ဝက်ခြံအမာရွတ်တွေက တော်တော်နဲ့ပျောက်ဖို့ မလွယ်ကူပါဘူး။ ဝက်ခြံအမာရွတ်တွေကြောင့် မျက်နှာပေါ်မှာ အချိုင့်အခွက်လေးတွေ ကျန်နေတတ်ပါတယ်။ အဲဒါကြောင့် ဝက်ခြံအမာရွတ်ကြောင့် စိတ်မပျက်စေရမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
ဝက်ခြံအမာရွတ်တွေကို ပျောက်ဖို့ မလုပ်ခင်မှာ သင့်ရဲ့အသားအရေ အမျိုးအစားအကြောင်းကို အရေပြားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဝက်ခြံအမာအရွတ် အမျိုးအစားများ
- Boxcar အမာရွတ်က ကျယ်ပြီး U ပုံစံရှိပါတယ်။
- Ice pick အမာရွတ်က ကျဉ်းမြောင်းပြီး V ပုံစံရှိပါတယ်။ ချွန်ထက်တဲ့အရာတစ်ခုနဲ့ အရေပြားကို ဖောက်ထားတဲ့ပုံစံမျိုးပါ။
- Rolling အမာရွတ်ကတော့ ကျယ်ဝန်းပြီး ခပ်ဝိုင်းဝိုင်းပုံစံပါ။
- Hypertrophic အမာရွတ်က အရေပြားမျက်နှာပြင်ပေါ်မှာ တည်ရှိပါတယ်။
- အမည်းစက်တွေက အမာရွတ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဝက်ခြံပေါက်ပြီးတဲ့အခါ အမည်းရောင်အမှတ်လေးတွေအဖြစ် ကျန်ရှိခဲ့ပါတယ်။ အချိန်ကြာမှသာ ပျောက်ကွယ်သွားပါတယ်။
ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းများ
၁။ Salicylic acid
Salicylic acid က ရောင်ရမ်းတာ၊ နာကျင်တာတွေကို သက်သာစေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ Salicylic acid ကို ဝက်ခြံအမာရွတ် အမျိုးအစားတိုင်းအတွက် အသုံးပြုနိုင်ပါတယ်။ သင်က ထိလွယ်ရှလွယ်တဲ့ အသားအရေဆိုရင်တော့ မျက်နှာမှာမလိမ်းခင် လက်နေရာမှာ စမ်းပြီး သုံးကြည့်သင့်ပါတယ်။
၂။ Lactic acid
Lactic acid ကတော့ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့နည်းနဲ့ အမာရွတ်တွေကို ပျောက်ကင်းစေတာပါ။ သူ့ကိုလည့်း ဝက်ခြံအမာရွတ်အမျိုးအစားတိုင်းအတွက် အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် Lactic acid ကိုလည်း မသုံးခင်မှာ အနည်းငယ် စမ်းသပ်ကြည့်သင့်ပါတယ်။
၃။ Vitamin C serum
Vitamin C serum က ဝက်ခြံအမာရွက်တွေ၊ အမည်းစက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို တောက်ပလာစေတာပါ။ နောက်ပြီး ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လုပ်မှုကိုလည်း လှုံ့ဆော်ပေးပါတယ်။
၄။ Retionids
Retionids က ဗီတာမင်အေ အမျိုးအစားတစ်မျိုးဖြစ်ပြီး ဆဲလ်တွေ ပြန်လည်အားပြည့်လာစေဖို့ အရှိန်မြင့်ပေးပါတယ်။ အသားအရေ မညီမညာတာတွေကို သက်သာစေပါတယ်။ Boxcar,Ice pick နဲ့ Rolling အမာရွတ်တွေအတွက် Retionids က သင့်တော်ပါတယ်။ Retionids ကိုလိမ်းမယ့်ဆိုရင် sunscreen ကိုလည်း လိမ်းသင့်ပါတယ်။
၅။ Niacinamide
Niacinamide က ဗီတာမင်ဘီ အမျိုးအစားတစ်မျိုးဖြစ်ပြီး မျက်နှာက အမည်းစက်တွေကို လျော့ပါးစေပါတယ်။ အသားအရေနီတာနဲ့ ရောင်ရမ်းတာအတွက် Niacinamide က အရွေးချယ်သင့်ဆုံးပါ။
ထည့်သွင်းစားသောက်သင့်သော အစားအစာများ
- သံပရိုသီးက ကော်လဂျင် ထုတ်လုပ်မှုကို တိုးတက်စေပြီး အမာရွတ်တွေကို လျော့သွားစေပါတယ်။ မနက်ခင်း ဘာမှမစားသေးခင်မှာ သံပရိုသီးကို အရည်ညှစ်ပြီး ရေနွေးနဲ့ သောက်သုံးပေးလို့ရပါတယ်။
- ကိုက်လန်ရွက်ကလည်း ကော်လဂျင်ထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။ ကိုက်လန်ရွက်ကို ဖျော်ရည်အဖြစ် ဖျော်သောက်လို့ရတဲ့အပြင် ကြော်စားချက်စားလို့လည်းရပါတယ်။
- ကန်စွန်းဥက ချွေးပေါက်ပိတ်တာ၊ အသားအရေ ရောင်ရမ်းတာကို သက်သာစေပါတယ်။ ကန်စွန်းဥကို ကြော်စားလို့ရသလို စွပ်ပြုတ်ထဲ ထည့်သောက်ရင် ပိုပြီး ထိရောက်ပါတယ်။
Lovemedia
0 Comments