ဘဝကို ဝါးပင်တွေလို ရှင်သန်ပါ

ဝါးပင် တပင်က မြေကြီးထဲနေ အပြင်ကို တိုးထွက်ဖို့ အတွက်အချိန် ၄ နှစ် ဝန်းကျင်လောက် ကြာပါတယ်။

အဲဒီ ၄ နှစ် အတွင်းမှာ မာကြောတဲ့ မြေအစိုင်အခဲ တွေကို တဖြေးဖြေး ကြိုးစားပြီး ထိုးဖောက် ရတာပါ။

ဒါပေမဲ့ မြေကြီးပေါ်ကို ထိုးထွက် လာပြီဆိုတာနဲ့ ၇ ပတ်လောက် အတွင်းမှာပဲ ၁၆ မီတာ လောက် အမြင့်ထိကို တရှိန်ထိုး မြင့်တက် သွားပါတယ်။

အပေါ်ကို ရောက်ဖို့အတွက် အချိန် ၅ နှစ်လောက် ကြာနေတာက အမြင့်ကြီးကို တက်မှာ ဖြစ်တဲ့ အတွက် လဲမကျ သွားအောင် ထိန်းဖို့အတွက် အောက်ခြေမှာ အခြေခိုင်ဖို့ အမြစ်တွေကို ပွါးနေရလို့ ပါ။

ကျွန်တော်တိုရဲ့ ဘဝမှာလည်း အချိန်တွေသာ ကြာလာတယ် ကိုယ်လုပ်သမျှ အကျိုးရလာဒ် မမြင်ရတဲ့ အချိန်တွေ၊ ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ ထင်တဲ့ ချိန်တွေမှာ ဝါးပင်လေးကို သတိရစေချင် ပါတယ်။

ဒါကြောင့် စာဖက်မိတ်ဆွေကို အားပေးချင်တာ ကတော့ ကိုယ့်ရဲ့ အောင်မြင်မှု လမ်းမပေါ် ရောက်ဖို့ အတွက် အချိန်က ၅ နှစ်၊ ၆ နှစ် လောက်လည်း ကြာချင် ကြာနိုင်ပါတယ်။

အဲဒီအတွင်းမှာ လုံးဝ စိတ်ဓာတ် မကျပါနဲ့။ အစိုင်အခဲ ဆိုတဲ့ အခက်အခဲကို သတ္တိရှိရှိနဲ့ ရင်ဆိုင် ဖြိုခွင်းပါ။

အမြင့်ကို ရောက်လာတဲ့ အခါ ပြန်မလဲဖို့ အတွက် အမြစ် ဆိုတဲ့ အသိညာ၊ အတက်ပညာ တွေကို အမြဲမပျက် ကြိုးစား ကုတ်ယူပါ။

အောင်မြင်မှု လမ်းမ ဆိုတဲ့ မြေကြီး အပေါ်ကို ထွက်လာပြီ ဆိုတာနဲ့ အမြင့်ကြီးကို တရှိန်ထိုး မြင့်တက်လာမယ် ဆိုတဲ့ စိတ်လေးမွေးပြီး ကြိုးစားကြပါ။

အားလုံးပဲ အနာဂတ်မှာ အောင်မြင် ကြီးပွါး တိုးတက် ကြပါစေ။ Crd

Zawgyi

ဘဝကို ဝါးပင္ေတြလို ရွင္သန္ပါ

ဝါးပင္ တပင္က ေျမႀကီးထဲေန အျပင္ကို တိုးထြက္ဖို႔ အတြက္အခ်ိန္ ၄ ႏွစ္ ဝန္းက်င္ေလာက္ ၾကာပါတယ္။ အဲဒီ ၄ ႏွစ္ အတြင္းမွာ မာေၾကာတဲ့ ေျမအစိုင္အခဲ ေတြကို တေျဖးေျဖး ႀကိဳးစားၿပီး ထိုးေဖာက္ ရတာပါ။ ဒါေပမဲ့ ေျမႀကီးေပၚကို ထိုးထြက္ လာၿပီဆိုတာနဲ႔ ၇ ပတ္ေလာက္ အတြင္းမွာပဲ ၁၆ မီတာ ေလာက္ အျမင့္ထိကို တရွိန္ထိုး ျမင့္တက္ သြားပါတယ္။

အေပၚကို ေရာက္ဖို႔အတြက္ အခ်ိန္ ၅ ႏွစ္ေလာက္ ၾကာေနတာက အျမင့္ႀကီးကို တက္မွာ ျဖစ္တဲ့ အတြက္ လဲမက် သြားေအာင္ ထိန္းဖို႔အတြက္ ေအာက္ေျခမွာ အေျခခိုင္ဖို႔ အျမစ္ေတြကို ပြါးေနရလို႔ ပါ။

ကြၽန္ေတာ္တိုရဲ႕ ဘဝမွာလည္း အခ်ိန္ေတြသာ ၾကာလာတယ္ ကိုယ္လုပ္သမွ် အက်ိဳးရလာဒ္ မျမင္ရတဲ့ အခ်ိန္ေတြ၊ ကိုယ္ႀကိဳးစားသေလာက္ အရာမထင္ဘူးလို႔ ထင္တဲ့ ခ်ိန္ေတြမွာ ဝါးပင္ေလးကို သတိရေစခ်င္ ပါတယ္။

ဒါေၾကာင့္ စာဖက္မိတ္ေဆြကို အားေပးခ်င္တာ ကေတာ့ ကိုယ့္ရဲ႕ ေအာင္ျမင္မႈ လမ္းမေပၚ ေရာက္ဖို႔ အတြက္ အခ်ိန္က ၅ ႏွစ္၊ ၆ ႏွစ္ ေလာက္လည္း ၾကာခ်င္ ၾကာႏိုင္ပါတယ္။ အဲဒီအတြင္းမွာ လုံးဝ စိတ္ဓာတ္ မက်ပါနဲ႔။ အစိုင္အခဲ ဆိုတဲ့ အခက္အခဲကို သတၱိရွိရွိနဲ႔ ရင္ဆိုင္ ၿဖိဳခြင္းပါ။

အျမင့္ကို ေရာက္လာတဲ့ အခါ ျပန္မလဲဖို႔ အတြက္ အျမစ္ ဆိုတဲ့ အသိညာ၊ အတက္ပညာ ေတြကို အၿမဲမပ်က္ ႀကိဳးစား ကုတ္ယူပါ။ ေအာင္ျမင္မႈ လမ္းမ ဆိုတဲ့ ေျမႀကီး အေပၚကို ထြက္လာၿပီ ဆိုတာနဲ႔ အျမင့္ႀကီးကို တရွိန္ထိုး ျမင့္တက္လာမယ္ ဆိုတဲ့ စိတ္ေလးေမြးၿပီး ႀကိဳးစားၾကပါ။ အားလုံးပဲ အနာဂတ္မွာ ေအာင္ျမင္ ႀကီးပြါး တိုးတက္ ၾကပါေစ။ Crd

Post a Comment

0 Comments