သင့်ရဲ့ငယ်ရွယ်နုပျိုမှုတွေကို အဟန့်အတားဖြစ်စေတဲ့ နေ့စဉ်အပြုအမူ (၉) ခု

လူတိုင်းက နုပျိုငယ်ရွယ်မှုကို မက်မောကြပါတယ်။ အမြဲတမ်း နုပျိုနေတဲ့ပုံစံ ဖြစ်အောင် ပြင်ဆင်ကြပါတယ်။ ဒါပေမယ့် အချို့သော အရာတွေက ငယ်ရွယ်နုပျိုမှုတွေကို တဖြည်းဖြည်း စုပ်ယူနေကြပါတယ်။

၁။ လေအေးပေးစက်

သင်က လေအေးပေးစက်နဲ့ အချိန်တော်တော်များများ ထိတွေ့ရသူဆိုရင် မျက်နှာနဲ့ ခန္ဓာကိုယ်က ထိလွယ်ရှလွယ် ဖြစ်လာပါတယ်။ အသားအရေ ခြောက်သွေ့လာတာကို ကြုံတွေ့လာရပါတယ်။ အဆိုးဆုံးကတော့ အရေးအကြောင်းတွေ ပိုပြီးဖြစ်လာတာပါ။ အဲဒါကြောင့် လေအေးပေးစက်အစား စိုထိုင်းမှုထိန်းစက်ကို အသုံးပြုသင့်ပါတယ်။

၂။ ဆပ်ပြာ

၂၁ ရာစုမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ပိုပြီးအရေးပေးလာကြပါတယ်။ ဒါပေမယ့် အသားအရေတွေကို နေ့စဉ်ကြေးချွတ်တာက ဘက်တီးရီးယားတွေကို မကာကွယ်နိုင်တဲ့အပြင် အသားအရေကို နာကျင်လာစေပါတယ်။ ဒါ့အပြင် အသားအရေက ခြောက်သွေ့လာတာကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်းတွေလည်း ပေါ်လာပါတယ်။

၃။ ခေါင်းအုံး

ချည်သား‌ခေါင်းအုံးစွပ်နဲ့ flex linen နဲ့ချုပ်ထားတဲ့ ခေါင်းအုံးစွပ်တွေဟာ ဈေးသက်သာတာကြောင့် လူကြိုက်များကြပါတယ်။ ဒါပေမယ့် သင်က ဘေးစောင်းအိပ်သူဆိုရင် ဒီလိုခေါင်းအုံးစွပ်မျိုးက အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့် ခေါင်းအုံးစွပ်ရွေးချယ်မယ် ဆိုရင် ဖဲသား၊ ပိုးသားနဲ့ချုပ်ထားတဲ့ ခေါင်းအုံးစွပ်မျိုးကိုသာ ရွေးချယ်ပါ။

၄။ ဖုန်းနဲ့ ကွန်ပျူတာ

ဖုန်းနဲ့ ကွန်ပျူတာscreen ကနေ ထွက်တဲ့ အပြာရောင်အလင်းတန်းတွေက UVA နဲ့ UVB အလင်းတွေလို အန္တရာယ်ရှိတဲ့ အလင်းတွေပါပဲ။ ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုတဲ့အချိန်ကို လျှော့ချဖို့ အဆင်မပြေရင် အပြာရောင် အလင်းတန်းတွေကို ကာပေးတဲ့ protector ကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် မျက်နှာမှာလည်း HEB cream ကို လိမ်းပေးသင့်ပါတယ်။

၅။ ပြူတင်းပေါက်

လေထုညစ်ညမ်းမှုများတဲ့ နေရာတွေမှာ နေထိုင်သူတွေက ပိုပြီး အိုမင်းရင့်ရော်လွယ်တာကို တွေ့ရပါတယ်။ သင်က လေထုညစ်ညမ်းတဲ့နေရာမှာ နေထိုင်ရင် ပြူတင်းပေါက်တွေကို အမြဲမဖွင့်ထားသင့်ပါဘူး။ အိမ်အတွင်းထဲကလေကို သန့်စင်ပေးတဲ့ စက်တွေကလည်း အကူအညီ ဖြစ်စေပါတယ်။

၆။ ဘရာ

ဘရာတွေကို တင်းတင်းကြပ်ကြပ် ဝတ်တာက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ တင်းကြပ်တဲ့ဘရာတွေက ရင်ဘတ်ကြွက်သားတွေကို အားနည်းစေပါတယ်။ ဘရာဝတ်တဲ့အခါ သက်တောင့်သက်သာ ဖြစ်မှုကိုသာ ဦးစားပေးပါ။ ဒါ့ပြင် ဘရာကို ၂၄ နာရီလုံး ဝတ်ဖို့လည်း မလိုအပ်ပါဘူး။

၇။ သကြား

သကြားက ကိုယ်အလေးချိန်ကို တိုးစေတဲ့အဓိက အရာပါ။ ဒါ့အပြင် သကြားစားသုံးမှု များတဲ့သူက အရွယ်မတိုင်ခင် အိုမင်းရင့်ရော် လွယ်ကြပါတယ်။ သကြားက ကော်လဂျင်ထုတ်လုပ်မှုကို တိုက်ခိုက်တာကြောင့် အလှအပနဲ့ အသားအရေချောမွေ့မှုအတွက် အဟန့်အတားပါပဲ။ သကြားနေရာမှာ ပျားရည်၊ မေပယ်သကာတို့ကို အစားထိုးအသုံးပြုနိုင်ပါတယ်။

၈။ ကြာရှည်ခံစေတဲ့အသား

ဝက်အူချောင်း၊ ကြက်အူချောင်း၊ အသားပြားတို့လို ကြာရှည်ခံဆေးတွေပါတဲ့ အသားတွေမှာ အဆီနဲ့ ဆာလ်ဖိုက်လို အခြားပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီလို ဓာတုဆေးတွေက အသားအရေကို အိုမင်းရင့်ရော်လွယ်စေပြီး ကိုယ်အလေးချိန်ကိုလည်း တက်စေပါတယ်။

၉။ အိမ်သာ

လူအများစုက အိမ်သာကို ရေဆွဲချတဲ့အခါ အဖုံးကိုမပိတ်ဘဲ ရေဆွဲချတတ်ကြပါတယ်။ အဲဒီအခါ ဘက်တီးရီးယားတွေက လေထဲကနေ ပျံ့နှံ့ကုန်ပါတယ်။ ဆံပင်၊ မျက်နှာနဲ့ အဝတ်အစားတွေအထိ လာရောက်ထိတွေ့ပါတဘ်။ အဲဒါကြောင့် အဖုံးကို ပိတ်ပြီးမှသာ ရေဆွဲချသင့်ပါတယ်။

Zombie (lovemedia )

Post a Comment

0 Comments