ဗောက်က အမျိုးသမီးရော အမျိုးသားတွေမှာပါ ဖြစ်တတ်ပါတယ်။ ဗောက်တွေဖြစ်ပြီးရင် တော်တော်နဲ့ မပျောက်လွယ်တော့ပါဘူး။ အဲဒါကြောင့် ဗောက်ပျောက်စေမယ့် အထိရောက်ဆုံး နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
ဗောက်တွေက ဆံပင်တွေကြားထဲမှာ အရမ်းထင်ရှားနေတတ်ပါတယ်။ ဗောက်တွေက အန္တရာယ် မရှိပေမယ့် ပျောက်ဖို့မလွယ်ကူပါဘူး။ ဗောက်တွေ ဖြစ်လာရင် ဦးရေပြားယားယံပြီး တစ်ခါတရံမှာ အနာတွေပါ ဖြစ်တတ်ပါတယ်။
ဗောက်ဖြစ်ရတဲ့ အကြောင်းအရင်းများ
ဆံပင်ကို ထိန်းသိမ်းတဲ့ နည်းလမ်းမှားတဲ့အခါ ဗောက်တွေဖြစ်လာပါတယ်။ နောက်တစ်ခုကတော့ ဆောင်းတွင်းမှာ ဦးရေပြားခြောက်သွေ့ရင် ဗောက်တွေဖြစ်လာတတ်ပါတယ်။
ဆံပင်ကို အချိန်ကြာကြာနေမှ လျှော်တဲ့အခါ၊ ဆံပင်ပုံသွင်းပစ္စည်းတွေ အသုံးများတဲ့အခါ၊ ခေါင်းလျှော်ရည် မပြောင်ရင် ဗောက်တွေက ဆံပင်အနှံ့မှာ ပျံ့ကြဲနေပါတယ်။ နောက်ပြီး ကိုယ်ခံအားနည်းခြင်းနဲ့ ဟော်မုန်းပြဿနာတွေ ရှိတာကလည်း ဗောက်ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။
ဗောက်တွေ ကင်းစင်စေဖို့အတွက်
- သာမန်ခေါင်းလျှော်ရည်တွေက အဆီနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။
- ဗောက်ပျောက်စေတဲ့ဆေး ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကို သုံးရင်တော့ ပိုပြီးထိရောက်ပါတယ်။ အဲဒီလို ခေါင်းလျှော်ရည်တွေမှာ zink,tar, sallicylic acid, selenium sulfide, ketoconazole တို့ပါဝင်ပါတယ်။ ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်တဲ့အခါ တစ်မျိုးတည်းမသုံးဘဲ နှစ်မျိုး၊ သုံးမျိုးခန့်ကို ပြောင်းလဲပြီး သုံးသင့်ပါတယ်။
- နောက်ထပ်တစ်မျိုးကတော့ tea tree oil ပါ။ Tea tree oil က ဗောက်ပျောက်စေတဲ့အပြင် ဦးရေပြားကိုပါ ကျန်းမာစေပါတယ်။
- ခေါင်းလျှော်တဲ့အခါ ဆားထည့်ပြီး လျှော်တာကလည်း ဗောက်ကို သိသိသာသာ နည်းသွားစေပါတယ်။
- ဆံပင်ပုံသွင်းပစ္စည်းဖြစ်တဲ့ ဂျယ်လ်တွေက အဆီထုတ်လုပ်မှုကို မြင့်စေတာကြောင့် မရွေးချယ်သင့်ပါဘူး။ ဦးရေပြားကျန်းမာနေစေဖို့ ဗီတာမင်ဘီနဲ့ ဇင့်ပါတဲ့အစားအစာတွေကို ဦးစားပေးရွေးချယ် စားသုံးပေးပါ။
- ဗောက်တွေက လနဲ့ချီပြီး အကြာကြီး ဖြစ်နေရင်၊ အနာတွေပါ ဖြစ်လာခဲ့ရင် အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Zombie (lovemedia)
0 Comments