တခါတုန်းက ကျားသစ်တကောင်ဟာ လှပတဲ့ အစက်အပြောက်တွေနဲ့ အမွေးတွေကို ပိုင်ဆိုင်ထားတဲ့ သူ့ကိုယ်သူ ချီးကျူးနေတာကို မြေခွေးတကောင်က နားစွန်နားဖျား ကြားလိုက်မိတယ်။
ထိုအခါ မြေခွေးက ကျားသစ်ကို ပြောလိုက်တယ်။
"သင်ဟာ လှကောင်း လှနေပေ လိမ့်မည်။ သို့သော် သင့်ရဲ့ အလှက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အလှသာ ဖြစ်တယ်။ ကျွန်ုပ်ရဲ့ အလှက စိတ်ပိုင်းဆိုင်ရာ အလှဖြစ်တယ်" ဟု မြေခွေးက ကျားသစ်ကို ပြောကြားလိုက် ပါတယ်။
ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာလည်း လူတချို့ဟာ သူတို့ကို လှတယ်ဟု ပြောလာအောင် တခုခု လုပ်ဆောင်ပြီး မသိမသာ ဟန်အမူအရာဖြင့် ပြတတ်လေ့ ရှိကြပါတယ်။ ကိုယ့်ကို လှတယ်လို့ ပြောလာအောင် မသိမသာ အမူအရာ ပြတတ်ကြ ပါတယ်။
တချို့က အပြင်ပန်း အလှကို ကြည့်၍ ပေါင်းသင်းကြတယ်။ လှ မလှ ဆုံးဖြတ်တတ် ကြတယ်။ ရုပ်လှပမှုကို ကြည့်ပြီး ပေါင်းသင်း ဆက်ဆံ တတ်ကြ ပါတယ်။
အဲလို အပြင်ပန်း လှပမှုကို ကြည့်၍ ပေါင်းသင်းဆက်ဆံ တတ်ကြတဲ့ လူတချို့ဟာ မိမိလည်း ပြင်ပလှ အောင် တန်းတူ ဖြစ်လာအောင် ပြုလုပ်ရင်းနဲ့ ငွေကြေး ကုန်ကျမှုတွေ များလာတတ် ပါတယ်။
ပစ္စည်းတွေ အသစ်အဆန်း ထွက်လေ မိမိမှာ ပိုပြီး လိုချင် တောင့်တ လေသာ ဖြစ်တတ်ကြ ပါတယ်။
အပြင်ပန်း လှပမှုဟာ အချိန် ခဏတာ အတွင်းမှာသာ လှပနေမှာ ဖြစ်ပါတယ်။ အတွင်းစိတ် လှပမှုကသာ ဘဝတလျောက်လုံးမှာ တန်ဖိုး ရှိနေမှာ ဖြစ်ပါတယ်။
ဘယ်လောက်ပဲ အရုပ်ဆိုးနေသူ ဖြစ်ပါစေ အတွင်း စိတ်နှလုံးသား လှပသူ တယောက်အတွက် နေရာကောင်း၊ မိတ်ဆွေကောင်းတွေ မရှားပါဘူး။
ဒါ့ကြောင့် အပြင်ပန်း လှပမှုထက် အတွင်း စိတ်နှလုံးသား လှပအောင် ပြုမူ ပြောဆို နေထိုင်သင့်ပါတယ်။ စိတ်နှလုံးသား လှပသော လူကောင်း လူမွန်များ ဖြစ်ကြပါစေ။ crd
Zawgyi
လွပမႈ
တခါတုန္းက က်ားသစ္တေကာင္ဟာ လွပတဲ့ အစက္အေျပာက္ေတြနဲ႔ အေမြးေတြကို ပိုင္ဆိုင္ထားတဲ့ သူ႔ကိုယ္သူ ခ်ီးက်ဴးေနတာကို ေျမေခြးတေကာင္က နားစြန္နားဖ်ား ၾကားလိုက္မိတယ္။ ထိုအခါ ေျမေခြးက က်ားသစ္ကို ေျပာလိုက္တယ္။
"သင္ဟာ လွေကာင္း လွေနေပ လိမ့္မည္။ သို႔ေသာ္ သင့္ရဲ႕ အလွက ခႏၶာကိုယ္ ႐ုပ္ပိုင္းဆိုင္ရာ အလွသာ ျဖစ္တယ္။ ကြၽႏ္ုပ္ရဲ႕ အလွက စိတ္ပိုင္းဆိုင္ရာ အလွျဖစ္တယ္" ဟု ေျမေခြးက က်ားသစ္ကို ေျပာၾကားလိုက္ ပါတယ္။
ကြၽန္ေတာ္တို႔ လူ႔ပတ္ဝန္းက်င္မွာလည္း လူတခ်ိဳ႕ဟာ သူတို႔ကို လွတယ္ဟု ေျပာလာေအာင္ တခုခု လုပ္ေဆာင္ၿပီး မသိမသာ ဟန္အမူအရာျဖင့္ ျပတတ္ေလ့ ရွိၾကပါတယ္။ ကိုယ့္ကို လွတယ္လို့ ေျပာလာေအာင္ မသိမသာ အမူအရာ ျပတတ္ၾက ပါတယ္။
တခ်ိဳ့က အျပင္ပန္း အလွကို ၾကည့္၍ ေပါင္းသင္းၾကတယ္။ လွ မလွ ဆုံးျဖတ္တတ္ ၾကတယ္။ ႐ုပ္လွပမႈကို ၾကည့္ၿပီး ေပါင္းသင္း ဆက္ဆံ တတ္ၾက ပါတယ္။
အဲလို အျပင္ပန္း လွပမႈကို ၾကည့္၍ ေပါင္းသင္းဆက္ဆံ တတ္ၾကတဲ့ လူတခ်ိဳ႕ဟာ မိမိလည္း ျပင္ပလွ ေအာင္ တန္းတူ ျဖစ္လာေအာင္ ျပဳလုပ္ရင္းနဲ႔ ေငြေၾကး ကုန္က်မႈေတြ မ်ားလာတတ္ ပါတယ္။ ပစၥည္းေတြ အသစ္အဆန္း ထြက္ေလ မိမိမွာ ပိုၿပီး လိုခ်င္ ေတာင့္တ ေလသာ ျဖစ္တတ္ၾက ပါတယ္။
အျပင္ပန္း လွပမႈဟာ အခ်ိန္ ခဏတာ အတြင္းမွာသာ လွပေနမွာ ျဖစ္ပါတယ္။ အတြင္းစိတ္ လွပမႈကသာ ဘဝတေလ်ာက္လံုးမွာ တန္ဖိုး ရွိေနမွာ ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ အ႐ုပ္ဆိုးေနသူ ျဖစ္ပါေစ အတြင္း စိတ္ႏွလုံးသား လွပသူ တေယာက္အတြက္ ေနရာေကာင္း၊ မိတ္ေဆြေကာင္းေတြ မရွားပါဘူး။
ဒါ့ေၾကာင့္ အျပင္ပန္း လွပမႈထက္ အတြင္း စိတ္ႏွလုံးသား လွပေအာင္ ျပဳမူ ေျပာဆို ေနထိုင္သင့္ပါတယ္။ စိတ္ႏွလုံးသား လွပေသာ လူေကာင္း လူမြန္မ်ား ျဖစ္ၾကပါေစ။
crd
0 Comments