ကောင်လေးနှင့် လောကကြီး

တခါတုန်းက လူငယ်လေး တယောက်ဟာ ကောင်းကင်ကြီးကို မော့ကြည့်ပြီး စိတ်ပျက်သော အနေအထားဖြင့် ပြောနေသတဲ့။ "လောကကြီးက မကောင်းဘူးဗျာ" တဲ့။

ထိုအခါ လောကကြီးက ပြန်ပြောသတဲ့။ "မင်း လောကကြီး အတွက် ကောင်းတာ ဘယ်နှစ်ခု လုပ်ပြီးပြီလဲ" တဲ့။

လူငယ်လေးက ပြန်ပြောသတဲ့။ "လောကကြီးက မတရားဘူးဗျာ" တဲ့။ လောကကြီးက "မင်း လောကကြီး အတွက် တရားမျှတ မှုတွေ ဘယ်နှစ်ခါ ဆောင်ရွက်ခဲ့သလဲ" လို့ ပြန်ပြောသတဲ့။

လူငယ်လေးက ပြောသတဲ့။ "လောကကြီးက အရမ်း ရက်စက်တာပဲဗျာ" လောကကြီးက ပြန်ပြောသတဲ့။ "မင်း လောကကြီး အေးချမ်းအောင် ဘာတွေ လုပ်သင့်တယ် ဆိုတဲ့ အတွေးမျိုး ဘယ်နှစ်ခါ တွေးဖူးသလဲ" တဲ့။

လူငယ်လေးက ပြောသတဲ့။ "လောကကြီးကို မုန်းတယ်ဗျာ" တဲ့။ လောကကြီးက ပြန်ပြောသတဲ့ "မင်း လောကကြီးရဲ့ ချစ်ခင်မှု ရအောင် မင်းရဲ့ အပြောအဆို အပြုအမူတွေက မေတ္တာနဲ့ ဘယ်နှစ်ခါ ဆက်ဆံ ဖူးလို့လဲ" တဲ့။

လူငယ်လေးက ပြောသတဲ့။ "လောကကြီးကို စိတ်ကုန်တယ်ဗျာ" တဲ့။ လောကကြီးက ပြန်ပြောသတဲ့။ "မင်းလောက အကျိုးအတွက် ဘယ်နှစ်ခါ စိတ်ဝင်စားခဲ့ ဖူးသလဲ" တဲ့။

လူငယ်လေးက ပြောသတဲ့။ "လောကကြီးကို ဒူးနဲ့ တိုက်ချင်တယ်ဗျာ" တဲ့။ လောကကြီးက ပြန်ပြောသတဲ့။ "မင်း ငါ့ကို ဒူးနဲ့ မတိုက်ခင်ကတည်းက မင်းဘဝက ပြိုလဲနေပြီ ဆိုတာ သေချာနေပြီ" တဲ့။

တဆက်တည်း လောကကြီးက ဆက်ပြောသတဲ့။ "မင်း အလို မပြည့်တိုင်း မင်း အဆင် မပြေတိုင်း ငါ့ကို အရွဲ့ မတိုက်ပါနဲ့ကွာ။ ငါနဲ့ ဘာမှ မဆိုင်ပါဘူး။

မင်းဘဝမှာ လိုအပ်နေ သေးတဲ့ အားနည်းချက်တွေက မင်းကိုယ်တိုင် ပြည့်အောင် မဖြည့်နိုင်လို့ပဲ"

ဒါ့ကြောင့် စာချစ်သူများလည်း လောကကြီးကို ဒူးနဲ့ တိုက်ချင်ရင် ကိုယ့်ဒူးကိုလည်း အရင် ကြည့်ပါဦးနော်။

ဖန်ခါးမြေအရှင်, phoomyatchal

Zawgyi

ေကာင္ေလးနွင့္ ေလာကၾကီး

တခါတုန္းက လူငယ္ေလး တေယာက္ဟာ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ၿပီး စိတ္ပ်က္ေသာ အေနအထားျဖင့္ ေျပာေနသတဲ့။ "ေလာကႀကီးက မေကာင္းဘူးဗ်ာ" တဲ့။

