မိဘတွေသတိမထားမိကြတဲ့ ကလေးတွေကို အန္တရာယ်ဖြစ်စေမယ့် ပြုစုစောင့်ရှောက်နည်း (၆) ခု

ဘဝတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်ဖို့အတွက် ကလေးဘဝက အရမ်းအ‌ရေးကြီးပါတယ်။ အဲဒါကြောင့် မိဘတွေကလည်း အစွမ်းကုန်ပြုစုပျိုးထောင်ကြပါတယ်။ ဒါပေမယ့် အချို့သောအရာတွေက ကလေးရဲ့ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေပါတယ်။

၁။ ကလေးလမ်းလျှောက်သင်တဲ့ဂွေဝိုင်း

ကလေးတွေကို လမ်းလျှောက်လေ့ကျင့်ပေးဖို့အတွက် ဂွေဝိုင်းလေးတွေကို အသုံးပြုကြပါတယ်။ ဂွေဝိုင်းက ကလေးမတ်တပ်ရပ်နိုင်တာ၊ လမ်းလျှောက်နိုင်တာနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိပါဘူး။ ကလေးတစ်ယောက်က လေးဘက်ထောက်သွားနိုင်ဖို့၊ မတ်တပ်ရပ်နိုင်ဖို့၊ လမ်းလျှောက်နိုင်ဖို့ သူ့ဘာသာသူ သင်ယူပါတယ်။

ဦးနှောက်ရဲ့ထိန်းချုပ်မှုနဲ့ ဟန်ချက်ညီညီ ရပ်နိုင်ဖို့ ဘယ်ခြေညာလက် လှုပ်ရှားနိုင်ဖို့ လေ့လာသင်ယူပါတယ်။ ကလေးကို ဂွေဝိုင်းထဲမှာ အချိန်ပြည့် ထည့်ထားခြင်းက ကလေးရဲ့သဘာဝအတိုင်း ဦးနှောက်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။ လမ်းလျှောက်ပုံမမှန်တာ၊ ခြေထောက်ကြွက်သားတွေ ဖွံ့ဖြိုးမှု မမှန်တာ ဖြစ်စေပါတယ်။

နောက်ပြီး လှေကားတွေ၊ အမြင့်တွေကနေလည်း ပြုတ်ကျနိုင်ပါတယ်။ အဲဒါကြောင့် ကလေးကို လမ်းလျှောက်ဂွေဝိုင်းနဲ့ လမ်းလျှောက်သင်ပေးချင်ရင် တစ်ပတ်ကို နှစ်ကြိမ်၊ တစ်ကြိမ်ကို ၁၅ မိနစ်လောက်သာ အသုံးပြုခွင့် ပေးသင့်ပါတယ်။

၂။ သစ်သီးဖျော်ရည်နဲ့ နွားနို့

အသင့်သောက် သစ်သီးဖျော်ရည်တွေမှာ ဗီတာမင်တွေ နည်းပါးပြီး သကြားဓာတ်တွေ များပါတယ်။ အဲဒါကြောင့် ကလေးမှာ သွားဘက်ဆိုင်ရာ ပြဿနာတွေနဲ့ အဝလွန်တာကို ဖြစ်စေပါတယ်။ ကလေးတွေကို သစ်သီးဖျော်ရည်တိုက်ချင်တဲ့အခါ သဘာဝအသီးကို လတ်လတ်ဆတ်ဆတ် ဖျော်တိုက်တာ အကောင်းဆုံးပါ။

မလိုင်အပြည့်ပါတဲ့နို့မှာ သံဓာတ်နည်းပါးပြီး အာဟာရတွေ အများကြီးပါပါတယ်။ ကလေးတွေအတွက် အဲဒီလောက် အာဟာရတွေ မလိုသေးတာကြောင့် နွားနို့ကို အများကြီးသောက်ရင် ကျောက်ကပ်ရောဂါတွေနဲ့ သွေးအားနည်းရောဂါကို ဖြစ်စေပါတယ်။

