သင့်မျက်နှာအသားအရေနဲ့ အသင့်တော်ဆုံး face mask ကို ရွေးချယ်နည်း

လေထုညစ်ညမ်းမှုနဲ့ နေရောင်ဒဏ်ကြောင့် အသားအရေ မညစ်ညမ်းအောင် maskudk ပုံမှန် သုံးပေးသင့်ပါတယ်။ မျက်နှာအတွက် mask တွေကို ကိုယ့်ရဲ့အသားအရေပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ အဲဒါမှသာ ထူးခြားသိသာတဲ့ ရလဒ်ကို ရရှိလာမှာပါ။

Mask တွေကို မသုံးခင်မှာ မိမိရဲ့ အသားအရေအမျိုးစားကို ဘယ်လိုခွဲခြားနိုင်မလဲ ဆိုတာ love media ကနေ ဖော်ပြပေးပါမယ်နော်။

Oily

အသားအရေက အဆီပြန်ပြီး အထူးသဖြင့် နှာခေါင်းနဲ့ နဖူးနေရာတွေမှာ ပိုပြီးအဆီပြန်ပါတယ်။ အဲဒါကြောင့် ချွေးပေါကလည်း ကျယ်ပါတယ်။ ဝက်ခြံနဲ့ အမည်းစက်တွေလည်း ထွက်ပါတယ်။

Dry

ခြောက်သွေ့တဲ့ အသားအရေမျိုးပါ။ အသားအရေခြောက်တာကြောင့် ယားတာ၊ အသားပက်တာမျိုးကို ကြုံရတတ်ပါတယ်။

Combination

နဖူးနဲ့ နှာခေါင်းမှာ အဆီပြန်ပြီး မေးစေ့နဲ့ ပါးနေရာတွေမှာ ခြောက်သွေ့နေတတ်တဲ့ အသားအရေပါ။

Sensitive

အသားအရေက ထိလွယ်ရှလွယ်ပါပဲ။ အသုံးပြုတဲ့ အလှကုန်ပစ္စည်းနဲ့ မတည့်ရင် လောင်တာ၊ အနီစက်တွေဖြစ်တာ၊ အနီကွက်တွေဖြစ်တာ၊ ယားယံတာတွေကို ခံစားရပါတယ်။

Normal

အသားအရေက ညီညွတ်မျှတပြီး ရေဓာတ်ပြည့်နေ တတ်ပါတယ်။

၁။ Oily skin

သင်က အသားအရေ အဆီပြန်တတ်သူဆိုရင် ချွေးပေါက်တွေကို သန့်စင်ပေးပြီး အဆီပြန်တာကို ထိန်းသိမ်းပေးတဲ့ mask မျိုးကို ရွေးချယ်သင့်ပါတယ်။ အဆီပြန်သူတွေအတွက် ရွှံ့နဲ့ မီးသွေးပါတဲ့ mask တွေက အရမ်းကောင်းပါတယ်။ ဒါ့အပြင် salicylic acid ပါဝင်တဲ့ mask မျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။

၂။ Dry skin

အသားအရေ ခြောက်သူတွေအတွက် ရေဓာတ်ဖြည့်ပေးမယ့် mask က အကောင်းဆုံးပါ။ ခရင်မ်ပုံစံ maskတွေက အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။ Antioxidant-laden plant oils နဲ့ essential lipids ပါတဲ့ maskတွေကလည်း အသားအရေ ခြောက်သွေ့တတ်သူအတွက် သင့်တော်ပါတယ်။

၃။ Combination skin

Combination skin တွေက တစ်ချိန်တည်းမှာ mask နှစ်မျိုးကို သုံးတာ ပိုပြီးကောင်းပါတယ်။ ပါးပြင်ကို ရေဓာတ်ဖြည့်တဲ့ mask သုံးပြီး မေးးရိုးတစ်လျှောက်၊ နှာခေါင်း၊ မေးစေ့နဲ့ နဖူးကိုတော့ အဆီကို ထိန်းပေးတဲ့ mask ကို သုံးပါ။ ဒါမှမဟုတ် မျက်နှာပြင်တစ်ခုလုံးကို gylcolic acid နဲ့ lactic acid ပါတဲ့ mask တွေကို အသုံးပြုပေးလို့ ရပါတယ်။

၄။ Sensitive skin

သင့်အသားအရေက အထိအခိုက်မခံဘူး ဆိုရင် ရှားစောင်းလက်ပတ် ပါဝင်တဲ့ mask က ဦးစားပေး ရွေးချယ်သင့်ပါတယ်။ Alcohol နဲ့ acids ပါတဲ့ mask တွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

၅။ Normal skin

အသားအရေတွေထဲမှာ Normal skin က အကောင်းဆုံးပါပဲ။ သင်က ပုံမှန်အသားအရေ ရှိသူဆိုရင် ဘယ် mask အမျိုးအစားကိုမဆို အသုံးပြုနိုင်ပါတယ်။ လှလှပပ Glow ဖို့ဆိုရင်ဗီတာမင် C နဲ့ E ပါဝင်တဲ့ mask ကတော့ အကောင်းဆုံးပါ။

Zombie (lovemedia)

Post a Comment

0 Comments