မိန်းမတွေကို အနိုင် မယူချင်ပါနဲ့

အို ဘုရားဆု ပန်နိုင်တဲ့ ယောက်ျား တို့ရေ မိန်းမ ဆိုတဲ့ မိခင်လောင်း တွေကို အနိုင် မယူပါနဲ့။ အားနွဲ့သူ ဆိုပြီး အနိုင်မကျင့် ကြပါနဲ့။

ယောက်ျားများနဲ့ ယှဉ်လိုက်လျှင် နိမ့်ကျတယ် ဆိုပြီး အထင်သေး စိတ်တွေ မမွေးမြူ လိုက်ပါနဲ့။

ကျွန်တော်တို့ ယောက်ျားတွေကို မွေးဖွား ပေးခဲ့တာ မိန်းမ ဆိုတဲ့ သူတို့တွေ ပါပဲ။ သန်မာ ထွားကျိုင်းတဲ့ ယောက်ျားတွေကို ဝမ်းဗိုက်ထဲ ထည့်ထား နိုင်တာလဲ မိန်းမတွေပါ။

ပညာတတ်ကြီးတွေ ဆရာဝန်ကြီးတွေ အရက်သမားက အစ သူတောင်းစားအဆုံး ဝမ်းဗိုက်ထဲမှာ နေထိုင်ခွင့် ပေးခဲ့ပြီး လအတန်ကြာသည် အထိ အင်အားကြီး စွာဖြင့် ယောက်ျားများကို လွယ်ထား နိုင်သူတွေပါ။

သင်အထင်သေး အမြင်သေးနေတဲ့ မိန်းမတွေကို ကိုယ်ချင်းစာ ကြည့်ပါ။ သူတို့ဟာ အားနွဲ့သူတွေလို့ ထင်ရပေမယ့် မေတ္တာတရားနဲ့ ပတ်သက်လျှင် အင်အားကြီးသူပါ။

ယောက်ျားတွေနဲ့ တန်းတူ အလေးပင် များကို သယ်မ နိုင်ခြင်း မရှိပေမယ့် ယောက်ျားတွေ မလုပ်နိုင်တဲ့ ကိုယ်ဝန် လွယ်ခြင်း မီးဖွားခြင်းများ သူတို့ လုပ်နိုင်ပါတယ်။

ရာဇဝင်မှာ သားသမီးနဲ့ ပတ်သက်လျှင် အချစ်ကြီး လွန်းတဲ့ မပဋာသည်လည်း မိန်းမတဦးပါပဲ။ ရင်သွေးလေး သေမယ့် အရေး သိခဲ့ သောကြောင့် မြေလူး ငိုခဲ့တဲ့နေရာ အခုထိ မြက်မပေါက် နိုင်ဘူး။

ရာဇဝင်ထဲမှာ များစွာသော မိခင်လောင်းတို့ရဲ့ အချစ်ကြီးပုံတွေ မေတ္တာကြီးမားပုံ တွေဟာ ရေး၍ပင် မကုန်နိုင် ပါဘူး။

ဆိုလိုသည်က မိန်းမဆိုတဲ့ လူထဲက လူတွေကို အားနွဲ့သူ ဆိုပြီး အနိုင်မယူစေ ဖို့ပါ။ နိမ့်ကျသူတွေ ဆိုပြီး အထင် မသေးစေ ဖို့ပါ။

သင်ချစ်သော သင့်မိခင်ပင်လျှင် အားနွဲ့တဲ့ မိန်းမတဦး ဖြစ်ပေသည်။ Crd

Post a Comment

0 Comments