သိပ္ပံနည်းအရ အချစ်စစ်ကို ရှာတွေ့နိုင်မယ့်အရွယ်က ဘယ်အရွယ်ဖြစ်မလဲ

လူတိုင်းနီးပါးက ဆယ်ကျော်သက်အရွယ်မှာ ရင်ခုန်ရတဲ့ အခိုက်အတန့်လေးတွေ ရှိခဲ့ဖူးပါတယ်။ တချို့က စစ်မှန်တဲ့အချစ်ကို ဆယ်ကျော်သက်အရွယ်မှ ရှာတွေ့သလို အချို့ကလည်း အသက် ၃၀ နားနီးမှ အချစ်စစ်ကို ရှာတွေ့တာပါ။ ဒါပေမယ့် သိပ္ပံနည်းအရ အချစ်စစ်ကို ရှာတွေ့နိုင်မယ့် အသက်အရွယ်ကို တွက်ချက်လို့ ရပါတယ်။

လူတွေက အချစ်စစ်ကို ဘယ်အရွယ်မှာ ရှာတွေ့နိုင်သလဲဆိုတဲ့ လေ့လာချက်ကို သင်္ချာပညာရှင် Dr.Hannah Fry က သုတေသန ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့သုတေသနကို သင်္ချာကို အခြေခံတဲ့ပုံသေနည်းတွေ၊ ကိန်းဂဏန်း အချက်အလက်တွေ၊ အယ်လဂိုရီသမ်တွေနဲ့ လေ့လာခဲ့ပါတယ်။

Dr.Hannah Fry ရဲ့သီအိုရီအရ အချစ်စစ်ကို ရှာမတွေ့ခင်မှာ လူဘယ်နှယောက်နဲ့ ချစ်ကြိုက်ပြီး လွဲနိုင်မလဲ ဆိုတာကို ခန့်မှန်းလို့ ရပါတယ်။

ဘဝအတွက် အသင့်တော်ဆုံးအချစ်ကို အသက် ၂၇ ကျော်ပြီးရင် ရှာတွေ့နိုင်ချေ ပိုများပါတယ်။

အသက် ၂၅ မတိုင်ခင်အထိ လူတိုင်းနီးပါးက အချစ်စစ်နဲ့ လွဲချော်တတ်ကြောင်း သူ့ရဲ့သီအိုရီတွေအရ သိနိုင်ပါတယ်။ အသက် ၂၇ နှစ်ကနေ ၃၅ နှစ်အထိက သင်နဲ့အဆင်ပြေမယ့်သူကို ရှာတွေ့နိုင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဘာ့ကြောင့်လဲ ဆိုတော့ ဘဝရဲ့အရှေ့ပိုင်းက အတွေ့အကြုံတွေကိုယူပြီး ကောင်းမွန်တဲ့ အချစ်ရေးကို တည်ဆောက်နိုင်လို့ပါ။

လူရွေးမှန်ဖို့အတွက် ဘဝရှေ့ပိုင်းက ရှိခဲ့ဖူးတဲ့ သင်ခန်းစာတွေကလည်း အရေးကြီးပါတယ်။

ငယ်ရွယ်စဉ်မှာတော့ အချစ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေသင့်မှာ ရှိခဲ့ဖူးမှာပါ။ တကယ်တော့ အချစ်ဦးတွေက သင့်ကို အချစ်အကြောင်း၊ အသည်းကွဲပုံကွဲနည်းတွေ အများကြီး သင်ကြားပေးကြတဲ့ ဆရာတွေပါပဲ။

အသက် ၂၇ ကျော်လို့ ၃၀ နားကပ်လာတဲ့အခါ ရင့်ကျက်လာပြီး ဘဝကို လက်တွေ့ကျကျ စဉ်းစားတတ်လာပါပြီ။ အဲဒါကြောင့် လေ့လာချက်အရ အသက် ၂၇ နှစ်ကနေ ၃၅ နှစ်အရွယ်ဟာ အချစ်စစ်ကို ရှာတွေ့နိုင်တဲ့ အကောင်းဆုံးအရွယ်ပါပဲ။

အချစ်နဲ့ပတ်သက်ပြီး လူသားတွေမှာ မသိစိတ်က စေ့ဆော်မှု ရှိပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ရင်ခုန်ရုံနဲ့ အချစ်မဟုတ်သေးပါဘူး။ တကယ်ချစ်တဲ့သူနဲ့ တွေ့ဆုံတဲ့အခါ မသိစိတ်ကနေ စေ့ဆော်မှု ရှိလာပါတယ်။ သင်္ချာက မညာသလို နှလုံးသားကလည်း မညာပါဘူး။

အဲဒါကြောင့် သင်က အခုထိ စစ်မှန်တဲ့အချစ်ကို မတွေ့သေးဘူး ဆိုရင်လည်း စိတ်မပူပါနဲ့ဦး။ အချစ်စစ်က အချိန်ကျရင် ရောက်လာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments