အချို့တွေက အပြင်က ခန္ဓာကိုယ်က သေးသွယ်နေပေမယ့် ဓာတ်ပုံရိုက်လိုက်ရင် ခန္ဓာကိုယ်ကြီးသွားသလို ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ဓာတ်ပုံရိုက်ရမှာ မဝံ့မရဲ ဖြစ်နေတတ်ကြပါတယ်။

ဒီနေ့မှာတော့ ဓာတ်ပုံရိုက်တဲ့အခါ သေးသွယ်လှပပြီး စမတ်ကျနေစေဖို့အတွက် နည်းလမ်းတချို့ကို love media ကနေ ဖော်ပြပေးပါမယ်နော်။ ဒီနည်းတွေကို အသုံးပြုတဲ့အခါ သင့်ရဲ့အလှက ပေါ်လွင်သွားပြီး ဓာတ်ပုံရိုက်ရင် ယုံကြည်မှုအပြည့် ရှိနေမှာပါ။

၁။ မေးစေ့ကို ရှေ့သို့ နည်းနည်းတိုးပါ။

သင့်မှာမေးနှစ်ထပ်ဖြစ်နေရင် ဓာတ်ပုံထဲမှာ အရမ်းသိသာပါတယ်။ အဲဒါကြောင့် ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာကို နည်းနည်းမော့ထားပြီး မေးစေ့ကို ရှေ့သို့ အနည်းငယ်တိုးလိုက်ပါ။ အဲဒီအခါ မျက်နှာက မေးနှစ်ထပ်တွေပျောက်ပြီး သဘာဝကျကျ လှနေမှာပါ။

၂။ ခါးကို မတ်မတ်ထားပါ။

ခါးနဲ့ ပုခုံးကို ကုန်းထားရင် ခန္ဓာကိုယ်ကြီးသယောင် ထင်ရစေပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ခါးကို မတ်မတ်ထားပြီး ပုခုံးကို အနောက်ဘက်သို့ အနည်းငယ် ယိမ်းထားပါ။

၃။ လက်တွေကို ခန္ဓာကိုယ်မှာ မကပ်ထားပါနဲ့။

လက်တွေကို ခန္ဓာကိုယ်မှာ ကပ်ထားရင် လူငယ်ဆန်တဲ့ အသွင်အပြင်ကို မရတော့ပါဘူး။ အဲဒါကြောင့် လက်ကို ရှေ့ထုတ်တာပဲဖြစ်ဖြစ်၊ ခါးထောက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ကို တည့်တည့်မထားဘဲ အနည်းငယ် စောင်းထားပါ။

၄။ မတ်တပ်ရပ်တဲ့အခါ တစ်စောင်းရပ်ပါ။

မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ခန္ဓာကိုယ်ကို ၄၅ ဒီဂရီစောင်းတဲ့ အနေအထားနဲ့ ရပ်ပါ။ ခြေထောက်တစ်ဖက်ကို အနည်းငယ် ရှေ့ထုတ်ထားပါ။ အဲဒီအခါ အရပ်ရှည်တယ်လို့ ထင်ရစေပါတယ်။

၅။ ကပ်မရာနဲ့ အရမ်းမကပ်လိုက်ပါနဲ့။

ကင်မရာနဲ့ အရမ်းကပ်ပြီးရိုက်ရင် ခန္ဓာကိုယ်က အကြီးကြီး ဖြစ်သွားတတ်ပါတယ်။ ဓာတ်ပုံရိုက်ပေးသူနဲ့ ခပ်ဝေးဝေး အနေအထားမှာနေတာက သေးသွယ်တဲ့ အသွင်အပြင်ကို ရစေပါတယ်။

၆။ အလယ်မှာနေပါ။

အုပ်စုလိုက် ဓာတ်ပုံရိုက်ရင် ခန္ဓာကိုယ်ဝနေတာကို ဖုံးကွယ်ချင်တဲ့အခါ အလယ်မှာနေပါ။ ပြီးတော့ ခန္ဓာကိုယ်ကို တဖြောင့်တည်းမထားဘဲ အနည်းငယ် စောင်းထားပါ။

၇။ ကင်မရာကို အနည်းငယ်ပင့်ပြီး ရိုက်ပါ။

သင့်ရဲ့မေးနှစ်ထပ်ကို ဖုံးကွယ်ချင်ရင် ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံဆရာကို ကင်မရာအနည်းငယ်ပင့်ပြီး ရိုက်ပေးဖို့ပြောပါ။ သင့်ကို အပေါ်စီးကနေ မြင်ရတဲ့ပုံစံက ဆန်းသစ်ပြီး ခန္ဓာကိုယ်ပြည့်နေတာ မသိသာတော့ပါဘူး။

၈။ ခြေထောက်ကို စောင်းထားပါ။

ထိုင်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ခြေထောက်ကို ယှက်ပြီး ထိုင်မယ့်အစား ခြေထောက်နှစ်ဖက်လုံးကို အနည်းငယ်စောင်းပြီး ထိုင်ပါ။ အဲဒီပုံစံက သင့်ကို အရပ်ရှည်တယ်လို့ ထင်ရပြီး ခြေထောက်အလှကိုလည်း ပိုထင်ရှားစေပါတယ်။

၉။ ခါးကို အနောက်ဘက်သို့ အနည်းငယ်ကော့ထားပါ။

ဒီနည်းက ခြေထောက်နှစ်ဖက်ကြားမှာ ဟနေတဲ့ပုံစံ ဖြစ်စေတာကြောင့် ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ် ဖြစ်စေမှာပါ။

၁၀။ ဗိုက်နေရာကို ပိုက်ဆံအိတ်နဲ့ ဖုံးကွယ်ထားပါ။

သင်ရဲ့ဗိုက်မှာ အဆီတွေရှိနေတဲ့အခါ ပိုက်ဆံအိတ် သို့မဟုတ် စာအုပ်နဲ့ ဖုံးကွယ်ပြီး ဓာတ်ပုံရိုက်ပါ။

Zombie (lovemedia)