ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်းကို သတင်းထောက်တွေက မေးခွန်းတခု မေးတယ်။ မေးခွန်းက လွယ်လွယ်လေးပါ။ တမိုင်မှာ ပေပေါင်း ဘယ်လောက် ရှိသလဲ တဲ့။ အိုင်းစတိုင်း မဖြေနိုင် ပါဘူး။
မူလတန်း ကျောင်းသားတယောက် လွယ်လွယ်ကူကူ ဖြေနိုင်တာလေး ကိုတောင် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး မဖြေနိုင်ဘူး ဆိုပြီး သတင်းထောက် တွေက သူ့ကို ဟားတိုက် လှောင်ပြောင် ကြတယ်။
အိုင်းစတိုင်းက သူတို့ကို ခုလို ပြန်ပြောလိုက် ပါတယ်။ "ဒီမေးခွန်းရဲ့ အဖြေကို ငါ မသိဘူး။ သိစရာလည်း မလိုဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအဖြေကို သင်္ချာစာအုပ်မှာ တမိနစ် အတွင်း ရှာလို့ ရတယ်။ ဒီလို လွယ်လွယ် ကူကူ ရှာလို့ရတဲ့ အကြောင်းအရာကို ငါ့ခေါင်းထဲမှာ ဘယ်တော့မှ ထည့်မထားဘူး" တဲ့။
ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံး တီထွင် ထုတ်လုပ်ခဲ့တဲ့ မီလျံနာ သူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂို ထရီဘွန်းသတင်းစာကြီးက "နလပိန်းတုံး" လို့ ရေးသား ဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲ ပါတယ်။
တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက သတင်းစာတိုက်က သတင်းထောက်တွေကို သူ့ကို "နလပိန်းတုံး ဘာမှ မသိသူ" လို့ ရေးသား ဖေါ်ပြခဲ့တာ မှန်ကန်ကြောင်းကို သက်သေ ပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။
"အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ဗိုလ်ချုပ်ကြီးဟာ ဘယ်သူလဲ" "အမေရိကန် ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင် ဖြစ်ပွားခဲ့သလဲ" စတာတွေပါ။ သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဘူးလို့ အဲဒီ မေးခွန်းတွေကို မဖြေနိုင်ပါဘူး။
သတင်းထောက်တွေ ကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။ သူတို့ မေးခွန်းတွေကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက် ပါတယ်။
"မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါ မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီ မေးခွန်းတွေကို ၂ မိနစ် အတွင်း ဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီ အဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ်" တဲ့။
အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ် တို့ဟာ အထွေထွေ ဗဟုသုတ သတင်း အချက်အလက်တွေကို ခေါင်းထဲ ထည့်ထားဖို့ စိတ်မဝင်စား ကြပါဘူး။ သူတို့ စိတ်ဝင်စား ကြတာက သတင်းအချက်အလက် တွေကို ဘယ်လို အသုံးချမလဲ ဆိုတာပါ။
ဒီအဖြစ်အပျက် နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခု ပေးခဲ့ပါတယ်။ အဲဒါတွေက (၁) ဦးနှောက် ဆိုတာ အချက်အလက်တွေကို သိုမှီး သိမ်းဆည်းထားရမယ့် နေရာ မဟုတ်ပါ။ စဉ်းစား တွေးတေ ာအကြံထုတ်ရမယ့် နေရာပါ။
(၂) စာအုပ်ထဲမှာ လွယ်လွယ်ကူကူ ရှာလို့ ရတဲ့ အချက်အလက် တွေကို ခေါင်းထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာ များလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ် တော့ပါဘူး။ Crd ဗန်းမော်သိန်းဖေ
0 Comments