အလှမွေးငါးလေးတွေကို ကျန်းမာအောင် ဂရုစိုက်ပေးနိုင်မယ့် နည်းလမ်း (၅) ခု

ငါးလေးတွေဆိုတာ အရမ်းနုပါတယ်။ သူတို့တွေ ကျန်းမာပြီး ရေကို ပျော်ပျော်ကြီးကူးနိုင်အောင် ဘယ်လို ဂရုစိုက်ပေးသင့်လဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ ငါးကန်

သင့်ရဲ့ ငါးကန်ကို ဘယ်နေရာမှာထားမယ်၊ ငါးကန်အတွက် နေရာဘယ်လောက်ရှိတယ် ဆိုတာကို အရင်ချိန်ညှိကြည့်ပါ။

နေရာ - နေရောင်ခြည် တိုက်ရိုက်မရသော၊ ပြင်းထန်တဲ့ အပူချိန်နှင့် ဆူညံသံတွေ၊ တုန်ခါမှုတွေနှင့် ဝေးတဲ့နေရာမှာ ထားပါ။

ကန်အရွယ်အစား - ကန်က ပိုကြီးလေ ငါးအတွက် အောက်စီဂျင်ပိုရလေပဲ ဖြစ်ပါတယ်။ ပြီးတော့ ငါးတွေလည်း ပိုပြီးများများ မွေးနိုင်ပါတယ်။

ငါးအမျိုးအစား - တချို့ငါးတွေက အုပ်စုလိုက် ရေကူးရတာကို ပျော်တတ်ကြပြီး တချို့ငါးတွေကျတော့လည်း ကိုယ်ပိုင်သီးသန့်နေရာလေး သတ်မှတ်ပြီး နေတတ်ကြပါတယ်။ ဒါကြောင့် သူတို့ ပုန်းခိုဖို့ အပင်လေးတွေ၊ ကျောက်ဆောင်လေးတွေကို ထည့်ပေးထားပါ။

၂။ ငါးတွေအဆင်ပြေမယ့် အနေအထားကို လုပ်ပေးပါ။

ငါးတွေက မျိုးစိတ်တစ်ခုနဲ့ တစ်ခု မတူညီတာကြောင့် သူတို့နေထိုင်နိုင်မယ့် ပတ်ဝန်းကျင်ကို အဆင်ပြေပြေဖြစ်အောင် လုပ်ပေးသင့်ပါတယ်။

ရေအခြေအနေ- ရေနေသတ္တဝါတွေရဲ့ အဓိက လိုအပ်ချက်က ရေပါပဲ။ ဘယ်လိုရေလဲ ဆိုတော့ တိကျသန့်စင်တဲ့ ရေဖြစ်နေဖို့ လိုပါတယ်။ ရေကို မှန်ကန်စွာ သတ်မှတ်ဖို့ dechlorinating agent နှင့် bio aquarium supplement ကို အသုံးပြုပါ။

သင့်လျော်သော pH ပမာဏ- ဒါက ဘာလဲဆိုတော့ ရေရဲ့ အချဉ်ဓာတ် ဒါမှမဟုတ် အယ်လ်ကာလီဓာတ်ရဲ့ ညွှန်ပြချက် ဖြစ်ပါတယ်။ အဆင့်ကို စမ်းသပ်ဖို့ pH kit ရှိနေဖို့တော့ လိုပါတယ်။ ရေချိုငါးတွေရဲ့ pH အဆင့်က 6.8 ကနေ 7.5 ကြားမှာ ရှိပါတယ်။ ဒါကို အမြဲတမ်း ပုံမှန်စစ်ဆေးပြီး ပြန်လည်ချိန်ညှိဖို့ လိုအပ်တဲ့ပြောင်းလဲမှုတွေ ပြုလုပ်ပါ။

