အမှန်တရား အမှားတရံ

တခါတုန်းက ရွာလေး တရွာရဲ့ ဘုန်းကြီးကျောင်းကို ဒကာတယောက်က ပိန္နဲသီး တလုံး လာကပ်တာနဲ့ ကျောင်းထိုင် ဆရာတော်က ဆွမ်းဘုဉ်းခါနီး ခွဲခိုင်းပါတယ်။

ပိန္နဲသီးက အလုံး ကြီးတော့ အများကြီး ဖြစ်နေတယ်။ ဆရာတော်က ကိုရင်လေးနဲ့ ကျောင်းသားလေး တွေကို နည်းနည်းစီ ဝေခိုင်းပြီး ကျန်တာကို နောက်တနေ့ ဆွမ်းဘုဉ်းရင် စားဖို့ သိမ်းထား ခိုင်းပါတယ်။

အဲဒီလို ပိန္နဲသီး နည်းနည်းစီ လိုက်ဝေတဲ့ အချိန်မှာ ဘုန်းကြီးကျောင်းသားလေး ချက်ကြီးက မယူတာ တွေ့တော့ ဆရာတော်က မေးကြည့်တာပေါ့။

"ဟဲ့ ချက်ကြီး ပိန္နဲသီး ဝေပေးတာကို ဘာလို့ မယူတာလဲ" လို့ မေးတော့ ချက်ကြီးက "တပည့်တော် မကြိုက်လို့ပါ ဘုရား" လို့ ပြန်ဖြေသတဲ့။

ညလည်းကျရော ချက်ကြီးက သိမ်းထားတဲ့ ပိန္နဲသီး တွေကို ဘယ်သူမှ မသိခင် အကုန် ခိုးစားပစ် သတဲ့။

အဲဒီလိုနဲ့ နောက်တနေ့ ဆွမ်းဘုဉ်းချိန်လည်း ရောက်ရော သိမ်းထားခိုင်းတဲ့ ပိန္နဲသီးကို ယူလာခိုင်းတဲ့ အချိန်မှာ တခုမှ မကျန် တော့ဘူး။

ဆရာတော်က "သိမ်းထားတဲ့ ပိန္နဲသီးတွေကို ဘယ်သူ ခိုးစားတာလဲ" လို့ မေးတယ်။

ဘယ်သူမှ ပြန်မဖြေကြ တာနဲ့ ဆရာတော်လည်း ဒေါသ ဖြစ်ပြီး "ကဲ မနေ့က ပိန္နဲသီး မကြိုက်ဘူး ဆိုတဲ့ ချက်ကြီးက လွဲရင် ကျန်တဲ့ ကိုရင်တွေနဲ့ ကျောင်းသားလေးတွေ အကုန် လာစမ်း လို့ ခေါ်တယ်။

ပိန္နဲသီး ခိုးစားတဲ့ ချက်ကြီးက လွဲရင် ကျန်တဲ့ ကိုရင်လေးတွေနဲ့ ကျောင်းသားလေးတွေ အကုန်လုံးကို ဆရာတော်က ကြိမ်လုံးနဲ့ ရိုက်ပါလေ ရောတဲ့။ ချက်ကြီးကတော့ ပိန္နဲသီး မကြိုက်ဘူး ဆိုတဲ့ အချက်နဲ့တင် ကြိမ်လုံးနဲ့ အရိုက် မခံရပါဘူး။

ဒါကြောင့် တခါတရံမှာ အပြစ်ရှိတဲ့ သူတွေရဲ့ ကြိုတင် အကွက်ချ စီမံ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့တဲ့ သူတွေက အပြစ်ဒဏ် ခံရတာတွေ ရှိတတ်တာမို့ အမှန်တရား မပေါ်ပေါက်ခင် မှာတော့ အမှားတရံနဲ့ ကြုံတွေ့ရတတ် ပါသေးတယ်။ phoomyatchal

