အသက် ၄၀ မတိုင်ခင်မှာ မဖြစ်မ​နေသိထားသင့်တဲ့အချက် (၁၀) ချက်

ဘဝဆိုတာဟာ အစီအစဉ်တွေဆွဲရင်း အလုပ်ရှုပ်ရင်းနဲ့ ဖြစ်ပျက်သွားတာပါပဲ။ သင့်အသက် ၄၀ ပြည့်သွားပြီဖြစ်ကြောင်းနှင့် ဆယ်စုနှစ်သစ်တစ်ခု ရောက်ရှိလာပြီဖြစ်ကြောင်း သင်သိဖို့လည်း အချိန်တန်လာပါပြီ။ အသက် နှစ်ဆယ်ကျော်ကနေ သုံးဆယ်အတွင်း သင်ယူခဲ့သမျှကို လက်တွေ့အကောင်အထည်ဖော်ဖို့ အချိန်ကောင်းပါပဲ။

၁။ သင့်ကိုသင်ပဲ အာရုံစိုက်ပြီး တခြားသူတွေကို မေ့လိုက်ပါတော့။

သင့်ဘဝရွေးချယ်မှုတွေက သင့်ပေါ်ပဲမူတည်နေတယ် ဆိုတာကို သိသင့်လာပါပြီ။ သင့်ကိုယ်သင် ပိုကောင်းလာဖို့ တခြားသူတွေရဲ့ ဆန်းစစ်မှုအောက်မှာ ကိုယ့်ကိုယ်ကို မထားသင့်ပါဘူး။ သင့်အတွက် အကောင်းဆုံးအရာကို လုပ်ပါ၊ အခြားသူတွေပြောတာကို ဂရုမစိုက်ပါနဲ့။ သင့်ဘဝကို ပြောင်းလဲဖို့ သင့်ရဲ့ စိတ်ဆန္ဒကို ဆုပ်ကိုင်လိုက်ပါ။

၂။ ပြီးခဲ့တဲ့ ဇာတ်လမ်းတွေကို မေ့ထားခဲ့လိုက်ပါ။

အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို မေ့ဖျောက်ပစ်လိုက်ပါ။ ပြီးခဲ့တာတွေကို ခံစားမနေပဲ လက်ရှိမှာ အကောင်းဆုံး ဖြတ်သန်းပါ။ ဒါပေမယ့် အမှားတွေကနေ သင်ယူပါ။ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုလိုမျိုး စိတ်ခံစားမှုတွေ ရောနှောနေခြင်းက စိတ်ကျန်းမာရေးကို တိုးတက်စေပြီး ဘဝအတွက် ပိုမိုအဓိပ္ပာယ်ရှိစေကြောင်း သက်သေပြထားပါတယ်။ "ပျော်ရွှင်မှု" အတွက်မဟုတ်ဘဲ သင့်ကိုယ်သင်အတွက် ကြိုးစားပါ။

၃။ သူငယ်ချင်းတွေကို အချိန်ပေးပါ။

ငယ်ရွယ်စဉ်က အလုပ်တွေ ဖိလုပ်နေမိတာကြောင့် သူငယ်ချင်းမိတ်ဆွေတွေကို အချိန်မပေးမိတာမျိုး ဖြစ်ဖူးမှာပါ။ ဒါကြောင့် တစ်ပတ်မှာ တစ်ခါလောက်တော့ သူငယ်ချင်းတွေနဲ့တွေ့ဖြစ်အောင်တွေ့ပါ။ သူတို့ကို အချိန်ပေးပြီး အရာရာကို တိုင်ပင်ပါ။

၄။ ပြီးပြည့်စုံမှုရယ်လို့ မရှိပါဘူး။

အသက်ကြီးလာလေ လူတွေရဲ့ အသားအရည်က ပြောင်းလဲလာလေပါပဲ။ အရွယ်ရလာလို့ ပြောင်းလဲသွားတာကို တွေးပူပြီး ဝမ်းနည်းမနေပါနဲ့။ လူတိုင်းမှာ အလှကိုယ်စီဆိုတာ ရှိကြပါတယ်။ ကိုယ်အသက်အရွယ်ရလာလို့ ပြောင်းလဲသွားတယ် ဆိုတာကို လက်ခံလိုက်ပါ။ IG filters နဲ့ make-up တွေက ပြီးပြည့်စုံတဲ့ မဟာမိတ်တွေဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။

