"အဖေ သား ဆယ်တန်း ကျတယ်"
နွားစာ ကျွေးနေသော အဖေ ရုတ်တရက် တုံ့သွားသည်။ မီးဖိုချောင်ထဲ ထမင်း ချက်နေသော အမေက ကြားလိမ့်မည် မထင်။ အဖေ စကား တလုံးမှ မပြောပဲ ကျွန်တော့်ကို စူးစိုက် ကြည့်နေသည်။
"ဟိုးမှာ တွေ့လား ငါ့သား" ဆိုပြီး ဓား ၂ ချောင်းဆီ ကျွန်တော့်ကို ညွှန်ပြသည်။ (စကားလမ်း လွှဲလိုက်သည်ဟု ကျွန်တော် ထင်သည်)
"လှည်းပေါ် တင်ကွာ အဖေနဲ့ လယ်တော ခဏလိုက်ခဲ့ အင်္ကျီ ထူထူ ယူခဲ့"
နွားညို သိုးကြီး ၂ ကောင်ကို ဆွဲသွားပြီး အဖေ နွားလှည်း တပ်နေပြီ။ ကျွန်တော် အဖေ့ နောက်မှ ဝင်ထိုင် လိုက်သည်။ (အတွေးထဲ ကျောင်းများ ထုတ်လိုက်သည် ဟု ထင်ခဲ့)
လယ်တော ရောက်တော့ အဖေက ကျွန်တော့်ကို ထွန်တုံး ဆင်ပေးပြီး ထွန်ခိုင်းသည်။ ကျွန်တော် အူကြောင်ကြောင် ဖြစ်သွား တယ်။ အဖေ ငါ့ကို တကယ်များ ကျောင်းထုတ်လိုက် ပြီလား။ ကျွန်တော့်ကို တခါမှ အလုပ် မခိုင်းဘူး ခဲ့တဲ့ အဖေက ဒီလိုလုပ်တော့ အံ့သြ သွားမိ တာပေါ့။
ကျွန်တော် နွားကို ရိုက်လိုက် သည်။ လယ်ထဲကို သုံးပတ်လောက် ပတ်မိတဲ့ အချိန် ခြေဖဝါး တွေက သွေးခြေ ဥလာတယ်။ နေပူတဲ့ ဒဏ်ကြောင့် ချွေး တလုံးလုံး နဲ့ ပင်ပန်းတဲ့ ဒဏ်ကို မခံစား နိုင်တော့ဘဲ ကျွန်တော် ယိုင်ကျ သွားသည်။
"ငါ့သား အဖေတို့ မင်းလို ပညာ မသင်ခဲ့ရဘူး။ ပညာဆိုလို့ ၄ တန်းပဲ အောင်ခဲ့တာ မင်းကို ကျောင်းထားတယ် ဆိုတာ အဖေတို့လို ပင်ပန်းမှာ စိုးလို့။
ငါ့သားသမီးတွေ ငါ့လို မဖြစ်ရ လေအောင် ဆိုပြီး အဖေတို့က မင်းကို ဘော်ဒါဆောင်မှာ ကောင်းကောင်း ထားပြီး စာသင်ခိုင်း ခဲ့တာ။ အဖေတို့ မင်းဆီက ဘာမှ မျော်လင့်ချက်မရှိဘူး။
ငါ့သားသမီး တွေ ငါတို့လို ပင်ပင် ပန်းပန်းနဲ့ မလုပ်စား စေချင်လို့၊ နောင်တချိန်မှာ မင်းတို့ဘဝလေး သာယာ လှပဖို့။ (ပြောရင်းနဲ့ အဖေ့ အသံက ငိုသံ ပါသလိုလို ခံစားရသည်)
ကျွန်တော် နောင်တနဲ့ အတူ မျက်ရည်တွေ ကျလာ ခဲ့ပါသည်။ (စာမကြိုးစားခဲ့သည် များကို)
ဟိုး အဝေးက အမေ တလှုပ်လှုပ်နဲ့ ထမင်းတောင်းကို ရွက်လာတာ မြင်နေမိသည်။ Crd
0 Comments