အပူချိန်- အပူချိန်ပြောင်းလဲမှုတွေက ငါးတွေရဲ့အသက်ကို ထိခိုက်စေနိုင်ပါတယ်။ ရေချိုငါးတွေရဲ့ အပူချိန်က 72ºF ကနေ 82ºF အတွင်း အမြဲရှိနေဖို့ လိုအပ်ပါတယ်။ Heaterတွေက ငါးကန်အပူအချိန်ကို ထိန်းညှိပေးတာကြောင့် တစ်ခုလောက်တော့ ရှိထားသင့်ပါတယ်။

၃။ ငါးကို ဝယ်ဝယ်ပြီးချင်း တန်းမထည့်ပါနဲ့။

တချို့တွေက ငါးကို ဝယ်လာပြီးတာနဲ့ ကန်ထဲကို တန်းထည့်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမလုပ်သင့်ပါဘူး။ ငါးကို လေအိတ်ယောင်စေပြီးတော့ တဖက်စောင်းတာတွေ၊ ရေမကူးနိုင်တာတွေ ဖြစ်တတ်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ ငါးထည့်ထားတဲ့ အိတ်ကို ကန်ထဲမှာ ၁၅ မိနစ်၊ နာရီဝက်လောက် စိမ်ထားပြီးမှ ငါးကို ကန်ထဲလွှတ်သင့်ပါတယ်။

၄။ ငါးကို အချိန်မှန် အစာကျွေးပါ။

ဖိုက်တာငါးလို့ ခေါ်ကြတဲ့ betta fish တွေကို ရေတီလိုမျိုး အစာကျွေးသင့်ပြီးတော့ ရေတီမလွယ်ရင်လည်း သူနဲ့သင့်တော်တဲ့ အစာမျိုးကို ကျွေးသင့်ပါတယ်။ ဒေါင်းငါးလိုမျိုး ငါးအမျိုးအစားကြတော့ ရေညှိတို့၊ ကြာပင်တို့ လိုအပ်ပါတယ်။ အစာကတော့ ဘာပဲဖြစ်ဖြစ် ကျွေးလို့ရတယ် ဆိုပေမယ့် သူတို့နဲ့သင့်တော်မယ့် အစာကို ကျွေးတာက အကောင်းဆုံးပါပဲ။

အစာကျွေးရင် ၂ မိနစ်အတွင်း ကုန်နိုင်မယ့် ပမာဏလောက်ကိုသာ ချကျွေးသင့်ပါတယ်။ အစာစားတာများသွားရင် ငါးက ရေမကူးနိုင်ပဲ ကန်အောက်ခြေမှာ လဲနေတတ်ပါတယ်။ သင့်ကန်ကိုဆင်ပြီးတဲ့ ပထမ ၄ ပတ်ကနေ ၈ ပတ်အတွင်း အမိုးနီးယားနှင့် နိုက်ထရိတ်တွေ တိုးပွားလာခြင်းကို ရှောင်ရှားဖို့ ငါးတွေကို တစ်နေ့တစ်ကြိမ်သာ အစာကျွေးပါ။ နောက်ပိုင်းမှသာ တစ်နေ့ကို နှစ်ကြိမ် အစာကျွေးပါ။

၅။ ကန်ကို အမြဲသန့်ရှင်းနေအောင်ထားပါ။

သင့်ရဲ့ငါးကန်ကို တစ်လတစ်ကြိမ် လဲပေးပါ။ ဒီလိုရေလဲပေးတာက နိုက်ထရိတ်ပါဝင်မှုကို ဘေးကင်းတဲ့အဆင့်မှာ ထိန်းသိမ်းထားပြီး ရေကို သန့်ရှင်းစေမှာပါ။ ရေညှိတွေစုပုံခြင်းကို ဖယ်ရှားဖို့ ရေကန်ပွတ်တိုက်တဲ့ ဘရပ်ရှ် ဒါမှမဟုတ် Aquarium algae magne ကို အသုံးပြုနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments