တုံးအ လွန်းတဲ့ ဆိတ်

တခါတုန်း ကပေါ့။ ဝံပုလွေ တကောင်ဟာ တောထဲမှာ အစာ ရှာရင်း ရေတွင်း ပျက်ထဲ ပြုတ်ကျ သွားပါ တော့တယ်။

ရေတွင်းက သိပ်အနက်ကြီး မဟုတ်ပေမဲ့ ဝံပုလွေဟာ ရေတွင်း ကနေ ပြန်ထွက်ချင် ပေမဲ့ ရေတွင်း နံရံတွေက ချောနေတဲ့ အတွက် ဘယ်လိုမှ ပြန်တက်လို့ မရဘူး ဖြစ်နေတယ်။

ရေတွင်းထဲမှာ စိတ်ညစ်ညစ်နဲ့ ထိုင်နေတဲ့ အချိန်မှာပဲ ဆိတ်တကောင်ဟာ ရေရှာရင်း ရေတွင်း နှုတ်ခမ်းဝကို ရောက်လာတယ်။

ဆိတ်ဟာ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တဲ့ အခါ ဝံပုလွေကို တွေ့သွားတယ်။

တုံးအ တဲ့ ဆိတ်က ဝံပုလွေကို မေးလိုက်ပါတယ်။ "ဟယ် အဆွေ ဝံပုလွေ ရေသောက် နေတာ ပါလား။ ဒီရေတွင်းထဲက ရေက သန့်ရှင်းပြီး သောက်ရတာ အေးရဲ့လား" လို့ မေးလိုက် ပါတယ်။

အဲ့ဒီအခါ ကောက်ကျစ်တဲ့ ဝံပုလွေက ချက်ချင်း ပြန်ဖြေ ပါတယ်။

"ဟယ် အဆွေ ဒီရေတွင်းက ရေက ငါသောက်နေကျ ရေတွင်းပဲ၊ အရမ်း ကြည်လင်ပြီး အေးမြတဲ့ အပြင် ချိူတောင် ချိူသေးတယ်" ဆိုပြီး ရေတွင်းထဲ ဆင်းလာအောင် ဆွဲဆောင်ပါတော့တယ်။

ဦးနှောက် မရှိတဲ့ ဆိတ်ကလည်း ဝံပုလွေရဲ့ ပြောစကားကို တကယ် ထင်ပြီး ခုန်ချ လိုက်တဲ့ အချိန်မှာပဲ ဝံပုလွေက ဆိတ်ရဲ့ ကျောပေါ်ကနေ တဆင့် ရေတွင်း နှုတ်ခမ်းဝကို ခုန်တက်လိုက် ပါတော့တယ်။

ရေတွင်းက သိပ့်မနက်တဲ့ အတွက် ဆိတ်ရဲ့ ကျောပေါ် ကနေ ခုန်ပြီး ရေတွင်း နှုတ်ခမ်းဝကို ရောက်အောင် ခုန်တက် သွားနိုင် ခဲ့ပါတယ်။ အသုံးမကျတဲ့ ဆိတ်ကတော့ ရေတွင်းထဲမှာ ကျန်ခဲ့ ပါလေရော။

ပုံပြင်လေး ကတော့ ပြီးသွားပါပြီ။ သင်ခန်းစာ ဘယ်အရာ မဆို လွယ်လွယ်နဲ့ ယုံကြည် မလွယ်ဖို့ မက်ဆေ့ ပေးထားတဲ့ ပုံပြင်လေးပဲ ဖြစ်ပါတယ်။

အလိမ်အညာတွေ များလှတဲ့ ဒီနေ့ခေတ် ကြီးမှာ ဘယ်အရာကို မဆို မစဉ်းစား မဆင်ခြင်ပဲ မယုံမိဖို့ လိုပါတယ်။ Crd

