ယောက်ျားကောင်းတွေကို တန်ဖိုးထားပါ

တခါက လင်မယား နှစ်ယောက် တိရစ္ဆာန်ရုံ သွားကြတယ်။

မျောက်လှောင်အိမ် ရောက်တော့ မျောက်ထီးနဲ့ မျောက်မ ဆော့ကစား နေတာကို မြင်ပြီး မိန်းမ ဖြစ်သူက "romantic ဆန်တာပဲနော်၊ မျောက်ထီးက အရမ်း ချစ်တတ်တာပဲ"

ယောက်ျား ဖြစ်သူက ဘာမှ ပြန်မပြောဘူး။ ပြီးတော့ သူတို့ ခြင်္သေ့ လှောင်အိမ်ဖက် သွားကြတယ်။

အထဲမှာ ခြင်္သေ့အထီး အမ ၂ ကောင် ရှိပေမယ့် ခြင်္သေ့ထီးက ဒေါင့်တနေရာမှာ ခြင်္သေ့မ ရှိမှန်း မသိသလိုကို တကောင်ထဲ အေးဆေး ထိုင်နေတယ်။

ဒါမြင်တော့ မိန်းမက "စိတ်ပျက်စရာ ကောင်းလိုက်တာ" လို့ ပြောတယ်။

ယောက်ျားက "မင်း ခြင်္သေ့မကို ခဲလေးနဲ့ ပေါက်ကြည့် လိုက်ပါလား" ပြောတော့ မိန်းမဖြစ်သူ ပေါက်လိုက်တယ်။ ထိုအခါ ခြင်္သေ့ထီးက ဒေါသတကြီး ဟိန်းပြီး သူ့ခြင်္သေ့မကို ကာကွယ်ဖို့ ရောက်လာတယ်။

ယောက်ျားက "အဲ့ဒီလိုပဲ ခုနက မျောက်မ ကိုလည်း ခဲလေးနဲ့ ပေါက်ကြည့် ပါလား" ဆိုတော့ မိန်းမဖြစ်သူက မျောက်မကို ခဲနဲ့ ပေါက်လိုက်တယ်။

ထိုအခါ မျောက်ထီးက သူပါ ခဲနဲ့ အပေါက်ခံရမှာ စိုးလို့ မျောက်မကို ထားပြီး လွှတ်ရာ ကျွတ်ရာ ပြေးပုန်း ပါလေရော။ အဲဒီနောက်မှာတော့ ယောက်ျားက ပြောတယ်။

"တချို့တွေရဲ့ romantic ဆိုတာ တွေကို မြင်ပြီး မင်းတို့ အရူး မဖြစ်ကြစမ်း ပါနဲ့။ တော်တော် များများက ရင်ထဲ ဘာမှ မရှိဘဲ အရမ်း ချစ်တတ်သလို ဟန်ဆောင် နေကြတာပါ။

တချို့သူတွေ ကတော့ ဘာမှ မပြတတ် ပေမယ့် သူတို့ရင်ထဲမှာ အချစ်တွေ အပြည့် နဲ့ပါ။ ဆိုးတာ တခုက လောကမှာ မျောက်ထီးတွေက ပေါနေပြီး ခြင်္သေ့ထီးတွေက ရှားတယ်"

အနားမှာရှိတဲ့ ယောက်ျားကောင်း တွေကို တန်ဖိုးထားပေးပါ။ YeHtwe

Post a Comment

0 Comments