Zawgyi

အမွန္တရား အမွားတရံ

တခါတုန္းက ႐ြာေလး တ႐ြာရဲ႕ ဘုန္းႀကီးေက်ာင္းကို ဒကာတေယာက္က ပိႏၷဲသီး တလုံး လာကပ္တာနဲ႔ ေက်ာင္းထိုင္ ဆရာေတာ္က ဆြမ္းဘုဥ္းခါနီး ခြဲခိုင္းပါတယ္။ ပိႏၷဲသီးက အလုံး ႀကီးေတာ့ အမ်ားႀကီး ျဖစ္ေနတယ္။ ဆရာေတာ္က ကိုရင္ေလးနဲ႔ ေက်ာင္းသားေလး ေတြကို နည္းနည္းစီ ေဝခိုင္းၿပီး က်န္တာကို ေနာက္တေန႔ ဆြမ္းဘုဥ္းရင္ စားဖို႔ သိမ္းထား ခိုင္းပါတယ္။

အဲဒီလို ပိႏၷဲသီး နည္းနည္းစီ လိုက္ေဝတဲ့ အခ်ိန္မွာ ဘုန္းႀကီးေက်ာင္းသားေလး ခ်က္ႀကီးက မယူတာ ေတြ႕ေတာ့ ဆရာေတာ္က ေမးၾကည့္တာေပါ့။ "ဟဲ့ ခ်က္ႀကီး ပိႏၷဲသီး ေဝေပးတာကို ဘာလို႔ မယူတာလဲ" လို႔ ေမးေတာ့ ခ်က္ႀကီးက "တပည့္ေတာ္ မႀကိဳက္လို႔ပါ ဘုရား" လို႔ ျပန္ေျဖသတဲ့။ ညလည္းက်ေရာ ခ်က္ႀကီးက သိမ္းထားတဲ့ ပိႏၷဲသီး ေတြကို ဘယ္သူမွ မသိခင္ အကုန္ ခိုးစားပစ္ သတဲ့။

အဲဒီလိုနဲ႔ ေနာက္တေန႔ ဆြမ္းဘုဥ္းခ်ိန္လည္း ေရာက္ေရာ သိမ္းထားခိုင္းတဲ့ ပိႏၷဲသီးကို ယူလာခိုင္းတဲ့ အခ်ိန္မွာ တခုမွ မက်န္ ေတာ့ဘူး။ ဆရာေတာ္က "သိမ္းထားတဲ့ ပိႏၷဲသီးေတြကို ဘယ္သူ ခိုးစားတာလဲ" လို႔ ေမးတယ္။ ဘယ္သူမွ ျပန္မေျဖၾက တာနဲ႔ ဆရာေတာ္လည္း ေဒါသ ျဖစ္ၿပီး "ကဲ မေန႔က ပိႏၷဲသီး မႀကိဳက္ဘူး ဆိုတဲ့ ခ်က္ႀကီးက လြဲရင္ က်န္တဲ့ ကိုရင္ေတြနဲ႔ ေက်ာင္းသားေလးေတြ အကုန္ လာစမ္း လို႔ ေခၚတယ္။

ပိႏၷဲသီး ခိုးစားတဲ့ ခ်က္ႀကီးက လြဲရင္ က်န္တဲ့ ကိုရင္ေလးေတြနဲ႔ ေက်ာင္းသားေလးေတြ အကုန္လုံးကို ဆရာေတာ္က ႀကိမ္လုံးနဲ႔ ႐ိုက္ပါေလ ေရာတဲ့။ ခ်က္ႀကီးကေတာ့ ပိႏၷဲသီး မႀကိဳက္ဘူး ဆိုတဲ့ အခ်က္နဲ႔တင္ ႀကိမ္လုံးနဲ႔ အ႐ိုက္ မခံရပါဘူး။

ဒါေၾကာင့္ တခါတရံမွာ အျပစ္ရွိတဲ့ သူေတြရဲ႕ ႀကိဳတင္ အကြက္ခ် စီမံ လုပ္ေဆာင္မႈေၾကာင့္ အျပစ္မဲ့တဲ့ သူေတြက အျပစ္ဒဏ္ ခံရတာေတြ ရွိတတ္တာမို႔ အမွန္တရား မေပၚေပါက္ခင္ မွာေတာ့ အမွားတရံနဲ႔ ႀကဳံေတြ႕ရတတ္ ပါေသးတယ္။ phoomyatchal

Post a Comment

0 Comments