အမျော်အမြင်ကြီးတဲ့မိန်းမ

မင်္ဂလာဦးညမှာ ဇနီးသည် ဖြစ်သူက ခင်ပွန်းသည်နား ကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည်လူးပလူး (having sအီးx) တဲ့ အထိမ်းအမှတ် အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ်။

စိတ်ဝင်စားစရာ ကောင်းတာနဲ့ ကောင်လေးက ချက်ချင်း သဘောတူလိုက်တယ်။ ကောင်မလေးရဲ့ ချစ်စရာ အပြုအမူလေး တခုမို့လည်း ကြည်ကြည်ဖြူဖြူ ပေးခဲ့တာပေါ့။

လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့ စွဲဖို့ တောင်းတာပဲ ဖြစ်မှာပါ ဆိုပြီး ကောင်လေးက မှတ်ချက်ပြုထား တာပေါ့။ အဲ့လိုပဲ သူတို့အိမ်ထောင်သက် အနှစ်(၃၀) ကျော်သည့်တိုင် ချစ်ရည်လူးတဲ့ အခါတိုင်း အဲ့ဒီ အလေ့အကျင့်လေးကို ယူသွားဖြစ် လိုက်တယ်။

တရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေ အရမ်းမူးပြီး ပြန်လာတဲ့ ခင်ပွန်းသည်ကို တွေ့တော့ ဇနီးသည် အံ့သြသွားတယ်။ တခါမှ ဒီလို အချိန်မှာ မသောက်စဖူး ထူးခြားနေ တာပေါ့။ အိမ်ထဲ ရောက်ပြီး ခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကို ဖွင့်ပြောပြ လိုက်တယ်။

"ကိုတို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့ အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက် တယ်ကွာ။ အသက် (၅၉) နှစ်အရွယ် ရောက်ပြီဆိုတော့ အလုပ်သစ် ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။

ကုမ္ပဏီတွေ ကလည်း အလုပ်ခန့်မယ် မထင်တော့ပါဘူး မိန်းမရာ။ အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေး အဆင်မပြေ မှာစိုးတယ်ကွာ" ဆိုပြီး မျက်ရည်လေး ဝဲပြီး ဝမ်းနည်းစွာ ပြောပြနေ ရှာတယ်။

အဲဒီအခါမှာ ဇနီးဖြစ်သူက အေးဆေး တည်ငြိမ်စွာပဲ ယောကျ်ားကို နှစ်(၃၀) ကျော် သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။ စာအုပ်ထဲ မှာတော့ ကာလကြာရှည် ထားရှိလို့ ရလာတဲ့ အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာ တသန်းနီးပါး ရှိတယ်။

ယောကျာ်းဖြစ်သူ မျက်လုံး ဝိုင်းသွားတယ်။ ပြီးတော့ သူဘာမှ မပြောနိုင်သေး ခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်။ "ဒီပိုက်ဆံတွေဟာ ချစ်ရည်လူး (having sအီးx) တဲ့ အခါတိုင်း တောင်းထားတဲ့ ပိုက်ဆံတွေပါ။

အဲ့ဒီ ပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ် သုံးဆယ်ကျော် ကြာအောင် မှန်မှန် စုဆောင်းလာနိုင် ခဲ့လို့ ခုလို အများကြီး ဖြစ်လာတာပေါ့။ ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကို ရဲ့"

ယောကျာ်းဖြစ်သူ စကားမပြောနိုင် လောက်အောင် အံ့အားသင့် သွားတယ်။ နှောင်ရေး အတွက် အိုစာမင်းစာလေး မစုဆောင်းခဲ့မိ ပါလား ဆိုတဲ့ နောင်တတွေလည်း လိမ္မာ ပါးနပ်တဲ့ မိန်းမရဲ့ အမျှော်အမြင်ကြီးမှု အောက်မှာ ပျောက်သွားတယ်။

ယောကျာ်းဖြစ်သူဟာ အရမ်း ဝမ်းသာသွားပြီး အမှတ်မထင် စကားတခွန်းကို အားရပါးရ ပြောလိုက်မိတယ်။ "ဒီလိုမှန်း သိရင် ဒီလို မိန်းမမျိုး ဆယ်ယောက်လောက် ယူခဲ့ပါတယ်ကွာ" တဲ့။ ခိခိ။ Crd

Post a Comment

0 Comments