ကိုယ့်ကို နာကျင်စေတဲ့လူကို ရှောင်ပါ

တခါတလေကျ လူ့စိတ် ဆိုတာ အံ့သြဖို့ ကောင်းပါတယ်။ နာကျင်မှုတွေ ပေးနေတဲ့ သူကိုမှ ကိုယ်က တန်းတန်းစွဲ ဖြစ်နေတာ ကြောင့် ပဲလေ။ ပုထုဇဉ် မှန်သမျှ အရူးတွေတဲ့။ ဟုတ်ပါတယ်။

တခါတလေကျ အချစ်ကြောင့် ရူးသွားတယ် ထင်ပါတယ်။ မချစ်ဖူးတော့ မသိဘူး ပေမယ့် ကိုယ်တကယ် ချစ်လာတဲ့ အခါ ကိုယ်တိုင်က အရူးတယောက်လို ပါပဲ။ ကိုယ့်အပေါ်မှာ မကောင်းဘူး ဆိုတာလည်း သိပါတယ်။

ကိုယ့်အပေါ်မှာ ဘယ်လောက်ပဲ နာကျင်မှုတွေ ပေးနေပါစေ။ ကိုယ့်အတွက်တော့ နာကျင်မှုတွေနဲ့ နေသားကျ နေပြီလေ။ ဒုက္ခကို ဒုက္ခလို့ မမြင်နိုင် သရွေ့တော့ ကိုယ့်အတွက်က ဒုက္ခရောက်နေ အုံးမှာပဲ။

အမှန်ဆိုရင် နာကျင်စေတဲ့ လူကို စွန့်လွှတ် လိုက်သင့် ပါတယ်။ မစွန့်လွှတ် နိုင်တာကိုက ကိုယ့်အတွက် အကြီးမားဆုံး ဒုက္ခ ဖြစ်နေပါတယ်။ အဲ့တော့ သူပေးသမျှ နာကျင်မှုတွေကို ခံစားနေရုံပဲ ရှိတာပေါ့။

လောကမှာ အမှိုက်ဆိုတာ မရှိဘူးတဲ့။ ကိုယ့်ကို မချစ်တဲ့ သူအနားမှာ တွယ်ကပ်နေတဲ့ သူကမှ တကယ် အမှိုက်တဲ့။ ကိုယ်ကကော အမှိုက် ဖြစ်နေပီလား။ စဉ်းစားပါ။

အမှိုက် ဆိုတာ ဘာမှ တန်ဖိုး မရှိပါဘူး။ ကိုယ်က သူ့အတွက် ဘာမှ တန်ဖိုးမရှိဘူး ဆိုရင် ဘာလို့ တွယ်ကပ် နေမှာလဲ၊ ကိုယ့်တန်ဖိုးကို တန်ဖိုးထားတဲ့ သူတွေဆီပဲ သွား သင့်ပါတယ်။

လူတိုင်းမှာ တန်ဖိုး ကိုယ်စီ ရှိပါတယ်။ ကိုယ့်တန်ဖိုးကို နားလည်တဲ့ သူတွေဆီမှာပဲ ရှင်သန် နေထိုင် လိုက်ပါ။ နာကျင်မှု ဆိုတာ စိတ်ကို သတ်နေတာပါ။ ကိုယ့်တန်ဖိုး အကျခံပြီး ကိုယ့်စိတ်ကို မသတ်ပါနဲ့။

တကယ်တော့ သူက ကိုယ့်ကို သတ်နေတာ မဟုတ်ပါဘူး။ သူ့ကို မစွန့်လွှတ် နိုင်သေးတဲ့ စိတ်က ကိုယ့်ကိုယ်ကို ပြန်ပြီး သတ်နေတာပါ။ နာကျင်စေတဲ့ လူအနားကနေ အမြန်ဆုံး ထွက်ခွာလိုက်ပါ။

ဘဝသစ်မှာ အိပ်မက်အသစ် တွေနဲ့ စတင်လိုက်ပါ။ ကိုယ့်တန်ဖိုးကို နားလည်တဲ့ သူတွေက ကိုယ့်အနားကို ရောက်လာပါလိမ့်မယ်။ ကိုယ့်က တွယ်ကပ်နေတာမျိုး မဟုတ်ပဲနဲ့ ကိုယ့်ကို တွယ်ကပ်နေတဲ့ သူတွေနဲ့ပဲ ရှင်သန် နေထိုင် လိုက်ပါ။

လူဆိုတာ နာကျင်ရဖန် များလာရင် နာကျင်ရကောင်းမှန်း မသိတော့သလို ဖြစ်ပြီး ကျွန်ခံသလို ခံနေရ ပါလိမ့်တယ်။ ဘဝသစ်မှာ အိပ်မက် အသစ်တွေနဲ့ စတင် နေထိုင်ဖို့ ဆိုတာက နာကျင်စေတဲ့ ရပ်ဝန်းတွေကို ရှောင်ရှားဖို့ လိုပါတယ်။

နာကျင်မှုတွေ အစား ပျော်ရွင်မှုတွေနဲ့ ဘဝသစ်ကို ဖန်တီးလိုက်ပါ။ နာကျင်စေတဲ့ သူကို မေ့ပစ်နိုင်အောင် ကြိုးစားလိုက်ပါ။ မေ့နိုင်ပြီ ဆိုတာနဲ့ ဘဝသစ်မှာ အိပ်မက်သစ်တွေနဲ့ စတင်လို့ ရပါပြီ။ မေတ္တာဖြင့် အေးချမ်းပါစေ။ ဘုန်းမြတ်သူ

Post a Comment

0 Comments