စိတ်ကောင်းရှိသော သူခိုး

တခါတုန်းက ရွာတရွာ၌ ချမ်းသာ ကြွယ်ဝသော သူဌေး တဦး ရှိ၏။ ထိုသူဌေးကြီးမှာ သူပိုင်သော ဆန်စပါးများကို အိမ်ဘေး၌ ကျီများဖြင့် သိုလှောင် ထား၏။

တညတွင် သူခိုးများဟာ အဆိုပါ သူဌေးကြီး၏ ကျီတိုက်ကို ဖောက်ထွင်းကာ ပါလာသော လုံချည်နှင့် ဆန်စပါး များကို သိမ်းကျုံး ထည့်ယူပြီး ပြန်သွား ကြ၏။

တယောက်သော သူခိုးမှာ လက်၌ အနာရှိ၍ လုံချည်ထဲသို့ ဆန်စပါး ကျုံးထည့်စဉ် လက်မှ လက်သည်းခွံ ကျွတ်ကျ လေ၏။

ထိုအခါ သူခိုးသည် လက်မှ လက်သည်းခွံ ကျွတ်ကျ သောကြောင့် သူဌေးကြီး ချမ်းသာရာက မွဲတော့မည် ဟူ၍ စိတ်မကောင်း ဖြစ်ကာ သူ့ကို မိလိုက မိစေတော့ လက်သည်းခွံကို တွေ့အောင် ရှာမည်ဟု ဆုံးဖြတ်လိုက်၏။

သူခိုးသည် စပါးပုံထဲတွင် တညလုံး လက်သည်းခွံ ရှာဖွေ သော်လည်း အရုဏ် တက်ခါနီးအထိ မတွေ့သေးချေ။

နေဝန်းကြီး ထွက်စ အချိန်တွင် လက်သည်းခွံကို တွေ့ရှိ၍ စပါးကျီက အထွက်၌ သူခိုးအား သူဌေးကြီး၏ တပည့်များက ဖမ်းဆီးပြီး သူဌေးကြီး လက်သို့ အပ်နှံ လိုက်၏။

သူဌေးကြီးသည် သူခိုးအား "အဘယ်ကြောင့် မိုးလင်းသည် အထိ ခိုးယူရသနည်း" ဟူ၍ မေးမြန်း၏။

သူခိုးက ညဉ့်ဦးပိုင်း ကပင် ဆန်စပါး များကို သိမ်းကျုံး ယူငယ်ရာ၌ လက်သည်းခွံ ကျွတ်ကျသဖြင့် သူဌေးကြီး မမွဲစေ လိုသော စေတနာကြောင့် တညလုံး လက်သည်းခွံ ရှာဖွေနေခြင်း ဖြစ်ကြောင်း ပြန်ကြား ပြောဆိုလေ၏။

သူဌေးကြီးသည် သူခိုးပြောသော စကားကို ကြားလျှင် ဝမ်းမြောက် ဝမ်းသာဖြစ်၍ "ဤ သူခိုးကား သစ္စာရှိ သူခိုး ဖြစ်သည်၊ အချည်းနှီး မဖြစ်စေသင့်" ဟူ၍ ဆိုကာ ခြံစောင့်အလုပ် ပေးလေ၏။

ဆောင်ပုဒ် - သစ္စာတန်ခိုး မေတ္တာကျိုး တန်ဖိုး မဆုံးရာ။ Crd

Zawgyi

စိတ္ေကာင္းရွိေသာ သူခိုး

တခါတုန္းက ႐ြာတ႐ြာ၌ ခ်မ္းသာ ႂကြယ္ဝေသာ သူေဌး တဦး ရွိ၏။ ထိုသူေဌးႀကီးမွာ သူပိုင္ေသာ ဆန္စပါးမ်ားကို အိမ္ေဘး၌ က်ီမ်ားျဖင့္ သိုေလွာင္ ထား၏။ တညတြင္ သူခိုးမ်ားဟာ အဆိုပါ သူေဌးႀကီး၏ က်ီတိုက္ကို ေဖာက္ထြင္းကာ ပါလာေသာ လုံခ်ည္ႏွင့္ ဆန္စပါး မ်ားကို သိမ္းက်ဳံး ထည့္ယူၿပီး ျပန္သြား ၾက၏။

တေယာက္ေသာ သူခိုးမွာ လက္၌ အနာရွိ၍ လုံခ်ည္ထဲသို႔ ဆန္စပါး က်ဳံးထည့္စဥ္ လက္မွ လက္သည္းခြံ ကြၽတ္က် ေလ၏။ ထိုအခါ သူခိုးသည္ လက္မွ လက္သည္းခြံ ကြၽတ္က် ေသာေၾကာင့္ သူေဌးႀကီး ခ်မ္းသာရာက မြဲေတာ့မည္ ဟူ၍ စိတ္မေကာင္း ျဖစ္ကာ သူ႔ကို မိလိုက မိေစေတာ့ လက္သည္းခြံကို ေတြ႕ေအာင္ ရွာမည္ဟု ဆုံးျဖတ္လိုက္၏။

သူခိုးသည္ စပါးပုံထဲတြင္ တညလုံး လက္သည္းခြံ ရွာေဖြ ေသာ္လည္း အ႐ုဏ္ တက္ခါနီးအထိ မေတြ႕ေသးေခ်။ ေနဝန္းႀကီး ထြက္စ အခ်ိန္တြင္ လက္သည္းခြံကို ေတြ႕ရွိ၍ စပါးက်ီက အထြက္၌ သူခိုးအား သူေဌးႀကီး၏ တပည့္မ်ားက ဖမ္းဆီးၿပီး သူေဌးႀကီး လက္သို႔ အပ္ႏွံ လိုက္၏။

သူေဌးႀကီးသည္ သူခိုးအား "အဘယ္ေၾကာင့္ မိုးလင္းသည္ အထိ ခိုးယူရသနည္း" ဟူ၍ ေမးျမန္း၏။ သူခိုးက ညဥ့္ဦးပိုင္း ကပင္ ဆန္စပါး မ်ားကို သိမ္းက်ဳံး ယူငယ္ရာ၌ လက္သည္းခြံ ကြၽတ္က်သျဖင့္ သူေဌးႀကီး မမြဲေစ လိုေသာ ေစတနာေၾကာင့္ တညလုံး လက္သည္းခြံ ရွာေဖြေနျခင္း ျဖစ္ေၾကာင္း ျပန္ၾကား ေျပာဆိုေလ၏။

သူေဌးႀကီးသည္ သူခိုးေျပာေသာ စကားကို ၾကားလွ်င္ ဝမ္းေျမာက္ ဝမ္းသာျဖစ္၍ "ဤ သူခိုးကား သစၥာရွိ သူခိုး ျဖစ္သည္၊ အခ်ည္းႏွီး မျဖစ္ေစသင့္" ဟူ၍ ဆိုကာ ၿခံေစာင့္အလုပ္ ေပးေလ၏။ ေဆာင္ပုဒ္ - သစၥာတန္ခိုး ေမတၱာက်ိဳး တန္ဖိုး မဆုံးရာ။ Crd

Post a Comment

0 Comments