နားကို နေ့စဉ်ပုံမှန်နှိပ်နယ်ပေးရုံနဲ့ ခန္ဓာကိုယ်အတွက် ရလာမယ့် အကျိုးကျေးဇူးများ

စိတ်ဖိစီးမှု၊ ပူပန်သောက၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာတွေက အလွန်ကို နေထိုင်ရအဆင်မပြေစေတဲ့ အခိုက်အတန့်တွေပါပဲ။ ဒါပေမယ့် အဲဒီလိုအဆင်မပြေမှုတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းက အရမ်းကို ရိုးစင်းပါတယ်။ ဘယ်လောက်တောင် ရိုးစင်းသလဲဆိုရင် နားကို နှိပ်နယ်ပေးရုံပါပဲ။

နားကိုနှိပ်နည်ပေးတာက စိတ်တင်းကြပ်တာတွေကို ပြေလျော့စေပြီး ခန္ဓာကိုယ်လည်း နေထိုင်ရ သက်သာစေပါတယ်။ အဲဒါကြောင့် နားကို နေ့စဉ်နှိပ်နယ်ပေးရုံနဲ့ ရလာမယ့် အကျိုးကျေးဇူးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ကြွက်သားတွေမှာရှိတဲ့ နာကျင်မှုတွေ လျော့ပါးသွားခြင်း

ခါးနာသူတွေအတွက် နာကျင်မှုတွေ သက်သာအောင် နားကို နေ့စဉ်နှိပ်နယ်ပေးသင့်ပါတယ်။ ရလဒ်ကတော့ အရမ်းကို ထိရောက်ပါတယ်။ နားကို ညင်ညင်သာသာ ဆွဲပေးတာ၊ ပွတ်တိုက်ပေးတာ၊ နှိပ်နယ်ပေးတာက နာဗ်ကြောတွေကို လှုံ့ဆော်ပေးပြီး ဦးနှောက်ကနေ endophins ဟော်မုန်းထွက်လာစေပါတယ်။ အဲဒီဟော်မုန်းက နာကျင်မှုတွေ သက်သာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုလည်း ကောင်းလာစေပါတယ်။

စိတ်ဖိစီးမှုတွေ လျော့ကျသွားခြင်း

စိတ်ဖိစီးမှုတွေ အရမ်းများပြီး မွန်းကျပ်နေချိန်မှာ နားကို နှိပ်နယ်ပေးပါ။ အရမ်းပင်ပန်းနေတဲ့အခါ၊ အားကုန်နေတဲ့အခါ နားပန်ကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရုံပါပဲ။ ၁၀ မိနစ်ခန့် နှိပ်နယ်ပြီးနောက် လန်းဆန်းပြီး စိတ်ဖိစီးမှုတွေ လျော့ကျသွားတာကို တွေ့ရမှာပါ။

ခေါင်းကိုက်သက်သာခြင်း

အကိုက်အခဲပျောက်ဆေးတွေ၊ ခေါင်းကိုက်ပျောက်ဆေးတွေက နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။ နားကိုနှိပ်နယ်ပေးတဲ့နည်းကတော့ ဘေးထွက်ဆိုးကျိုးမရှိဘဲ ခေါင်းကိုက်ပါပျောက်စေပါတယ်။ ပိုပြီးသိသာတဲ့ရလဒ်ကို ရဖို့ နားကိုနှိပ်နယ်တဲ့အပြင် ပက်ပါမင့်လက်ဖက်ရည်ကိုပါ သောက်နိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုခြင်း

အစားကို ထိန်းစားတဲ့အပြင် နားကိုနှိပ်နယ်တဲ့နည်းကိုသုံးရင် ကိုယ်အလေးချိန်လျော့ကျတာ ပိုမြန်လာမှာပါ။ ဒါမဟုတ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးနောက် နားကိုနှိပ်နယ်ပေးရင်လည်း ပိန်သွယ်စေဖို့ ပိုထိရောက်ပါတယ်။

အိပ်ပျော်လွယ်စေခြင်း

ညဘက်အိပ်မပျော်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ နားကိုနှိပ်နယ်ပေးတဲ့အခါ ခန္ဓာကိုယ်က အနားယူသလိုဖြစ်သွားပြီး မြန်မြန်အိပ်ပျော်လွယ်စေပါတယ်။ ညစဉ်ညတိုင်း အိပ်မပျော်တတ်သူတွေအတွက်လည်း နားကိုနှိပ်နယ်တဲ့နည်းက အရမ်းကို ထိရောက်ပါတယ်။ စိတ်ကိုလည်း တည်ငြိမ်စေတာကြောင့် အိပ်မက်ဆိုးတွေမမက်ဖို့လည်း ကူညီပြီးသားပါပဲ။

ခန္ဓာကိုယ် လန်းဆန်းစေခြင်း

တစ်နေကုန် လန်းဆန်းစေဖို့ ကော်ဖီက အသုံးဝင်သလို နားကို နှိပ်နယ်ပေးတဲ့နည်းကလည်း အသုံးဝင်ပါတယ်။ နားမှာရှိတဲ့ နာဗ်ကြောတွေကို လှုံ့ဆော်ပေးတာကြောင့် ဦးနောက်က လန်းဆန်းလာပြီး စိတ်မကြည်တာတွေတွေလည်း ပျောက်ကွယ်သွားစေပါတယ်။ ဒါ့အပြင် အားအင်တွေ ကုန်ခန်းသလိုဖြစ်ပြီး မလှုပ်ချင်မသွားချင်ဖြစ်နေချိန်မှာလည်း နားကိုနှိပ်နယ်လိုက်ပါ။ အားအင်တွေ ပြည့်လာဖို့အတွက် ထိရောက်တဲ့နည်းပါပဲ။

Bonus

- နားအပေါ်ဘက်ပိုင်း ညင်ညင်သာသာ ဆွဲလိုက်ပါ။ အဲဒီနောက် လက်ညိုးနဲ့လက်မကို သုံးပြီး နားတစ်ခုလုံးကို နှိပ်နယ်ပါ။

- နောက်တစ်ဆင့်အနေနဲ့ နားကို အောက်ဘက်ဆွဲချပြီး နှိပ်နယ်ပါ။

- နားကို ဘေးဘက်ကနေ ဆွဲပြီး နားပန်နေရာကို ညင်ညင်သာသာ နှိပ်နယ်ပါ။

- အဲဒီနောက်မှာတော့ နားပန်နေရာကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments