ရိုးသားကြိုးစားဖို့ပဲ လိုတယ်

တခါတုန်းက တောရွာလေး တရွာကနေ အလွန် ရိုးသားတဲ့ လူငယ်လေးဟာ အလုပ်ရှာဖို့ မြို့ကို တက်လာ ခဲ့တယ်။ ရှာရင်း ရှာရင်းနဲ့ ကုမ္ပဏီ တခု ရှေ့မှာ လူစု လူဝေးကြီး ရှိနေတာကြောင့် မေးမိ လိုက်တယ်။ "အကိုတို့ ဒါ ဘာလုပ် နေတာလဲ ဗျ" "အေး ညီ အလုပ် လျှောက်နေကြ တာကွ။ မဟူရာ ကုမ္ပဏီ လေကွာ။ ဝန်ထမ်း အသစ် ခေါ်နေတာ"

"ဟာ ဟုတ်လား။ ညီလည်း အလုပ် ရှာဖို့ တောက တက်လာတာ အကိုရ" "အေး အေး ဒါဆို လျှောက်ပေါ့ကွ။ ဒီက လစာ ကောင်းတယ် ညီရ" "ဟုတ်ကဲ့ အကို" ဒီလိုနဲ့ အလုပ်ဝင်လျှောက် ဖိုင်တွေ ဘာတွေ ဖြည့်၊ ခဏနေတော့ လာခေါ်တယ်။ သူဌေး ကိုယ်တိုင် အင်တာဗျူး တာလေ။

"အရင်က ဘယ်မှာ လုပ်ဖူးလဲ" "မလုပ်ဖူး ပါဘူး" "အော် ဒီမှာ အတန်းပညာကို ဖြည့်ထားတာ နှစ်တန်းအောင် ဆိုတာ တကယ် လား" "ဟုတ် မိဘတွေက ဆင်းရဲလို့ ကျောင်းကို နှစ်တန်းပဲ နေဖူး ပါတယ်" သူဌေးက အထင်သေးတဲ့ မျက်လုံးနဲ့ "အေး အေး ပြန်တော့ ပြန်တော့ နောက်တယောက်" ဆိုပြီး လူငယ်လေးကို ပြန်လွှတ် လိုက်တယ်။

လူငယ်လေးလည်း စိတ်ညစ်ပြီး ပြန်ထွက်လာ ခဲ့တယ်။ မနီးမဝေးမှာ လူစုလူဝေးကို ထပ်တွေ့တယ်။ အဲလိုပဲ လူတွေ ရပ်ပြီး အလုပ် လျှောက်နေ ကြတဲ့ သူတွေ။ သူလည်း ရောပြီး အလုပ် ဝင်လျှောက် ပြန်တယ်။ အဲလိုပဲ ဖောင်ဖြည့်၊ အင်တာဗျူးတယ်။

သူဌေးက မေးတယ်။ "အရင်က လုပ်ဖူးလား" "မလုပ်ဖူး ပါဘူး" "အတန်း ပညာက ဘယ်လောက်လဲ" "ဟုတ် နှစ်တန်းပဲ တက်ဖူး ပါတယ်" သူဌေးလည်း သဘောကြ သွားတယ်။ "အေး အေး မနက်ကို အလုပ် စဆင်း" ဆိုပြီး ပြန်လွှတ်လိုက်တယ်။

အလုပ် ရပြီ။ ပျော်နေတာပေါ့ အလုပ်ရတော့။ လူငယ်လေး ပြန်သွားတော့ အတွင်းရေးမှူးက မေးတယ်။ "ဆရာ ဘာလို့ ပညာ မတတ်တဲ့ လူကို အလုပ် ခန့်လိုက်တာလဲ" တဲ့။ "အေး သူက ပညာ မတတ်ဘူး ဟုတ်တယ်။ ငါ့ကို မလိမ်ဘူးကွ ရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ ကြိုးစား ချင်စိတ် ရှိတယ်။ အလုပ်ရပြီ ဆိုတော့ သူ့မျက်နှာ မင်း မြင်လိုက် လား။ ထီ ပေါက်သလို ပျော်သွားတာ။ အေး တခါတလေ ပညာ တတ်ပြီး မဖြောင့်မတ် မတည်ကြည်ရင် ပညာတတ်ပြီး အလကား ပဲကွ"

ဒီလိုနဲ့ လူငယ်လေး အလုပ်ရ ကြိုးစားတော့ တနှစ်ပြီး တနှစ် ရာထူးတိုး နောက်ဆုံး အတွင်းရေးမှူး ရာထူး ရသွားတယ်။ သူဌေးရဲ့ အနားမှာပဲ နေပြီး အလုပ်ကို ကြိုးစားခဲ့ တယ်။ တနေ့ အလုပ်ရှင် အစည်းဝေးပွဲကြီး တပွဲ ဖိတ်လာတယ်။ သူဌေးလည်း လူငယ်လေး ကိုပါ ခေါ်ခဲ့တယ်။ အစည်းဝေး ရောက်တော့ အစည်းဝေး စတယ်။ ပြီးတော့ စကားတွေ ဘာတွေ ပြောကြရင်း ညစာ စားကြတယ်။

ဒီလိုနဲ့ မဟူရာ ကုမ္ပဏီသူဌေးက လူငယ်လေးကို မှတ်မိသွားတယ်။ "ဟာ မင်း ဟို ငါ့ဆီ အလုပ် လာလျှောက်တဲ့ နှစ်တန်းပဲ အောင်တဲ့ ကောင်လေး မဟုတ် လား" "ဟုတ်ပါတယ် ဆရာ" "ဟ မင်းက တော်လှချည် လားကွ။ ငါ့မှာတော့ကွာ ရိုးသားမယ့် လူ ငါ့အပေါ် သစ္စာ ရှိမယ့်လူ ခုထိ မရှာနိုင် သေးဘူးကွာ"

လူငယ်လေး ပြောပြလို့ သိနေတဲ့ လူငယ်လေး ရဲ့သူဌေးက "မိတ်ဆွေ ခင်ဗျားက သူ့အတန်း ပညာကိုပဲ ကြည့်ခဲ့တာကိုး။ ရိုးသားတဲ့ စိတ်ကိုမှ ခင်ဗျား မကြည့်ခဲ့တာ။ သူက လိမ်မယ်ဆို လိမ်လို့ ရသားပဲ။ ဒါပေမယ့် အမှန်အတိုင်း နှစ်တန်းပဲ တက်ဖူးတယ် လို့ ပြောခဲ့တယ်လေ"

တခါတလေ ပညာတတ် ပေမယ့် မရိုးသားရင် ပညာတတ်ပြီး အလကားပဲ။ အပေါ်ယံ ကြည့်ရုံနဲ့ လူတယောက်ရဲ့ အရည်အချင်း ကို မသိနိုင်ပါဘူး။ ကြိုးစားချင်စိတ် ရှိရင် ပညာမတတ်လည်း ထက်မြက်တယ်။ လေ့လာချင်စိတ် ရှိရင် ပညာမတတ် ပေမယ့် မြင့်မြတ်တယ်။ အော် စာလေး ဆုံးတော့ ကိုယ့်ဘဝတောင် ကိုယ် သတိရ သွားတယ်။ ငါလည်း လေးတန်းပဲ အောင်ခဲ့ တာပဲ။

စိတ်ဓါတ် မကျစေဖို့ အားဆေး တခွက် ဖြစ်ပါစေ။ Crd

Post a Comment

0 Comments