လွယ်လွယ်လေးနဲ့ မယုံလိုက်ပါနဲ့

တခါတုန်းက အစားကြီးတဲ့ မိချောင်းကြီး တကောင် ရှိတယ်။ မိချောင်းက သူငယ်ချင်း ဖွဲ့တယ်။ သူငယ်ချင်း ရလာတော့ သူကို ယုံကြည်အောင် လုပ်တယ်။ ကစားကြတယ်။ ပထမဆုံးက ပြေးတမ်း လိုက်တမ်း ဆော့ကြတယ်။ နောက်တခါ ကျတော့ အပင်ပေါ် တက်တိုင်း ဆော့တယ်။ နောက်ဆုံး တခါကျတော့ တူတူပုန်းတိုင်း ဆော့ကြတယ်။

ပထမရက် ကျတော့ သမင်ကလေးနဲ့ ဖားကလေးကို သူငယ်ချင်း ဖွဲ့တယ်။ ပြေးတမ်း လိုက်တမ်း ဆော့ကြ တာပေါ့။ မိချောင်းက သမင်ကို အလျော့ပေးပြီး အနိုင်ပေး လိုက်တယ်။ သမင်လေးက အရမ်း ပျော်တာပေါ့။

ဒုတိယရက် နောက်တခါ ကျတော့ အပင်ပေါ် တက်တိုင်း ဆော့တော့ ဖားကို အပင်ပေါ်ကို မြှောက်ပင့် ပေးပြီး တင်ပေးလိုက်တော့ ဖားက အနိုင် ရသွားတယ်။ ဖားလေးလည်း အရမ်း ပျော်သွားတယ်။

တတိယနေ့ တူတူ ပုန်းတမ်း ဆော့မယ်။ သမင်က ရှာရမယ့် အလှည့်။ ဖားကို မိချောင်းက အကြံပေးတယ်။ "ဖားကလေး ငါ့ပါးစပ်ထဲ ဝင်နေ၊ မင်းကို သမင်လေး မမြင်စေရဘူး စိတ်ချ"

ဖားလေးက "အင်း ကောင်းသားဘဲ၊ ဒါပေမယ့် ငါ့ကို မမြိုပါဘူးလို့ ကတိပေးရမယ်" လို့ ပြောတော့ မိချောင်းက ရယ်ပြီး "ငါက မင်းကို မမြိုပါဘူးကွာ စိတ်ချ" လို့ ပြောတယ်။ ဖားကလည်း ယုံပြီး ပါးစပ်ထဲ ဝင်နေတယ်။

သမင်လေးက ရှာတယ်။ မိချောင်းကိုပဲ တွေ့ပြီး ဖားကို ရှာမရဘူး။ ရှာတယ် ရှာတယ် မတွေ့ဘူး။ ထပ်ရှာတယ် ဘယ်မှာမှ မတွေ့ဘူး။ နောက်ဆုံး မတွေ့တဲ့ အဆုံး ပန်းပေးပြီး ဖားကို ထွက်လာ ခိုင်းတယ်။ မိချောင်းက ပါးစပ် ဟပြီး ဖားလေးကို ထွက်လာခိုင်းတယ်။ ဖားလေးက မိကျောင်းပါးစပ်ထဲက ထွက်လာတဲ့အခါ ပိုပြီး ယုံကြည် သွားကြတာပေါ့။

မိချောင်း ရှာရမယ့် အလှည့်။ ဖားလေးကို အရင်ရှာတယ်။ ပြီးမှ သမင်လေးကို ရှာတယ်။ ဖားလေး ရှာရမယ့် အလှည့်ပေါ့နော်။ ထိုအခါ မိကျောင်းက သမင်လေးကို "ငါ့ပါးစပ်ထဲ ဝင်ပုန်းပါလား၊ ခုနကလိုပေါ့" လို့ ပြောတယ်။ သမင်လေးလည်း "အင်း၊ ကောင်းသားပဲ။ မင်းငါ့ကို မမြိုဘူးလို့ ကတိပေးပါ" "အင်းပါကွာ ငါမမြိုပါဘူး။ မင်းဟာမင်းပဲ ဝင်သွားပါ" လို့ မိချောင်းက ပြောတယ်။

အဲဒါနဲ့ သမင်လေးလည်း ဝင်ရင်းဝင်ရင်းနဲ့ အစာအိမ်ထဲ ရောက်သွားတော့ အစာခြေ အက်စစ်တွေနဲ့ သမင်လေး အသက်ရှူ ကြပ်လာတယ်။ နောက်ဆုံး ထွက်သက် ရောက်တဲ့ အချိန်အထိ သမင်လေးက မိချောင်းကြီးကို ယုံကြည် နေတုန်းပဲ။

ဖားက သမင်လေးကို မတွေ့တော့ "ပန်းပေးပါပြီ ထွက်ခဲ့ပါတော့" လို့ အော်ခေါ်တယ်။ မိချောင်းကို မေးတော့ "မင်းကလည်း ငါမသိဘူး လေ။ ငါ့ပါးစပ်ထဲ ဝင်ရှာကွာ မင်းကိုငါ မမြိုပါဘူး။ မင်းဟာမင်းပဲ ဝင်သွားပါ" လို့ ပြောလိုက်တယ်။

ဖားလေးလည်း သမင်လေးလို နောက်ဆုံး ထွက်သက်အထိ မိချောင်းကြီးကို ယုံကြည် နေတုန်းပဲ။ နောက်ဆုံး သမင်လေးရော ဖားလေးပါ အစားခံ လိုက်ရတာ မသိဘူး။ မိချောင်းကြီး ကတော့ အစာဝ သွားပြီပေါ့။

ပုံပြင်လေးက ဒါလောက်ပါပဲ။ တချို့ လူတွေဟာ အဲဒီ မိချောင်းကြီးလိုပဲ ဉာဏ်များ ကြပါတယ်။ ဘယ်သူ့ကိုမှ သမင်လေးနဲ့ ဖားလေးလို အယုံ မလွယ်ကြပါနဲ့လို့ မှာကြားပါရစေ။ Crd

Post a Comment

0 Comments