ထိုအခါ ေလာကႀကီးက ျပန္ေျပာသတဲ့။ "မင္း ေလာကႀကီး အတြက္ ေကာင္းတာ ဘယ္ႏွစ္ခု လုပ္ၿပီးၿပီလဲ" တဲ့။

လူငယ္ေလးက ျပန္ေျပာသတဲ့။ "ေလာကႀကီးက မတရားဘူးဗ်ာ" တဲ့။ ေလာကႀကီးက "မင္း ေလာကႀကီး အတြက္ တရားမွ်တ မႈေတြ ဘယ္ႏွစ္ခါ ေဆာင္႐ြက္ခဲ့သလဲ" လို႔ ျပန္ေျပာသတဲ့။

လူငယ္ေလးက ေျပာသတဲ့။ "ေလာကႀကီးက အရမ္း ရက္စက္တာပဲဗ်ာ" ေလာကႀကီးက ျပန္ေျပာသတဲ့။ "မင္း ေလာကႀကီး ေအးခ်မ္းေအာင္ ဘာေတြ လုပ္သင့္တယ္ ဆိုတဲ့ အေတြးမ်ိဳး ဘယ္ႏွစ္ခါ ေတြးဖူးသလဲ" တဲ့။

လူငယ္ေလးက ေျပာသတဲ့။ "ေလာကႀကီးကို မုန္းတယ္ဗ်ာ" တဲ့။ ေလာကႀကီးက ျပန္ေျပာသတဲ့ "မင္း ေလာကႀကီးရဲ႕ ခ်စ္ခင္မႈ ရေအာင္ မင္းရဲ႕ အေျပာအဆို အျပဳအမူေတြက ေမတၱာနဲ႔ ဘယ္ႏွစ္ခါ ဆက္ဆံ ဖူးလို႔လဲ" တဲ့။

လူငယ္ေလးက ေျပာသတဲ့။ "ေလာကႀကီးကို စိတ္ကုန္တယ္ဗ်ာ" တဲ့။ ေလာကႀကီးက ျပန္ေျပာသတဲ့။ "မင္းေလာက အက်ိဳးအတြက္ ဘယ္ႏွစ္ခါ စိတ္ဝင္စားခဲ့ ဖူးသလဲ" တဲ့။

လူငယ္ေလးက ေျပာသတဲ့။ "ေလာကႀကီးကို ဒူးနဲ႔ တိုက္ခ်င္တယ္ဗ်ာ" တဲ့။ ေလာကႀကီးက ျပန္ေျပာသတဲ့။ "မင္း ငါ့ကို ဒူးနဲ႔ မတိုက္ခင္ကတည္းက မင္းဘဝက ၿပိဳလဲေနၿပီ ဆိုတာ ေသခ်ာေနၿပီ" တဲ့။

တဆက္တည္း ေလာကႀကီးက ဆက္ေျပာသတဲ့။ "မင္း အလို မျပည့္တိုင္း မင္း အဆင္ မေျပတိုင္း ငါ့ကို အ႐ြဲ႕ မတိုက္ပါနဲ႔ကြာ။ ငါနဲ႔ ဘာမွ မဆိုင္ပါဘူး။ မင္းဘဝမွာ လိုအပ္ေန ေသးတဲ့ အားနည္းခ်က္ေတြက မင္းကိုယ္တိုင္ ျပည့္ေအာင္ မျဖည့္ႏိုင္လို႔ပဲ"

ဒါ့ေၾကာင့္ စာခ်စ္သူမ်ားလည္း ေလာကႀကီးကို ဒူးနဲ႔ တိုက္ခ်င္ရင္ ကိုယ့္ဒူးကိုလည္း အရင္ ၾကည့္ပါဦးေနာ္။

ဖန္ခါးေျမအရွင္, phoomyatchal

Post a Comment

0 Comments