တခါတုန်းက သရက်ပင်ကြီး တပင်မှာ ငှက်တွေ အများကြီး အသိုက်လုပ် နေထိုင်ကြ ပါတယ်။ သရက်ပင်က ကြီးမားတဲ့ အတွက် ငှက်တွေဟာ လွတ်လပ် ပျော်ရွှင်စွာ နေထိုင်နိုင် ကြပါတယ်။
မိုးတွင်း မရောက်ခင်မှာ တောထဲက တိရိစ္ဆာန် တော်တော် များများက သူတို့ရဲ့ နေထိုင်ရာ အသိုက်အမြုံ တွေကို လုံခြုံအောင် ပြုပြင် ကြပါတယ်။ အစားအစာ တွေလည်း စုဆောင်း သိုလှောင် ကြပါတယ်။
ငှက်တွေ ကလည်း သူတို့ရဲ့ အသိုက်ကို ပိုပြီး လုံခြုံအောင် ပြင်ဆင်ကြ၊ အစားအစာတွေ သိုလှောင်ပြီး အသိုက်ထဲ စုဆောင်း ထားကြပါတယ်။
မိုးတွင်း ရောက်လာတဲ့ အခါ ငှက်တွေက အသိုက်ထဲ မှာပဲ လုံခြုံစွာ နေထိုင်ပြီး အပြင် မထွက်ကြတော့ ပါဘူး။
မိုးသည်းထန်စွာ ရွာနေတဲ့ တနေ့မှာတော့ မျောက်တကောင်က ထိုသရက်ပင်ကို ရောက်လာ ပါတော့တယ်။ တကိုယ်လုံး စိုရွဲနေပြီး ချမ်းတုန် နေတဲ့ မျောက်ကို ငှက်ကလေးတွေက ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြပါတယ်။
အဲဒါနဲ့ပဲ မျောက်ကလေးကို မေးလိုက် ပါတယ်။ "ငါတို့ အားလုံးရဲ့ အသိုက်လေးတွေက မင်းကို မိုးမစိုအောင် မလုပ်ပေးနိုင် ကြလို့ စိတ်မကောင်း ပါဘူး။
ငါတို့အားလုံး မိုးတွင်း မရောက်ခင်မှာ နေဖို့ စားဖို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင် ထားကြတယ်။ မင်းကော ပြင်ဆင် ထားခဲ့ သင့်တယ်။ အဲဒါဆို ဒီလို ဖြစ်မှာ မဟုတ်ဘူး" လို့ စိတ်မကောင်းစွာ အကြံပေး လိုက်ပါတယ်။
စေတနာဖြင့် မေးလိုက်တဲ့ ငှက်ကလေးတွေရဲ့ စကားကို ကြားတဲ့ မိုက်မဲတဲ့ မျောက်ဟာ ဒေါသတကြီးနှင့် "ငါ့ကို ဘာလုပ် ရမယ်လို့ ဆရာ မလုပ်နဲ့" လို့ ပြောပြီး ငှက်ကလေးတွေရဲ့ အသိုက်တွေကို စိတ်ဆိုး မာန်ဆိုးဖြင့် ဖျက်ဆီး ပါတော့တယ်။
သနားစရာ ကောင်းတဲ့ ငှက်ကလေးတွေက ရူးသွပ်ပြီး စဉ်းစာဉာဏ် မရှိတဲ့ မျောက်တကောင်ကြောင့် အားလုံး ပျက်စီး ရပါတော့တယ်။
မိုက်ရူးရဲ ဆန်သူတွေကို ဘယ်လောက်ပဲ စေတနာနဲ့ အကြံပေးပါစေ စေတနာကို တန်ဖိုးမထားတတ် ကြပါဘူး။ ဒါကြောင့် အရူးတွေကို အကြံ မပေးမိ ပါစေနဲ့။ BAWA
