် ကိုယ့်ဘဝ သာသာယာယာ ပါပဲ။ crd

Post a Comment

0 Comments