ရွှေဆိုတာက ရှေးခေတ်တွေကနေ ခုခေတ်တွေထိတိုင်အောင် အရမ်းကိုမြတ်နိုးပြီး တန်ဖိုးလည်း ကြီးပါတယ်။ တကယ်လို့ သင်က ရွှေဝယ်မယ်ဆိုရင် ဂျင်းထည့်မခံရအောင် အတုအစစ် ဘယ်လိုခွဲခြားရမလဲ ဆိုတာကို ပြောပြပေးပါမယ်နော်။

၁။ သံလိုက်နဲ့ စမ်းကြည့်ပါ။

ရွှေက သတ္ထုအမျိုးအစားထဲ ပါဝင်တာကြောင့် သံလိုက်မှာ မကပ်ပါဘူး။ သံလိုက်နဲ့ စမ်းမယ်ဆိုရင် အားကောင်းတဲ့ သံလိုက်နဲ့စမ်းတာ အကောင်းဆုံးပါ။ သံလိုက်ရပြီဆိုတာနဲ့ သင့်ရွှေကို သံလိုက်နား ကပ်ကြည့်လိုက်ပါ။ မကပ်ဘူးဆိုရင်တော့ သင့်ရွှေက စစ်ပါတယ်။

၂။ ရှာလကာရည်

ပထမဆုံး အဖြူရောင် ရှာလကာရည်ကို dropper ထဲကိုဖြည့်ပါ ။ပြီးတော့ သင့်ရွှေတွေကို လက်ထဲမှာ ကိုင်ထားတာပဲဖြစ်ဖြစ် အောက်ခံစက္ကူပုဝါပေါ်မှာပဲဖြစ်ဖြစ် တင်ထားလိုက်ပါ။ ရှာလကာရည် အနည်းငယ်ကို ရွှေပေါ်တင်ပါ။ အရောင်ပြောင်းရင် အတုပါ။ ရွှေရောင်ကို ထိန်းထားပြီး မပြောင်းလဲရင်တော့ ရွှေအစစ်ဖြစ်ပါတယ်။

၃။ ကြွေပန်းကန်

ဘာမှမပါတဲ့ ကြွေပန်းကန်ထဲကို ရွှေအရင်ထည့်ပါ။ ပြီးရင် အလင်းအားကောင်းတဲ့ မီးနဲ့ထိုးထားပါ။ ရွှေရဲ့ အရောင်ပြန်ဟပ်ရင် စစ်ပါတယ်။

၄။ ရေထဲ ထည့်ကြည့်ပါ။

ရေခွက် တစ်ခွက်ထဲကို ရေအပြည့်ထည့်ပြီးတော့ သင့်ရွှေကို ခွက်ထဲ ထည့်လိုက်ပါ။ အစစ်ဆိုမြုပ်ပြီးတော့ အတုဆို ပေါ်နေပါလိမ့်မယ်။ တခါတလေမှာလည်း အတုတွေက မြုပ်တတ်ပါတယ်။ ဒါကြောင့် သံချေးတက်မတက်ကို ကြည့်ပါ။ ရွှေအစစ်က ဘယ်တော့မှ သံချေးမတက်ပါဘူး။

၅။ လက်ပေါ်တင်ကြည့်ပါ။

ဒီနည်းက လက်စွပ်တွေဝယ်ရင် စမ်းကြည့်သင့်ပါတယ်။ ရွှေကို လက်ပေါ်တင်ပြီးတော့ နည်းနည်းပွတ်ကြည့်ပါ။ လက်မှာ အပြာရောင် ဒါမှမဟုတ် အစိမ်းရင့်ရောင် ပြောင်းသွားတယ် ဆိုရင်တော့ ရွှေအစစ် မဖြစ်နိုင်တော့ပါဘူး။

၆။ အက်ဆစ်နဲ့ စမ်းကြည့်ပါ။

အရင်ဆုံး ရွှေပေါ်မှာ ခြစ်ရာသေးသေးလေး လုပ်လိုက်ပါ။ ပြီးရင် နိုက်ထရစ်အက်ဆစ် အနည်းငယ်နဲ့ တို့ကြည့်လိုက်ပါ။ စိမ်းသွားတယ် ဆိုရင်တော့ ရွှေအစစ် မဟုတ်ပါဘူး။ ငွေရောင်နည်းနည်း သမ်းသွားတယ်ဆိုရင် ရွှေကအရောပါ။ ဘာအရောင်မှ မပြောင်းလဲပဲ ဒီတိုင်းဆက်ရှိနေတယ် ဆိုရင်တော့ ရွှေအစစ်ပါ။

Zombie (lovemedia)