တညတွင် ဇနီးဖြစ်သူသည် အိပ်ရာက နိုးသည် ရှိသော် မိမိဘေးတွင် ခင်ပွန်းဖြစ်သူကို မတွေ့သောကြောင့် ခုတင်ပေါ်မှ ဆင်းပြီး အိမ်ထဲတွင် လိုက်ရှာသည်။
သူမ၏ ခင်ပွန်းသည် ထမင်းစားခန်း ထဲရှိ စားပွဲတွင် ထိုင်ပြီး ကော်ဖီတခွက် သောက်နေသည်။ သူက ကော်ဖီကို သောက်လိုက် ပြတင်းပေါက်က အပြင်ကို ငေးလိုက်၊ သက်ပြင်းကြီး ချလိုက်၊ ခေါင်းရမ်းလိုက်နှင့် တဟင်းဟင်း လုပ်နေသည်။
ဇနီးသည်က ထမင်းစားခန်းထဲ ဝင်လိုက်ပြီး "မောင် ဘာဖြစ်နေတာလဲကွယ်" ဟု မေးလိုက်သည်။ သူက စိတ်မပါ စွာဖြင့် "ကော်ဖီသောက်နေတာလေ" ဟု ဖြေသည်။
"ညကြီးမင်းကြီး ကော်ဖီ ဆင်းသောက် ရတယ်လို့ ဘယ်လို ဖြစ်တာလဲ ဗိုက်ဆာလို့လား" "မဟုတ်ဘူး။ ဒီနေ့ ဘာနေ့လဲ သိလား" "ဘာနေ့ မို့လို့လဲ"
"မင်းနဲ့ငါ စတွေ့တဲ့ နှစ် ၂၀ ပြည့်နေ့" "ဟုတ်လား သတိ မထားမိဘူး။ မောင်ကလေ မှတ်မိလိုက် တာနော်"
"မမှတ်မိလို့ ရမလားကွယ်။ ဒီနေ့ကို ကောင်းကောင်း အမှတ်ရနေ တာပေါ့"
သူ့ခင်ပွန်းက ပြောရင်း မျက်ရည်တွေ ကျလာသည်။ "အို မောင်ရယ် ဘာဖြစ်လို့ ငိုတာလဲကွယ်။ နှစ် ၂၀ ပြည့် ဆိုလည်း ဝမ်းသာရမယ် မဟုတ်လား"
"ဟိုး လွန်ခဲ့တဲ့ နှစ် ၂၀ က မင်းက ၁၆ နှစ် ငါက ၁၈ နှစ်နော်" "ဟုတ်တယ်လေ"
ခင်ပွန်းဖြစ်သူက မျက်ရည်တွေကို သုတ်လိုက် ပြန်သည်။ "ဘာဖြစ်လို့လဲ မောင်ရယ်"
"အဲဒီနေ့က မင်းတို့ အိမ်ထဲက အခန်းထဲမှာ မင်းနဲ့ မောင့်ကို မင်းအဖေကြီးက ဖမ်းမိသွားတာလေ" "ဟီ ဟီ အဲဒီညက ကျွန်မတို့လေ ဟီ ဟီ"
"မင်းအဖေကြီးက သေနတ်ကို ကိုင်လာပြီး မောင့်နဖူး တည့်တည့်ကို ချိန်ထားတာ မှတ်မိသေးလား" "မှတ်မိတယ် ဟီ ဟီ၊ ဖေဖေက စိတ်ဆိုးတာပေါ့ ကျွန်မနဲ့ မောင့်မှာ အဝတ်တွေမှ မရှိတော့တာ"
"အဲဒီတုန်းက မင်းအဖေ ပြောတာ မှတ်မိသေးတယ်" "ဘာလဲမောင်"
"မင်း ငါ့သမီးကို ယူမလား ထောင်ထဲမှာ နှစ် ၂၀ လောက် သွားနေမလားတဲ့" "အင်းနော် ဖေဖေက အဲဒီလို ပြောတာ၊ အဲဒါ ဘာဖြစ်လဲ မောင်ရယ် ငိုစရာလား"
ခင်ပွန်းဖြစ်သူက မျက်ရည်ကို သုတ်လိုက်ပြီး "အဲဒီအချိန်ကသာ ထောင်ထဲသွားမယ်လို့ ပြောလိုက်ရင် ဒီနေ့ ငါ ထောင်က လွတ်ပြီပေါ့" Crd
0 Comments