သင့်အိမ်က အခန်းအမျိုးမျိုးကို ပိုပြီးတောက်ပသွားစေမယ့် အရောင် (၈) မျိုး

အရောင်တွေက စိတ်ခံစားချက်တွေနဲ့ ဆက်စပ်နေပါတယ်။ အနီရောင်က အာရုံစိုက်နိုင်ဖို့ ကူညီပေးနိုင်သလို အပြာရောင်က စိတ်ကို တည်ငြိမ်စေပါတယ်။ အခန်းအမျိုးအစားတွေပေါ်မူတည်ပြီး ဆေးတွေသုတ်လိုက်တဲ့အခါ ပျော်ရွှင်မှုတွေ၊ စိတ်အေးချမ်းမှုတွေ၊ အလုပ်လုပ်ချင်စိတ်တွေ၊ အစားစားချင်စိတ်တွေ ဖြစ်လာစေပါတယ်။

၁။ မီးဖိုခန်းအတွက် အဝါရောင်

အဝါရောင်က အစားစားချင်စိတ်ကို ဖြစ်စေပါတယ်။ အဲဒါကြောင့် မီးဖိုခန်းအတွက် အသင့်တော်ဆုံး အရောင်ပါပဲ။ အဲဒါကြောင့် စားသောက်ဆိုင်တွေမှာ အဝါရောင်တွေကို အသုံးပြုကြပါတယ်။

၂။ ရုံးခန်းအတွက် အနီရောင်

ကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်အရ အနီရောင်က အလုပ်လုပ်ချင်စိတ်ကို ပိုဖြစ်စေပါတယ်။ အလုပ်လုပ်တဲ့အခန်း၊ ရုံးခန်း၊ အားကစားလုပ်တဲ့ အခန်းတွေမှာ အနီရောင်တွေနဲ့ အလှဆင်ထားရင် အလုပ်လုပ်တဲ့နှုန်းတွေ ပိုတက်လာပါတယ်။

၃။ အိပ်ခန်းအတွက် အပြာရောင်

အပြာရောင်မှာ စိတ်ကို အေးချမ်းစေတဲ့အစွမ်းသတ္တိရှိပါတယ်။ အပြာရောင်ကို ကြည့်လိုက်ရင် စိတ်က အပန်းပြေသွားပါတယ်။ နှလုံးခုန်နှုန်းကိုလည်း အပြာရောင်က တည်ငြိမ်စေပါတယ်။ အဲဒါကြောင့် အနားယူဖို့အတွက် အပြာရောင်အိပ်ခန်းက အသင့်တော်ဆုံးပါ။

၄။ အဝင်လမ်းအတွက် မီးခိုးရောင်

နာမည်ကြီးဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ ဆူဇန်ဘတ်နာလောင်းရဲ့ အဆိုအရ အဝင်လမ်း၊ လှေကားတက်တဲ့ လမ်းအတွက် မီးခိုးရောင်က အသင့်တော်ဆုံးလို့ ဖော်ပြထားပါတယ်။ မီးခိုးရောင်က တည်ငြိမ်ပြီး အလင်းရောင်ထွန်းထားရင်လည်း ကြည့်လို့လှပါတယ်။ သင့်အိမ်ကို တမူထူးခြားနေစေမယ့် အရောင်ပါပဲ။

၅။ စာလေ့လာတဲ့အခန်းအတွက် ခရမ်းဖျော့ရောင်

ခရမ်းဖျော့ရောင်က စိတ်ကူးစိတ်သန်းနဲ့ တီထွင်နိုင်မှုစွမ်းအားတွေနဲ့ ဆက်စပ်နေပါတယ်။ ခရမ်းရောင် မီးအလင်းကို ထွန်းထားရင် တရားထိုင်တဲ့စွမ်းအားက ၁၀ ဆမြင့်လာတယ်လို့ လီယိုနာဒိုဒါဗင်ချီက ယုံကြည်ပါတယ်။ လက်မှုပညာလုပ်တဲ့အခန်း၊ စက်ချုပ်တဲ့အခန်း၊ သိုးမွေးထိုးတဲ့အခန်း၊ စာလေ့လာတဲ့ အခန်းတွေကို ခရမ်းဖျော့ရောင်လေး သုတ်လိုက်ပါ။ စိတ်ဖိစီးမှဒတွေ လျော့ကျပြီး များများတီထွင်လာနိုင်မှာပါ။

၆။ ဧည့်ခန်းအတွက် လိမ္မော်ရောင်

လိမ္မော်ရောင်က စိတ်အားတက်ကြွစေပါတယ်။ နွေးထွေးမှုကိုလည်း လိမ္မော်ရောင်က ဖော်ပြပါတယ်။ အဲဒါကြောင့် ဧည့်ခန်းအတွက်ဆိုရင် လိမ္မော်ရောင်ကို ရွေးချယ်သင့်ပါတယ်။

၇။ ကလေးကစားခန်းအတွက် အစိမ်းနုရောင်

ကလေးတွေရဲ့အခန်းအတွက် အရောင်ရွေးချယ်မှုက သူတို့ရဲ့ဖွံ့ဖြိုးမှုအတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။ အဲဒါကြောင့် ကလေးတွေရဲ့ အခန်းအတွက် အစိမ်းနုရောင်ကို ရွေးချယ်သင့်ပါတယ်။ အစိမ်းနုရောင်က စိတ်တည်ငြိမ်မှုနဲ့ ကျန်းမာမှုကို ကိုယ်စားပြုပါတယ်။ ကလေးကိုလည်း ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

၈။ ဆိုင်ခန်းအတွက် ပန်းရောင်

ပန်းရောင်က မိန်းကလေးဆန်တယ် ဆိုပေမယ့် အဲဒီထက်ပိုတဲ့ အဓိပ္ပါယ်တွေ အများကြီး ရှိပါတယ်။ ပန်းရောင်က စိတ်တင်းကြပ်တာတွေကို ဖြေလျှော့ပေးပါတယ်။ အဲဒါကြောင့် အချို့ထောင်တွေမှာ နံရံတွေကို ပန်းရောင်ဆေးသုတ်ထားကြပါတယ်။ ပန်းရောင်က ကြင်နာမှုနဲ့ စာနာရိုင်းပင်းမှုကိုလည်း ကိုယ်စားပြုပါတယ်။ ရုံးခန်း၊ ဆိုင်ခန်း၊ ခန်းမစတဲ့ နေရာတွေမှာ ပန်းရောင်ကို အသုံးများကြပါတယ်။

love media

Post a Comment

0 Comments