Zawgyi
အ႐ူးကို အႀကံမေပးမိပါေစနဲ႔
တခါတုန္းက သရက္ပင္ႀကီး တပင္မွာ ငွက္ေတြ အမ်ားႀကီး အသိုက္လုပ္ ေနထိုင္ၾက ပါတယ္။ သရက္ပင္က ႀကီးမားတဲ့ အတြက္ ငွက္ေတြဟာ လြတ္လပ္ ေပ်ာ္႐ႊင္စြာ ေနထိုင္ႏိုင္ ၾကပါတယ္။ မိုးတြင္း မေရာက္ခင္မွာ ေတာထဲက တိရိစာၦန္ ေတာ္ေတာ္ မ်ားမ်ားက သူတို႔ရဲ႕ ေနထိုင္ရာ အသိုက္အၿမဳံ ေတြကို လုံၿခဳံေအာင္ ျပဳျပင္ ၾကပါတယ္။ အစားအစာ ေတြလည္း စုေဆာင္း သိုေလွာင္ ၾကပါတယ္။
ငွက္ေတြ ကလည္း သူတို႔ရဲ႕ အသိုက္ကို ပိုၿပီး လုံၿခဳံေအာင္ ျပင္ဆင္ၾက၊ အစားအစာေတြ သိုေလွာင္ၿပီး အသိုက္ထဲ စုေဆာင္း ထားၾကပါတယ္။ မိုးတြင္း ေရာက္လာတဲ့ အခါ ငွက္ေတြက အသိုက္ထဲ မွာပဲ လုံၿခဳံစြာ ေနထိုင္ၿပီး အျပင္ မထြက္ၾကေတာ့ ပါဘူး။
မိုးသည္းထန္စြာ ႐ြာေနတဲ့ တေန႔မွာေတာ့ ေမ်ာက္တေကာင္က ထိုသရက္ပင္ကို ေရာက္လာ ပါေတာ့တယ္။ တကိုယ္လုံး စို႐ြဲေနၿပီး ခ်မ္းတုန္ ေနတဲ့ ေမ်ာက္ကို ငွက္ကေလးေတြက ၾကည့္ၿပီး စိတ္မေကာင္း ျဖစ္ၾကပါတယ္။
အဲဒါနဲ႔ပဲ ေမ်ာက္ကေလးကို ေမးလိုက္ ပါတယ္။ "ငါတို႔ အားလုံးရဲ႕ အသိုက္ေလးေတြက မင္းကို မိုးမစိုေအာင္ မလုပ္ေပးႏိုင္ ၾကလို႔ စိတ္မေကာင္း ပါဘူး။ ငါတို႔အားလုံး မိုးတြင္း မေရာက္ခင္မွာ ေနဖို႔ စားဖို႔ အဆင္သင့္ ျဖစ္ေအာင္ ျပင္ဆင္ ထားၾကတယ္။ မင္းေကာ ျပင္ဆင္ ထားခဲ့ သင့္တယ္။ အဲဒါဆို ဒီလို ျဖစ္မွာ မဟုတ္ဘူး" လို႔ စိတ္မေကာင္းစြာ အႀကံေပး လိုက္ပါတယ္။
ေစတနာျဖင့္ ေမးလိုက္တဲ့ ငွက္ကေလးေတြရဲ႕ စကားကို ၾကားတဲ့ မိုက္မဲတဲ့ ေမ်ာက္ဟာ ေဒါသတႀကီးႏွင့္ "ငါ့ကို ဘာလုပ္ ရမယ္လို႔ ဆရာ မလုပ္နဲ႔" လို႔ ေျပာၿပီး ငွက္ကေလးေတြရဲ႕ အသိုက္ေတြကို စိတ္ဆိုး မာန္ဆိုးျဖင့္ ဖ်က္ဆီး ပါေတာ့တယ္။
သနားစရာ ေကာင္းတဲ့ ငွက္ကေလးေတြက ႐ူးသြပ္ၿပီး စဥ္းစာဉာဏ္ မရွိတဲ့ ေမ်ာက္တေကာင္ေၾကာင့္ အားလုံး ပ်က္စီး ရပါေတာ့တယ္။ မိုက္႐ူးရဲ ဆန္သူေတြကို ဘယ္ေလာက္ပဲ ေစတနာနဲ႔ အႀကံေပးပါေစ ေစတနာကို တန္ဖိုးမထားတတ္ ၾကပါဘူး။ ဒါေၾကာင့္ အ႐ူးေတြကို အႀကံ မေပးမိ ပါေစနဲ႔။ BAWA
0 Comments