တခါက ဘုရင်မင်းကြီး ကိုယ်တိုင် ပြုလုပ်တဲ့ ပရိတ်တရားပွဲ တခုမှာ ဗန်းမော်ဆရာတော်ကြီး ကိုလည်း ပင့်ဖိတ်တယ်။
သံဃာတွေ ပရိတ်ရွတ်ကြတော့ မင်းတရားကြီးက ပရိတ်အိုးတွေကို လှမ်းကြည့်နေတယ်။
ဗန်းမော်ဆရာတော် ကလည်း အောက်က မြေကြီးပေါ် ခင်းထားတဲ့ ကောဇောတွေကို လှန်ကြည့်နေတယ်။ သံဃာတွေ ပရိတ်ရွတ်လို့လည်း ပြီးရော မင်းကြီးက လျှောက်တင်တယ်။
"အရှင်ဘုရားတို့ ဘုန်းတန်ခိုး ကြီးမားတဲ့ သံဃာတွေ ပရိတ်ရွတ်ရင် ပရိတ်အိုးတွေ ပွက်ပွက် ဆူတယ် ကြားဘူးလို့ တပည့်တော် ပရိတ်အိုးတွေကို ကြည့်နေတာ ဆူလည်း မဆူပါလား ဘုရား"
ဗန်းမော်ဆရာတော်က "မှန်တယ် မင်းကြီး၊ ကျုပ်လည်း ကြားဘူးတယ်။ ဘုန်းတန်ခိုး ကြီးတဲ့ ဘုရင်တွေ ကြွလာရင် နတ်နဂါးတွေ ကတောင် အခစား ဝင်ရတယ် ဆိုပဲ။
ဒါကြောင့် မင်းကြီး ရောက်လာကတည်းက ကျုပ်ကော်ဇောတွေ လှန်ကြည့်နေတာ နဂါး မပြောနဲ့ တီကောင်တောင် မမြင်ဘူး"
ဒါကြောင့် ကိုယ်တိုင်က ဥပသကာ ဝိနည်းထဲက အနိမ့်ဆုံးဖြစ်တဲ့ ငါးပါးသီလ လေးတောင် ကျိုးပေါက် ပျက်စီးနေပြီး
"ငါတို့က ဘယ်သံဃာတော် ဘယ်ဆရာတော်မှ သွားဖူးချင် တာတို့၊ ဘယ်တန်ခိုးကြီး ဘုရားမှ ဖူးချင်တာတို့ အဲ့လို ဗုဒ္ဓဘာသာ အမည်ခံတွေဟာ မြန်မာနိုင်ငံမှာ အလွန်များပါတယ်။
ခုလို ရောဂါတွေက တမျိုး၊ နိုင်ငံရေးက တမျိုး အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ အသက်ကို ဉာဏ်စောင့်ပီး လုပ်သင့်တာ လုပ်ကြပါလို့ အကြံပြုလိုက် ပါတယ်။
ကိုးကား Ashin AwThada, Mratt Moe Lwin
Zawgyi
ငါလည္း မျမင္ဘူး
တခါက ဘုရင္မင္းႀကီး ကိုယ္တိုင္ ျပဳလုပ္တဲ့ ပရိတ္တရားပြဲ တခုမွာ ဗန္းေမာ္ဆရာေတာ္ႀကီး ကိုလည္း ပင့္ဖိတ္တယ္။ သံဃာေတြ ပရိတ္႐ြတ္ၾကေတာ့ မင္းတရားႀကီးက ပရိတ္အိုးေတြကို လွမ္းၾကည့္ေနတယ္။
ဗန္းေမာ္ဆရာေတာ္ ကလည္း ေအာက္က ေျမႀကီးေပၚ ခင္းထားတဲ့ ေကာေဇာေတြကို လွန္ၾကည့္ေနတယ္။ သံဃာေတြ ပရိတ္႐ြတ္လို႔လည္း ၿပီးေရာ မင္းႀကီးက ေလွ်ာက္တင္တယ္။
"အရွင္ဘုရားတို႔ ဘုန္းတန္ခိုး ႀကီးမားတဲ့ သံဃာေတြ ပရိတ္႐ြတ္ရင္ ပရိတ္အိုးေတြ ပြက္ပြက္ ဆူတယ္ ၾကားဘူးလို႔ တပည့္ေတာ္ ပရိတ္အိုးေတြကို ၾကည့္ေနတာ ဆူလည္း မဆူပါလား ဘုရား"
ဗန္းေမာ္ဆရာေတာ္က "မွန္တယ္ မင္းႀကီး၊ က်ဳပ္လည္း ၾကားဘူးတယ္။ ဘုန္းတန္ခိုး ႀကီးတဲ့ ဘုရင္ေတြ ႂကြလာရင္ နတ္နဂါးေတြ ကေတာင္ အခစား ဝင္ရတယ္ ဆိုပဲ။ ဒါေၾကာင့္ မင္းႀကီး ေရာက္လာကတည္းက က်ဳပ္ေကာ္ေဇာေတြ လွန္ၾကည့္ေနတာ နဂါး မေျပာနဲ႔ တီေကာင္ေတာင္ မျမင္ဘူး"
ဒါေၾကာင့္ ကိုယ္တိုင္က ဥပသကာ ဝိနည္းထဲက အနိမ့္ဆုံးျဖစ္တဲ့ ငါးပါးသီလ ေလးေတာင္ က်ိဳးေပါက္ ပ်က္စီးေနၿပီး "ငါတို႔က ဘယ္သံဃာေတာ္ ဘယ္ဆရာေတာ္မွ သြားဖူးခ်င္ တာတို႔၊ ဘယ္တန္ခိုးႀကီး ဘုရားမွ ဖူးခ်င္တာတို႔ အဲ့လို ဗုဒၶဘာသာ အမည္ခံေတြဟာ ျမန္မာႏိုင္ငံမွာ အလြန္မ်ားပါတယ္။
ခုလို ေရာဂါေတြက တမ်ိဳး၊ ႏိုင္ငံေရးက တမ်ိဳး အေျခအေနေတြ ရႈပ္ေထြးေနခ်ိန္မွာ အသက္ကို ဉာဏ္ေစာင့္ပီး လုပ္သင့္တာ လုပ္ၾကပါလို႔ အႀကံျပဳလိုက္ ပါတယ္။ ကိုးကား Ashin AwThada, Mratt Moe Lwin
0 Comments