သွားကို ဝါစေတဲ့ အဓိကအကြောင်းအရင်း (၆) ချက်

လူတစ်ယောက်ကို ပထမဆုံး သတိထားမိစေတဲ့အချက်က အပြုံးပါပဲ။ ပြီးပြည့်စုံတဲ့ အပြုံးဖြစ်ဖို့အတွက် သွားလေးတွေက ပုလဲလုံးလေးတွေလို ဖြူစင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အချို့သော နေ့စဉ်အပြုအမူအလွဲတွေကြောင့် သွားတွေက ဝါလာပါတယ်။

၁။ ကာဘွန်ဒိုင်အောက်ဆိုဒ်ဂတ်စ် ပါဝင်သော သောက်စရာများ

ဆိုဒါနဲ့ အချိုရည်တွေကို မသောက်တော့ရင် သွားကျန်းမာရေးက ထူးထူးခြားခြား ကောင်းမွန်လာပါတယ်။ ဒါပေမယ့် ကာဘွန်ဒိုင်အောက်ဆိုဒ်ဂတ်စ်ပါဝင်တဲ့ အချိုရည်တွေကို သောက်ရင်တော့ သွားတွေမှာ အဝါရောင်အစင်းတွေက ရှိနေဦးမှာပါ။ အမြှုပ်ထတဲ့ အချိုရည်တွေ၊ ယမကာတွေက သွားအပေါ်ယံကြွေလွှာတွေကို ယိုယွင်းစေပါတယ်။

၂။ ဆော့စ်ကို အစားများခြင်း

ဆော့စ်က အစားအစာတွေကို အရသာပိုရှိစေပါတယ်။ ဒါ့အပြင် ဆိုးကျိုးကတော့ သွားတွေကို ဝါစေတာပါ။ အရောင်များတဲ့ အခြားအစားအစာတွေလိုပဲ ဆော့စ်တွေကို အစားများရင် သွားတွေမှာ အရောင်တွေ စွဲလာပါတယ်။ အဲဒီအခါ သွားတိုက်ဆေးနဲ့ တိုက်ရုံနဲ့လည်း မပြောင်စင်တော့ပါဘူး။

၃။ ကော်ဖီကို ခဏခဏသောက်ခြင်း

သင်က မနက်ခင်းဆိုရင် ကော်ဖီမသောက်ရ မနေနိုင်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကော်ဖီကို တစ်ခါတရံသောက်တာ အရမ်းမသိသာပေမယ့် ခဏခဏ သောက်ရင်တော့ သင့်အပြုံးတွေက အရမ်းတောက်ပနေတော့မှာ မဟုတ်ပါဘူး။ ကော်ဖီမှာပါတဲ့ ရောင်ခြယ်ပစ္စည်းက သွားမှာ အစွန်းအထင်းတွေ ကျန်ရစ်စေပါတယ်။ အရမ်းပူတဲ့ကော်ဖီကို သောက်ရင်လည်း သွားအပေါ်ယံကြွေလွှာတွေ ထိခိုက်စေပါတယ်။

၄။ ပလုတ်ကျင်းပုံ မှားယွင်းခြင်း

ပလုတ်ကျင်းတာက ခံတွင်းကို သန့်ရှင်းစေပါတယ်။ ဒါပေမယ့် ပလုတ်ကျင်းဆေးမှာပါဝင်တဲ့ ဓာတုဆေးတွေကြောင့် သွားတွေက ပုလဲလုံးလေးတွေလို ဖြူဖြူဖွေးနေတော့မှာ မဟုတ်ပါဘူး။ ပလုတ်ကျင်းဆေးက ခံတွင်းထဲမှာရှိတဲ့ရောဂါတွေကို ကုသဖို့ပဲ ရည်ရွယ်တာပါ။ ပလုတ်ကျင်းဆေးမှာ chlorhexidine gluconate ပါဝင်တာကြောင့် သင့်သွားတွေမှာ အစွန်းတွေ ထင်ကျန်နေမှာပါ။

၅။ သွားတိုက်တဲ့အခါ ဖိပြီးတိုက်ခြင်း

အပြုံးလေးတွေ လှဖို့ သွားကို ဖိတိုက်တိုင်း သွားတွေက ဖြူစင်လာတာ မဟုတ်ပါဘူး။ သွားတိုက်တံနဲ့ ဖိဖိပြီး တိုက်တာက သွားအပေါ်ယံကြွေလွှာတွေကို ဖြည်းဖြည်းချင်း ထိခိုက်လာစေပါတယ်။ အဲဒီအခါ သွားတွေမှာ အခေါင်းပေါက်တွေ ပိုပြီးဖြစ်လာပါတယ်။

၆။ ရေကို လုံလုံလောက်လောက် မသောက်ခြင်း

ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးက ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ အထူးသဖြင့် ရေများများ သောက်တာကလည်း သွားတွေကို လင်းလက်လာစေပါတယ်။ ရေက သွားမှာရှိတဲ့ အစွန်းအထင်းတွေကို ဆေးချပေးသလိုဖြစ်ပြီး ဖြူဖွေးလာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments