လူသန့်ဖို့က ဒုတိယ၊ စိတ်သန့်ရမှာ ပထမ
အလုပ်ရှင်က အလုပ်လျှောက်သူကို အင်တာဗျူးမှာ သူ့ ကုမ္ပဏီ စည်းကမ်းကို ပြောပြပြီး မေးခွန်း ထုတ်ပါတယ်။
"တို့ကုမ္ပဏီမှာ အလုပ်ခန့်ဖို့က အဓိက စံ သတ်မှတ်ချက် နှစ်ခုနဲ့ စိစစ်တယ်။
အဲဒီထဲက ဒုတိယ အချက် ကတော့ သန့်သန့် ရှင်းရှင်း နေထိုင် တတ်မှုပဲ။
ဒါထက် မင်း ဒီအခန်း ထဲကို ဝင်လာချိန်မှာ တံခါးနားမှာ ချထားတဲ့ ခြေသုတ်ဖုံမှာ မင်းခြေထောက်ကို အသေအချာ သုတ်ပြီးမှ ဝင်တာ ဟုတ်ရဲ့လား"
ထိုအခါ အလုပ် လျှောက်ထားသူက
"သုတ်ပါတယ် ဆရာ၊ အသေ အချာ သုတ်ပြီးမှ ဝင်လာခဲ့ တာပါ" လို့ တိတိ ကျကျ ဖြေလိုက် ပါသတဲ့။
ဒီတော့ အလုပ်ရှင်က "အေး ကောင်းပြီ။ ငါတို့ရဲ့ အရေးကြီးဆုံး ပထမစံ သတ်မှတ်ချက် ကတော့ ရိုးသား ဖြောင့်မှန်မှုပဲ။
မင်းကို ပြောရ ဦးမယ်။ ငါတို့ တံခါးဝမှာ ဘာခြေသုတ်ဖုံမှ မထားဘူးကွ" လို့ ဆိုလိုက် ပါသတဲ့။
ဥပဒေသ ။ ။ တခါတရံ၌ ဘဝတွင် အရေးမကြီးလှဟု ထင်ရသော မုသား အသေး အဖွဲကြောင့် ကြီးမားသော ထိခိုက် ဆုံးရှုံးမှု ကြုံရတတ် ပါသည်။ အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင် ကြပါစေ။ Ye Nay Naing (ရီနေနိုင်)
Zawgyi
လူသန႔္ဖို႔က ဒုတိယ၊ စိတ္သန႔္ရမွာ ပထမ
အလုပ္ရွင္က အလုပ္ေလွ်ာက္သူကို အင္တာဗ်ဴးမွာ သူ႔ ကုမၸဏီ စည္းကမ္းကို ေျပာျပၿပီး ေမးခြန္း ထုတ္ပါတယ္။
"တို႔ကုမၸဏီမွာ အလုပ္ခန႔္ဖို႔က အဓိက စံ သတ္မွတ္ခ်က္ ႏွစ္ခုနဲ႔ စိစစ္တယ္။ အဲဒီထဲက ဒုတိယ အခ်က္ ကေတာ့ သန႔္သန႔္ ရွင္းရွင္း ေနထိုင္ တတ္မႈပဲ။
ဒါထက္ မင္း ဒီအခန္း ထဲကို ဝင္လာခ်ိန္မွာ တံခါးနားမွာ ခ်ထားတဲ့ ေျခသုတ္ဖုံမွာ မင္းေျခေထာက္ကို အေသအခ်ာ သုတ္ၿပီးမွ ဝင္တာ ဟုတ္ရဲ႕လား"
ထိုအခါ အလုပ္ ေလွ်ာက္ထားသူက "သုတ္ပါတယ္ ဆရာ၊ အေသ အခ်ာ သုတ္ၿပီးမွ ဝင္လာခဲ့ တာပါ" လို႔ တိတိ က်က် ေျဖလိုက္ ပါသတဲ့။
ဒီေတာ့ အလုပ္ရွင္က "ေအး ေကာင္းၿပီ။ ငါတို႔ရဲ႕ အေရးႀကီးဆုံး ပထမစံ သတ္မွတ္ခ်က္ ကေတာ့ ႐ိုးသား ေျဖာင့္မွန္မႈပဲ။ မင္းကို ေျပာရ ဦးမယ္။ ငါတို႔ တံခါးဝမွာ ဘာေျခသုတ္ဖုံမွ မထားဘူးကြ" လို႔ ဆိုလိုက္ ပါသတဲ့။
ဥပေဒသ ။ ။ တခါတရံ၌ ဘဝတြင္ အေရးမႀကီးလွဟု ထင္ရေသာ မုသား အေသး အဖြဲေၾကာင့္ ႀကီးမားေသာ ထိခိုက္ ဆုံးရႈံးမႈ ႀကဳံရတတ္ ပါသည္။ အၿပဳံးျဖင့္ စီမံ၊ အၿပဳံးျဖင့္ နာခံႏိုင္ ၾကပါေစ။ Ye Nay Naing (ရီေနႏိုင္)
0 Comments