အတွင်းခံအဝတ်အစားတွေကို တစ်နေကုန်ဝတ်ထားတဲ့အခါ ရလာမယ့် ဆိုးကျိုး (၄) ခု

အတွင်းခံအဝတ်အစားတွေကို အချိန်တိုင်းဝတ်ထားဖို့ မလိုပါဘူး။ ဒါပေမယ့် တစ်ခါတရံမှာတော့ မေ့လျော့ပြီး ညအထိ သို့မဟုတ် တစ်နေကုန် ဝတ်မိသွားတတ်ကြပါတယ်။ အတွင်းခံအဝတ်အစားတွေကို တစ်နေကုန်ဝတ်ထားတဲ့အခါ ရလာမယ့် ကျန်းမာရေး ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။

၁။ သင့်ရဲ့သီးသန့်နေရာတွေမှာ ဘက်တီးရီးယားတွေ ပိုပွားလာစေပါတယ်။

အတွင်းခံအဝတ်အစားတွေကို များသောအားဖြင့် ချည်သားတွေနဲ့ မချုပ်လုပ်ကြပါဘူး။ လူတွေဖန်တီးထားတဲ့ ချည်တွေနဲ့ပဲ ချုပ်လုပ်ကြပါတယ်။ အဲဒီလိုချည်သားတွေက လေဝင်လေထွက် မကောင်းဘဲ ချွေးတွေကို ပိတ်မိနေစေပါတယ်။

အတွင်းခံအဝတ်အစားတွေကို တစ်နေကုန် ဝတ်ထားတဲ့အခါ ချွေးနဲ့ ဘက်တီးရီးယားတွေပေါင်းပြီး ဘက်တီးရီးယားတွေ ပွားလာစေသလို အရေပြား ပြဿနာတွေကိုလည်း ဖြစ်စေပါတယ်။

၂။ ခန္ဓာကိုယ်အနံ့အသက် မကောင်းခြင်း

လူတွေဖန်တီးထားတဲ့ ချည်သားတွေက ချွေးတွေကို ပိတ်မိစေတာကြောင့် ခန္ဓာကိုယ် အနံ့အသက်တွေကိုလည်း ပိုဆိုးလာစေပါတယ်။ အဲဒါကြောင့် အတွင်းခံအဝတ်အစားတွေ ဝတ်တဲ့အချိန်ကို လျှော့ချလိုက်ပါ။ ခန္ဓာကိုယ် အနံ့အသက်ဆိုးထွက်တာ သိသိသာသာ လျော့ကျသွားတာကို တွေ့ရမှာပါ။

၃။ အသားအရေကို ထိခိုက်စေခြင်း

သင်က အသားအရေ ထိခိုက်လွယ်သူဆိုရင် အတွင်းခံ အဝတ်အစားတွေကို တစ်နေကုန် မဝတ်ထားသင့်ပါဘူး။ အတွင်းခံအဝတ်အစားတွေက တင်းကျပ်တာကြောင့် အချိန်ကြာလာရင် အသားတွေကို ပွန်းလာစေပါတယ်။

အသားအရေယားယံတာ၊ အနီကွက်တွေ ဖြစ်လာတာကို ကြုံတွေ့ရစေတာကြောင့် အိမ်မှာနေတဲ့ အချိန်တွေမှာ ပွပွချောင်ချောင် အဝတ်အစားတွေကို ဝတ်ဆင်ပါ။

၄။ ဓာတ်မတည့်ခြင်း

အတွင်းခံအဝတ်အစားတွေကို အရောင်မျိုးစုံတွေနဲ့ ထုတ်လုပ်ကြပါတယ်။ အရောင်တွေကိုလည်း လူသားတွေ ဖန်တီးထားတဲ့ ဆိုးဆေးတွေနဲ့ ဆိုးထားကြပါတယ်။ အဲဒီလိုအရောင်တွေနဲ့ သင်က ဓာတ်မတည့်တဲ့အခါ အဖုပေါက်တာ၊ ယားတာ၊ အနီကွက်တွေဖြစ်တာ စတဲ့ ဓာတ်မတည့်တဲ့ ပြဿနာတွေကို ဖြစ်စေပါတယ်။

ဓာတုချည်သားတွေနဲ့ ချုပ်လုပ်ထားတဲ့ အတွင်းခံအဝတ်အစားတွေကို တစ်နေကုန်ဝတ်တာက ကူးစက်ရောဂါပိုးတွေကိုလည်း ဝင်လွယ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments