အလွယ်လမ်းကို မလိုက်ပါနဲ့

တခါတုန်းက ကြွက်ကလေး တကောင်ဟာ ဆန်အပြည့် ရှိနေတဲ့ စဉ့်အိုး တလုံးထဲကို အမှတ် မထင် ပြုတ်ကျ သွားခဲ့ ပါတယ်။

ကျကျ သွားချင်း ကြွက်ကလည်း ဝမ်းသာ တာပေါ့။ ဆန်စေ့လေးတွေကို ကိုက်စားလိုက် ဗိုက်ကလေး ပွတ်လိုက်နဲ့ အကျေနပ်ကြီးကျေနပ် နေတော့တာ ပါပဲ။

သူ့လောက် လောကကြီးမှာ ပြည့်စုံတဲ့သူ မရှိတော့ဘူး လို့လည်း ဒီကြွက်ကလေး ထင်နေ မိပြီး စားလိုက် အိပ်လိုက်နဲ့ အလုပ်ကိုဖြစ်နေ တော့တာ ပါပဲ။

ဒီလိုနဲ့ ဆန်စေ့လေး တွေကို စားကောင်းကောင်းနဲ့ စားလိုက်တာ အိုးအောက်ခြေထိ ကပ်သွားပြီး ဆန်စေ့တွေ ကုန်သလောက် ရှိတော့မှ ကြွက်ကလေး လန့်သွား ပါတယ်။

ဒီ စဉ့်အိုး နက်နက်ထဲ ကနေ သူဘယ်လို ပြန်ထွက်လို့ ရနိုင်မလဲ ဆိုတာ အပူတပြင်း စဉ်းစားရင်း နောင်တတွေ တလှေကြီး ရနေ ပါတော့တယ်။

သင်ခန်းစာ။ ။ ဘဝမှာ ထောင်ချောက် တမျိုး ရှိပါတယ်။ သက်သာခြင်း ဆိုတဲ့ ထောင်ချောက်ပါ။

ကိုယ်အပင်ပန်းခံ ကြိုးစား ရုန်းကန်နိုင်တဲ့ အချိန်တွေ၊ အခြေအနေတွေမှာ (သက်သာခြင်း) ကို မရွေးချယ် မိဖို့ လိုပါတယ်။

အခက်အခဲ မရှိဘူး ဆိုတာဟာ အကြီးမားဆုံး အခက်အခဲ ပါပဲ။

ကိုယ်က ကြိုးစား ရုန်းကန်ချင်စိတ် မရှိဘူး ဆိုရင် ကိုယ့်ရည်မှန်းချက်နဲ့ မျှော်လင့်ချက် တွေကို ဖျက်ဆီး ဝါးမျို ပစ်လိုက်မဲ့ အန္တရာယ်နဲ့ အခက်အခဲ တွေက တချိန်လုံး ဝိုင်းရံ နေတာကို သတိထား ရပါမယ်။

မိမိဘဝကို လက်ရှိအတိုင်း ဆက်သွားဖို့က လွယ်ကူကောင်း လွယ်ကူ နိုင်ပါလိမ့်မယ်၊ တိုးတက်ဖို့ ကတော့ အလွန် ခက်ခဲမှာ ဖြစ်ပါတယ်။ Crd

Post a Comment

1 Comments