ဟိုးရှေးရှေးတုန်းက သေမင်းက ရောဂါပိုးတခု သယ်ဆောင်ပြီး မြို့တမြို့ဆီကို ရောက်လာတယ်။ အဲ့ဒီမှာ မြို့စောင့်နတ်က မေးတာပေါ့
"မင်း ဘယ်သူလဲ"
"ကျွန်တော် သေမင်းပါ၊ ပလိပ်ရောဂါပိုးကို သယ်လာပါတယ်။ ဒီမြို့က လူတထောင်ကို သတ်မလို့ပါ။ သူတို့ရဲ့ ကံအရ သေချိန်တန်ပြီ မို့ပါ"
မြို့စောင့်နတ်လည်း သေမင်း ဆိုတော့ ခွင့်ပြုလိုက်ရ ပါတယ်။
နောက်နေ့လည်း ကျရော အဲဒီမြို့က လူတသောင်း သေသွားကြတယ်။
သေမင်းက သူ့တာဝန်တွေ ပြီးလို့ မြို့က ပြန်ထွက်လာတဲ့ အခါ မြို့စောင့်နတ်က မကျေမနပ်နဲ့ မေးတယ်။
"ခင်ဗျား သတ်မယ် ဆိုတဲ့သူက လူတထောင်ဆို၊ ခုတော့ လူတသောင်း သေသွားတာ ပါလား"
"ဟုတ်ကဲ့၊ ကျွန်တော် ပလိပ်ရောဂါပိုးကို လူတထောင်ဆီပဲ အတိအကျ ပို့လိုက်တာပါ။
ကျန်တဲ့လူ ကိုးထောင်က သူတို့ဟာ သူတို့ ပလိပ်ရောဂါ ဖြစ်တယ် ထင်ပြီး ကြောက်လန့်ပြီး သေကုန်ကြတာပါ"
ထို့နောက် သေမင်းက အဝေးကို တရွေ့ရွေ့ ပြန်ထွက်သွားပါတယ်။ crd
Zawgyi
ေၾကာက္စိတ္ ႀကီးျခင္း
ဟိုးေရွးေရွးတုန္းက ေသမင္းက ေရာဂါပိုးတခု သယ္ေဆာင္ၿပီး ၿမိဳ႕တၿမိဳ႕ဆီကို ေရာက္လာတယ္။ အဲ့ဒီမွာ ၿမိဳ႕ေစာင့္နတ္က ေမးတာေပါ့
"မင္း ဘယ္သူလဲ"
"ကြၽန္ေတာ္ ေသမင္းပါ၊ ပလိပ္ေရာဂါပိုးကို သယ္လာပါတယ္။ ဒီၿမိဳ႕က လူတေထာင္ကို သတ္မလို႔ပါ။ သူတို႔ရဲ႕ ကံအရ ေသခ်ိန္တန္ၿပီ မို႔ပါ"
ၿမိဳ႕ေစာင့္နတ္လည္း ေသမင္း ဆိုေတာ့ ခြင့္ျပဳလိုက္ရ ပါတယ္။
ေနာက္ေန႔လည္း က်ေရာ အဲဒီၿမိဳ႕က လူတေသာင္း ေသသြားၾကတယ္။ ေသမင္းက သူ႔တာဝန္ေတြ ၿပီးလို႔ ၿမိဳ႕က ျပန္ထြက္လာတဲ့ အခါ ၿမိဳ႕ေစာင့္နတ္က မေက်မနပ္နဲ႔ ေမးတယ္။
"ခင္ဗ်ား သတ္မယ္ ဆိုတဲ့သူက လူတေထာင္ဆို၊ ခုေတာ့ လူတေသာင္း ေသသြားတာ ပါလား"
"ဟုတ္ကဲ့၊ ကြၽန္ေတာ္ ပလိပ္ေရာဂါပိုးကို လူတေထာင္ဆီပဲ အတိအက် ပို႔လိုက္တာပါ။ က်န္တဲ့လူ ကိုးေထာင္က သူတို႔ဟာ သူတို႔ ပလိပ္ေရာဂါ ျဖစ္တယ္ ထင္ၿပီး ေၾကာက္လန႔္ၿပီး ေသကုန္ၾကတာပါ"
ထို႔ေနာက္ ေသမင္းက အေဝးကို တေ႐ြ႕ေ႐ြ႕ ျပန္ထြက္သြားပါတယ္။
crd
0 Comments