ထွက်ပေါက်မရှိသောအခါ

တခါတုန်းက သမင်မကြီးဟာ ကိုယ်ဝန် အရင့်အမာနဲ့ မွေးခါနီး ဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာ ထိုင်ချ လိုက်တယ်။

ကလေး မွေးတော့အံ့ ဆဲဆဲ အချိန်မှာ မိုးက သည်းထန်စွာ ရွာချတယ်။ မိုးနဲ့ အတူ မုန်တိုင်းပါ ပါလာတဲ့ အတွက် ကောင်းကင် တခွင်ဟာ ကြောက်စရာ ကောင်းလောက်အောင် မဲမှောင်ပြီး လျှပ်စီးတွေ လက်နေတယ်။

မုန်တိုင်းကြောင့် မြစ်ရေပြင် ဟာလည်း တဝုန်းဝုန်းနဲ့ ကြမ်းသထက် ကြမ်း လာတယ်။ အဲ့ဒီ အချိန် မှာပဲ ယာတောထဲကို မိုးကြိုး ပစ်ချ လိုက်တဲ့ အခါ ယာတောခင်း ကြီး ဟာလည်း မီး ထလောင်တယ်။

ဒီထက် ဆိုးတာက သမင်မကြီးရဲ့ အနောက်မှာတော့ မုဆိုး တယောက်ဟာ မြှားနဲ့ ပစ်ဖို့ ချိန်ထား လိုက်ပြီ။ အရှေ့မှာလည်း ကျားတကောင်ဟာ သမင်မကြီးကို ခုန်အုပ်ဖို့ ပြင်နေပြီ။ ကဲ သမင်မကြီး ဘာလုပ်မယ် ထင်သလဲ။

အရှေ့မှာ ကျား၊ အနောက်မှာ မုဆိုး၊ တောင်မှာ မီး၊ မြောက်မှာ ရေ၊ မိုးပေါ် မော့ကြည့်ရင် လျှပ်စီး တွေနဲ့ အောက်မှာ မြေပြင်။ သမင်မကြီးဟာ လွတ်လမ်း လုံးဝ မရှိတော့တဲ့ အခါ ဘာလုပ်မယ် ထင်ကြသလဲ။

သမင်မကြီးဟာ စိတ်ကို အငြိမ်ဆုံး ထားပြီးတော့ သူမွေးရမယ့် ရင်သွေး ကိုပဲ မဖြစ် ဖြစ်အောင် မွေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။

အဲဒီ အချိန်မှာ ကျယ်လောင်စွာ မိုးချိန်း လိုက်တာ မုဆိုးဟာ ဟန်ချက် ပျက်သွား ခဲ့တယ်။ ဟန်ချက် ပျက်တော့ ပစ်လွှတ် လိုက် တဲ့ မြှားဟာ အလိုက်သင့်လေး ခုန်အုပ် နေတဲ့ ကျားကို ပစ်မိ သွားတယ်။ ဒါပေမယ့် ချက်ကောင်း ကို မထိ။

အဲ့ဒီမှာ ကျားဟာ အထိ နာသွားတဲ့ အခါ မှာတော့ မြှားရှင် မုဆိုးဘက်ကို ဦးတည် ပြေးလွှား ပြီး ခုန်အုပ် လိုက်တယ်။ မုဆိုးနဲ့ ကျားဟာ လုံးရင်း ထွေးရင်းနဲ့ မြစ်ထဲကျ သေသွားပြီး ယာတောမီး ဟာလည်း မိုးရေကြောင့် ငြိမ်းသွားတယ်။

နောက်ဆုံး မိုးစဲသွားတဲ့ အခါမှာ မြစ်ရေဟာ ပြန်လည် ငြိမ်သက် လာတယ်။ သမင်မကြီး ဟာ ရင်သွေးလေးကို အောင်မြင်စွာ မွေးလိုက် နိုင်ခဲ့တယ်။

သင်ခန်းစာ - ဘဝမှာ ထွက်ပေါက် မရှိ လောက်အောင် အခက်အခဲတွေ ပိတ်ပင် နေတဲ့ အခါ ကိုယ်လုပ်ပိုင်ခွင့် ရှိတဲ့ အလုပ် တခု ကိုသာ အကောင်းဆုံး လုပ်မြဲ ဆက်လုပ် နေသင့်ပါတယ်။ Crd

Post a Comment

0 Comments