အနိစ္စ

ဟင် ငါ့အနားမှာ လူတွေ ဝိုင်းလို့။ မျက်နှာ တွေလည်း ညိုးနေကြလို့။ ကျုပ်က ငိုတာ မကြိုက်ဘူး နော်။ အသံ ကြားလိုက်တယ်။ "မေမေ၊ ဖေဖေ အိပ်တာ ကြာပြီ နှိုးလိုက်မယ်" "မနှိုးပါနဲ့ သားရယ် မင့်အဖေ အေးဆေး အိပ်နေပါစေ"

သြော် သားအမိ နှစ်ယောက် စကားတွေက ထူးဆန်းတာ။ အရင်ကဆို သားလေးက "ဖေဖေ ထတော့ ထမင်းစား ရအောင်" လို့ နှိုးနေကျကို။ "ကားဆုံပြီလား ဟေ့။ ချရအောင် ဟိုကျ မီးသဂြိုလ်တာ ကြာအုံးမှာ"

မီးသဂြိုလ်တယ်။ ဘာတုံးဟ ဘယ်သူ သေတာလဲ။ ငါ့သားနဲ့ မအေလည်း ရှိတယ်။ ဒါဆို ဒါဆို ငါက သေလူ လား။ "သဂြိုလ်စက်ရှေ့ ဦးတိုက် ရမှာနော် ခြေကြိုး လက်ကြိုးတွေ ဖြုတ်ကြအုံးဟ"

"မမိုးကို လာဆွဲပါအုံး ကလေးက ရှိသေးတယ်" "မေမေ ဖေဖေကို အဲ့အခန်းထဲ မထည့်ပါနဲ့။ သားသား တို့နဲ့ ပြန်ခေါ် ပေးပါနော်"

အသံတွေ အသံတွေ။ ငါ တယောက်တည်း ထွက်သွားတယ် ဘယ်ဆီမှန်း မသိဘူး။ ငါ့သားလေးကို စိတ်မချဘူး။ စိတ်မချဘူး။ "သားသား၊ ဖေဖေ အချိုရည် ဝယ်ခဲ့ မယ်နော် အာဘွား ပေးပါအုံး သားလေး။ ဖေဖေ ပြောနေတယ် လေ"

သားသားက ဂရုမစိုက်ဘူး။ သူ့မျက်နှာမှာတော့ မျက်ရည်စ တွေနဲ့။ "မအေ ငါ စိတ်ချ ပါရစေ သားသားကို စောင့်ရှောက် ပါကွာ" မအေလည်း ငိုနေတယ် ငါ့ကို သတိ မထားဘူး။

မီးခိုးတွေ တလူလူနဲ့ ခေါင်းတိုင်မယ်။ ငါ့အား ရှို့သော မီးအပူတွေ ပါလား။ ရင်အပူက ပိုပြင်း တယ်လေ။

ကားတွေ အသီးသီး ပြန်ကြပြီ။ ခုတော့ ငါတယောက်တည်း ဘယ်သွားမလဲ။ မတွေးဘူး ငါ့ မိသားစုဆီ လိုက်မယ် လိုက်မယ်။

"ကဲ သမီး သေတဲ့ သူက သေပြီ။ သူ့ အတွက် ကုသိုလ် ကောင်းမှု လုပ်ဖို့ စဉ်းစား ကြတာပေါ့" "ဟုတ် ဟုတ်ကဲ့ပါ အမေ သမီး ခဏတော့ ငိုပါရစေ"

သားသားက အိပ်နေ လောက်ပြီ။ သူပန်းနေပြီလေ။ တခုပဲ စိတ်ပူတယ် သားလေး နိုးရင် စားဖို့ မုန့်ရှိရဲ့ လား။ ငါ ဝယ်မပေးနိုင် တော့ဘူး။

သိပ်မကြာခင် မှာပဲ ကျွန်တော် မသိတဲ့ ကမ္ဘာ တခုကို မသိသလို ရောက်အုံး မယ်နော်။ Myo Aung Khaing

Post a Comment

0 Comments