၅။ ပိုင်ဆိုင်မှုတွေက ဒီလောက်ပဲ ဆိုတာကို တွေးပါ။

ငယ်ငယ်က ပစ္စည်းတစ်ခုခု ဝယ်ပြီးတိုင်း ပျော်နေတတ်ပေမယ့် အရွယ်ရလာတဲ့အခါမှာ ဒါတွေက ဘာမှမဟုတ်ဘူး ဆိုတာကို သိလာပါလိမ့်မယ်။ အလှအပအတွက် ဆိုတာထက် သင်လိုအပ်မယ့် အရာတွေအတွက်ပဲ ငွေကိုသုံးပါ။ အထူးသဖြင့် အလှူအတန်းတွေကို ပိုလုပ်ပြီး ပေးကမ်းစွန့်ကြဲရတာက ပိုပျော်ဖို့ကောင်းပါလား ဆိုတာကို သင်သိလာပါလိမ့်မယ်။

၆။ သင်ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ ပြပါ။

ငယ်ငယ်တုန်းကတော့ အလုပ်ကြိုးစားဖို့ အားတင်းထားပေမယ့် နောက်ဆုံးမှာ ပျက်ဆီးသွားတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အဲဒါတွေကို ဖြစ်အောင် လုပ်ရပါမယ်။ အစည်းအဝေးတွေမှာ ပိုမိုတက်ကြွစွာ ပါဝင်ပါ၊ သင့်လုပ်ငန်းခွင် ပိုမိုကောင်းမွန်စေဖို့အတွက် အကြံဉာဏ်သစ်တွေ ထုတ်ပါ၊ သင့်ကိုယ်သင် ဆုပ်ကိုင်ထားမှုကို ရပ်လိုက်ပါ။ ထိုက်တန်တဲ့ တိုးမြင့်မှုအတွက် သင့်အထက်လူကြီးကို တောင်းဆိုပါ။ သင်လုပ်နိုင်တာကိုတွေ့ရင် အံ့သြသွားပါလိမ့်မယ်။

၇။ မနက်ခင်းတိုင်းမှာ နေရောင်ကာခရင်မ်ကို လိမ်းပါ။

သင့်မနက်ခင်း လုပ်ရိုးလုပ်စဉ်အတွက် အချိန်အများကြီး ဖြုန်းနေတယ်လို့ သင်ထင်ရင် နှစ်ကြိမ်စဉ်းစားပါ။ အသားအရေက ပြောင်းလဲလာပြီ ဖြစ်တဲ့အတွက် အပြင်ထွက်တိုင်း နေရောင်ကာခရင်မ်ကို လိမ်းဖို့မမေ့ပါနဲ့။

၈။ လူတွေ လေးစားအောင်နေပါ။

သင်တစ်နေရာရာမှာ ရပ်ပြီး စောင့်ဆိုင်းနေတာပဲဖြစ်ဖြစ်၊ စျေးဝယ်နေတာပဲဖြစ်ဖြစ် လူအထင်ကြီးအောင်နေပါ။ ကိုယ်က ရင့်ကျက်တည်ငြိမ်တယ် ဆိုတာကို ပြပါ။ ကိုယ်ကအရင်လို ကလေးမဟုတ်တော့ပဲ အသက်အရွယ်တစ်ခု ရောက်နေပြီဆိုတာကို မမေ့ပါနဲ့။

၉။ ခံနိုင်ရည်ရှိမှုက သင်ရဲ့ ပိုင်ဆိုင်မှုအသစ် ဖြစ်ပါတယ်။

သင့်မှာ တခြားသူတွေလိုမျိုး အတွေ့အကြုံ၊ ချိတ်ဆက်မှုတွေ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ တူညီမှုတွေ မရှိနိုင်ပေမယ့်လည်း သင်ရဲ့ ခံနိုင်ရည်နှင့် တခြားအရာတွေကို လိုချင်နေတဲ့ ဆန္ဒကို ထိန်းချုပ်နိုင်ခြင်းက ကြီးမားတဲ့ ခြားနားမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီအဆင့်မှာ သင်လိုအပ်တဲ့ တစ်ခုတည်းသော အရာက သင့်ကိုယ်သင် ယုံကြည်ပြီး သင်မြတ်နိုးတဲ့အရာတွေကို အကောင်အထည်ဖော်နိုင်ဖို့ စိတ်ပိုင်းဖြတ်ခြင်းပါ။

၁၀။ တစ်နေ့တာရဲ့ အကောင်းဆုံးအချိန်က အိမ်မှာအနားယူခြင်းပါပဲ။

ဘယ်လောက်ပဲ အလုပ်တွေ ပင်ပန်းလာလာ အိမ်ပြန်ရောက်ရင် ဒါတွေကို မေ့သွားကြပါတယ်။ ဒါကြောင့် အိမ်ပြန်ရောက်တာနဲ့ ခြေပစ်လက်ပစ် အနားယူပါ။ ဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေကို သိပ်မသုံးတော့ပဲ အိမ်ကလူတွေနဲ့ အချိန်ဖြုန်းပါ။ အချိန်ရရင် စာဖတ်ပါ။ မိသားစုတွေနဲ့ ထမင်းဟင်းချက်စားပြီး စကားတွေပြောပါ။

Zombie (lovemedia )

Post a Comment

0 Comments