ကလေးကို နွားနို့တိုက်ချင်ရင် အသက် တစ်နှစ်အထက်ကိုပဲ တိုက်သင့်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၁၇ အောင်စထက် ပိုပြီးမတိုက်သင့်ပါဘူး။

၃။ အရောင်တောက်တောက် အရုပ်များ

ကလေးတွေက မူကြိုတက်တဲ့အရွယ်မှာ ပြင်ပလောကကို စူးစမ်းတတ်လာပါပြီ။ အရုပ်မှာပါတဲ့ အရောင်တွေ၊ အသံတွေကို အသေးစိတ် လေ့လာတတ်ကြပါတယ်။ ငယ်ရွယ်သေးတဲ့ ကလေးတွေကို အရောင်တောက်တဲ့ အရုပ်တွေ ပေးထားရင် ရန်လိုတဲ့စိတ်၊ ကြောက်စိတ်တွေ တိုးလာစေပါတယ်။

အဲဒါကြောင့် ကလေးတွေအတွက် သစ်သား သို့မဟုတ် ချည်သားနဲ့ လုပ်ထားတဲ့ အရုပ်လေးတွေ၊ သာမန်အရောင်ပဲရှိတဲ့ အရုပ်လေးတွေနဲ့ပဲ ကစားခိုင်းသင့်ပါတယ်။

၄။ ပူလောင်သော အဝတ်အစားများ

ငယ်ရွယ်သေးတဲ့ ကလေးတွေကို နွေးစေဖို့အတွက် ခပ်ထူထူအဝတ်အစားတွေ ဝတ်ပေးတတ်ကြပါတယ်။ ကလေးတွေမှာ ခန္ဓာကိုယ်အပူချိန် လွန်ကဲတဲ့အခါ အာရုံကြောပြဿနာတွေနဲ့ နှလုံးရောဂါကို ဖြစ်စေပါတယ်။

အရမ်းပူတဲ့ အဝတ်အစားတွေကို ကလေးတွေကို ဝတ်ထားတဲ့အခါ ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိတာ၊ ကိုယ်ခံအားနည်းတာတွေကိုပါ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်စေပါတယ်။ ကလေးတွေအတွက် လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အစားတွေကိုပဲ ဝတ်ပေးသင့်ပါတယ်။

၅။ ဖုန်းများ၊ တက်ဘလက်များ

ဖုန်းနဲ့ တက်ဘလက်တွေကနေ ထွက်တဲ့ အပြာရောင်အလင်းတွေက ကလေးတွေရဲ့ မျက်လုံးကို ထိခိုက်စေပါတယ်။ ဖုန်းကို အသုံးပြုပါများတဲ့ ကလေးတွေက လက်တွေ့လောကနဲ့ ကင်းကွာသွားတတ်ပါတယ်။

နောက်ပိုင်းမှာတော့ လူကြောက်တာ၊ စကားမပြောရဲတာ၊ ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းလာတာ၊ ဆုံးဖြတ်ချက်ချတဲ့အခါ ခက်ခဲတာ စတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တဲ့ ပြဿနာတွေကို ခံစားလာရစေပါတယ်။

၆။ ထိုင်ခုံခါးပတ်

ကိုယ်ဝန်ဆောင်မိခင်တွေက ကားမှာ ထိုင်ခုံခါးပတ်ပတ်တဲ့အခါ ဗိုက်ပေါ်မှာမပတ်ဘဲ ဗိုက်ရဲ့အထက်ပိုင်းမှာသာ ပတ်သင့်ပါတယ်။ ဗိုက်ပေါ်မှာ ထိုင်ခုံခါးပတ်ပတ်တဲ့အခါ ကလေးအပေါ်မှာ ဖိအားတွေ ဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေက မလိုအပ်ရင် ကားလည်းမမောင်းသင့်ပါဘူး။ ကားစတီယာရင်နဲ့ ဗိုက်နဲ့အရမ်းနီးကပ်နေတာကြောင့် ကလေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments