ရိုးသားမှု

တခါတုန်းက နာမည်ကြီး ပန်းရံဆရာကြီး တယောက်နှင့် သားဖြစ်သူ တို့သည် ရဲတိုက်ကို ကာရံထားသည့် အုတ်တံတိုင်း တည်ဆောက်ရာတွင် နာမည် ရလေသည်။

တနေ့တွင် အုတ်တံတိုင်း တခုကို တည်ဆောက်လေရာ နောက်ဆုံး အုတ်တချပ်စီပြီး မဆလာ ထည့်ရမည့် အချိန်တွင် မဆလာမှာ နည်းနေပြီဖြစ်သဖြင့် သားဖြစ်သူအား လိုအပ်သော မဆလာကို ထပ်ဖျော်ခိုင်း လေသည်။

ထိုအခါ သားဖြစ်သူက ပြောလိုက်သည်။ "ဒီရှိတဲ့ မဆလာနဲ့ လုပ်လိုက်ရင်လည်း ရသားပဲ ဥစ္စာ၊ ထပ်ဖော်နေဖို့ မလိုပါဘူး အဖေရာ"

အဖေဖြစ်သူက လက်ကျန် မဆလာလေးနဲ့ လုပ်လိုက်ရင် သူတို့ ဆောက်သော အုတ်တံတိုင်းမှာ ခိုင်မှာ မဟုတ်ဟု သားဖြစ်သူအား ရှင်းပြလိုက်ပြန်သည်။ သားက ထပ်ပြောလိုက် ပြန်သည်။

"အဖေကလည်း နှောက်နှစ်တွေ ကြာလာတဲ့ အခါကျရင် ဒီအုတ်တချပ်မှာ မဆလာ နည်းနေတာကို ဘယ်သူက သိမှာလဲ"

"လူနှစ်ယောက်တော့ သိလိမ့်မယ် ငါ့သား၊ သူတို့ရှက်လွန်းလို့ သေတောင် သွားနိုင်တယ်"

"အဲဒီလူနှစ်ယောက်က ဘယ်သူလဲ အဖေ"

"မင်းနဲ့ငါ ပေါ့ကွ"

သင်ခန်းစာလေး ကတော့ ဘယ်အလုပ် မဆို စေတနာထား လုပ်ပါ။ စေတနာ သည်သာ ကံတရားပါ။

ရိုးသား ကြိုးစားစွာနဲ့ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းပါ။ Crd and Phoomyatchal

Zawgyi

႐ိုးသားမႈ

တခါတုန္းက နာမည္ႀကီး ပန္းရံဆရာႀကီး တေယာက္ႏွင့္ သားျဖစ္သူ တို႔သည္ ရဲတိုက္ကို ကာရံထားသည့္ အုတ္တံတိုင္း တည္ေဆာက္ရာတြင္ နာမည္ ရေလသည္။

တေန႔တြင္ အုတ္တံတိုင္း တခုကို တည္ေဆာက္ေလရာ ေနာက္ဆုံး အုတ္တခ်ပ္စီၿပီး မဆလာ ထည့္ရမည့္ အခ်ိန္တြင္ မဆလာမွာ နည္းေနၿပီျဖစ္သျဖင့္ သားျဖစ္သူအား လိုအပ္ေသာ မဆလာကို ထပ္ေဖ်ာ္ခိုင္း ေလသည္။

ထိုအခါ သားျဖစ္သူက ေျပာလိုက္သည္။ "ဒီရွိတဲ့ မဆလာနဲ႔ လုပ္လိုက္ရင္လည္း ရသားပဲ ဥစၥာ၊ ထပ္ေဖာ္ေနဖို႔ မလိုပါဘူး အေဖရာ"

အေဖျဖစ္သူက လက္က်န္ မဆလာေလးနဲ႔ လုပ္လိုက္ရင္ သူတို႔ ေဆာက္ေသာ အုတ္တံတိုင္းမွာ ခိုင္မွာ မဟုတ္ဟု သားျဖစ္သူအား ရွင္းျပလိုက္ျပန္သည္။ သားက ထပ္ေျပာလိုက္ ျပန္သည္။

"အေဖကလည္း ေႏွာက္ႏွစ္ေတြ ၾကာလာတဲ့ အခါက်ရင္ ဒီအုတ္တခ်ပ္မွာ မဆလာ နည္းေနတာကို ဘယ္သူက သိမွာလဲ"

"လူႏွစ္ေယာက္ေတာ့ သိလိမ့္မယ္ ငါ့သား၊ သူတို႔ရွက္လြန္းလို႔ ေသေတာင္ သြားႏိုင္တယ္"

"အဲဒီလူႏွစ္ေယာက္က ဘယ္သူလဲ အေဖ"

"မင္းနဲ႔ငါ ေပါ့ကြ"

သင္ခန္းစာေလး ကေတာ့ ဘယ္အလုပ္ မဆို ေစတနာထား လုပ္ပါ။ ေစတနာသည္သာ ကံတရားပါ။ ႐ိုးသား ႀကိဳးစားစြာနဲ႔ ဘဝကို ႐ိုး႐ိုးရွင္းရွင္း ျဖတ္သန္းပါ။ Crd and Phoomyatchal

Post a Comment

0 Comments