တခါတုန်းက ဆင်းရဲတဲ့ လင်မယား ၂ ယောက်မှာ စာတော်တဲ့ သမီးလေး ရှိတယ်။ တနေ့ သမီးလေးဟာ အတန်းတင် စာမေးပွဲမှာ ပထမ ရတယ်။ အဖေဟာ ဝမ်းသာလွန်း လို့ လိုချင်တာ ဝယ်ပေးမယ် ပြောတယ်။
သမီးလေးဟာ သိပ်လိုချင် ခဲ့ပေမဲ့ အဖေမှာ ပိုက်ဆံ မရှိမှန်း သိလို့ မပူဆာ ခဲ့တဲ့ အဝတ်အစား တစုံကို လိုချင်တယ်လို့ ပြောလိုက်တယ်။
နောက်တနေ့မှာ အဖေဟာ သမီးလေး လိုချင်တဲ့ အဝတ် တစုံကို ပေးလိုက်တယ်။ သမီးလေးဟာ ဝတ်ကြည့်ပြီး မှန်ရှေ့မှာ ပျော်လို့၊ အဖေ ကလည်း သမီးလေးကို ကြည့်ပြီး ပျော်လွန်းလို့ မျက်ရည် စို့နေ ရှာတယ်။
မပျော်နိုင်သူက အမေပါ။ ညရောက်တော့ အမေက သူ့ယောက်ျားကို မေးတယ်။ ပိုက်ဆံ ဘယ်က ရသလဲပေါ့။ "ဆေးရုံ တခုမှာ ငါ့ သွေးဖောက် ရောင်းလိုက်တာ" တဲ့။
ဒီလိုနဲ့ သမီး ၁၀ တန်းကို ဂုဏ်ထူး အများကြီး ရပြီး အောင်သွားတယ်။ ဆေး တက္ကသိုလ် တက်ဖို့ အဖေ့မှာ ပိုက်ဆံ မရှိမှန်း သိလို့ မပူဆာ ပါဘူး။
တပတ်လောက် ကြာတော့ အဖေက ပိုက်ဆံတွေ ထည့်ထားတဲ့ လွယ်အိတ်ကြီးကို ပြပြီး "သမီး မပူနဲ့ အဖေ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်။ သမီး ဆရာဝန် ဖြစ်တဲ့ အထိ လုံလောက် ပါတယ်" တဲ့။
သမီးလည်း ဝမ်းသာလွန်းလို့ ထက နေတယ်။ အဖေ ခမျာလည်း သမီးကို ကြည့်ပြီး ပျော်လွန်းလို့ ပါးပြင် ပေါ်မှာ မျက်ရည်တွေနဲ့။
မပျော်နိုင်သူက အမေပါ။ ညကျတော့ အမေက သူ့ယောက်ျားကို မေးတယ်။ ဒီလောက် များတဲ့ ပိုက်ဆံ ဘယ်လို ရလာသလဲ ပေါ့။ "တလောက ငါ့ကျောက်ကပ် ၂ ခု ထဲက တခု ကို ရောင်းလိုက်တယ်" တဲ့။
၆ နှစ်ကြာ သွားပြီ။ အပျော်ဆုံးနဲ့ ဂုဏ်အယူ ရဆုံးနေ့။ သမီးလေး ဆေးကျောင်း အောင်သွားပြီး အိမ်ပြန် လာတော့မယ်။ တဲအိမ်လေးကို အကောင်းဆုံး ပြင်ထားတယ်။
အိမ်ရှေ့မှာ မြင်းလှည်းတွေ ရပ်သံ ကြားရတယ်။ လင်မယား နှစ်ယောက် စလုံး ဝမ်းသာအားရ ပြေးထွက် လာတယ်။ ဟုတ်ပါတယ်။ သမီးလေး ပြန်လာတာပါ။ ဒါပေမဲ့ အသက်ရှင်လျက် မဟုတ်ပါ။
ပိတ်ဖြူ အုပ်ထားတဲ့ သမီးလေးရဲ့ ရုပ်အလောင်း။ လာပို့တဲ့ သူတွေထဲက လူကြီး တယောက်က ပြောတယ်။ သူတို့ သမီးလေးဟာ သူ့ရည်းစား ပစ်သွားလို့ မနေ့ညက အဆိပ်သောက် သတ်သေ သွားတယ်တဲ့။
စဉ်းစားစရာ အတွေးလေး ပေးလိုက် ပါတယ်ဗျာ။ မိမိကို မနှစ်သက်လို့ စွန့်ခွာ သွားသူအတွက် အသက် ပေးသင့် သလား။ မိမိ အတွက် အနစ်နာခံ ခဲ့သူတွေ အတွက် အသက်ပေးဖို့ မသင့် ဘူးလား။ Crd
0 Comments