Zawgyi

တုံးအ လြန္းတဲ့ ဆိတ္

တခါတုန္း ကေပါ့။ ဝံပုေလြ တေကာင္ဟာ ေတာထဲမွာ အစာ ရွာရင္း ေရတြင္း ပ်က္ထဲ ျပဳတ္က် သြားပါ ေတာ့တယ္။ ေရတြင္းက သိပ္အနက္ႀကီး မဟုတ္ေပမဲ့ ဝံပုေလြဟာ ေရတြင္း ကေန ျပန္ထြက္ခ်င္ ေပမဲ့ ေရတြင္း နံရံေတြက ေခ်ာေနတဲ့ အတြက္ ဘယ္လိုမွ ျပန္တက္လို႔ မရဘူး ျဖစ္ေနတယ္။

ေရတြင္းထဲမွာ စိတ္ညစ္ညစ္နဲ႔ ထိုင္ေနတဲ့ အခ်ိန္မွာပဲ ဆိတ္တေကာင္ဟာ ေရရွာရင္း ေရတြင္း ႏႈတ္ခမ္းဝကို ေရာက္လာတယ္။ ဆိတ္ဟာ ေရတြင္းထဲကို ငုံ႔ၾကည့္ လိုက္တဲ့ အခါ ဝံပုေလြကို ေတြ႕သြားတယ္။ တုံးအ တဲ့ ဆိတ္က ဝံပုေလြကို ေမးလိုက္ပါတယ္။

"ဟယ္ အေဆြ ဝံပုေလြ ေရေသာက္ ေနတာ ပါလား။ ဒီေရတြင္းထဲက ေရက သန႔္ရွင္းၿပီး ေသာက္ရတာ ေအးရဲ႕လား" လို႔ ေမးလိုက္ ပါတယ္။ အဲ့ဒီအခါ ေကာက္က်စ္တဲ့ ဝံပုေလြက ခ်က္ခ်င္း ျပန္ေျဖ ပါတယ္။ "ဟယ္ အေဆြ ဒီေရတြင္းက ေရက ငါေသာက္ေနက် ေရတြင္းပဲ၊ အရမ္း ၾကည္လင္ၿပီး ေအးျမတဲ့ အျပင္ ခ်ိဴေတာင္ ခ်ိဴေသးတယ္" ဆိုၿပီး ေရတြင္းထဲ ဆင္းလာေအာင္ ဆြဲေဆာင္ပါေတာ့တယ္။

ဦးေႏွာက္ မရွိတဲ့ ဆိတ္ကလည္း ဝံပုေလြရဲ႕ ေျပာစကားကို တကယ္ ထင္ၿပီး ခုန္ခ် လိုက္တဲ့ အခ်ိန္မွာပဲ ဝံပုေလြက ဆိတ္ရဲ႕ ေက်ာေပၚကေန တဆင့္ ေရတြင္း ႏႈတ္ခမ္းဝကို ခုန္တက္လိုက္ ပါေတာ့တယ္။ ေရတြင္းက သိပ့္မနက္တဲ့ အတြက္ ဆိတ္ရဲ႕ ေက်ာေပၚ ကေန ခုန္ၿပီး ေရတြင္း ႏႈတ္ခမ္းဝကို ေရာက္ေအာင္ ခုန္တက္ သြားႏိုင္ ခဲ့ပါတယ္။ အသုံးမက်တဲ့ ဆိတ္ကေတာ့ ေရတြင္းထဲမွာ က်န္ခဲ့ ပါေလေရာ။

ပုံျပင္ေလး ကေတာ့ ၿပီးသြားပါၿပီ။ သင္ခန္းစာ ဘယ္အရာ မဆို လြယ္လြယ္နဲ႔ ယုံၾကည္ မလြယ္ဖို႔ မက္ေဆ့ ေပးထားတဲ့ ပုံျပင္ေလးပဲ ျဖစ္ပါတယ္။ အလိမ္အညာေတြ မ်ားလွတဲ့ ဒီေန႔ေခတ္ ႀကီးမွာ ဘယ္အရာကို မဆို မစဥ္းစား မဆင္ျခင္ပဲ မယုံမိဖို႔ လိုပါတယ္။ Crd

Post a Comment

0 Comments