နေကာမျက်မှန်ဝယ်တဲ့အခါ အရွေးမမှားစေမယ့်နည်းလမ်း (၇) ခု

နေကာမျက်မှန် တပ်လိုက်ပြီဆိုတာနဲ့ သင့်ရဲ့ ပုံစံက လူအများအမြင်မှာ ပြောင်းလဲသွားပါတယ်။ စတိုင်လ်တစ်ခုလည်းဖြစ်သလို နေရောင်ကိုလည်း ကာကွယ်ပေးပါတယ်။ ဒါတွေက သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် သေချာလေး ရွေးချယ်သင့်ပါတယ်။

၁။ UV ကာကွယ်မှု ရှိ၊ မရှိ စစ်ဆေးပါ။

အရည်အသွေးပြည့်မီတဲ့ နေကာမျက်မှန်တစ်ခုမှာ 100% UV ကာကွယ်မှု ဒါမှမဟုတ် UV 400 ကာကွယ်မှုဆိုပြီး တံဆိပ်တစ်ခု ပါရှိပါတယ်။ ဒါက သင့်မျက်လုံးအတွက် အကောင်းဆုံး ကာကွယ်မှု ပေးစွမ်းပါတယ်။ ဒါကြောင့် နေကာမျက်မှန်မဝယ်ခင် tag ကိုကြည့်ဖို့ မမေ့ပါနဲ့။

UV ဓာတ်မီးသုံးပြီး မျက်မှန်ကို စမ်းသပ်နိုင်ပါတယ်။ ဓာတ်မီးကို ပိုက်ဆံပေါ်အရင် ထိုးလိုက်ပါ။ ပြီးရင် မျက်မှန်ကို ကြားထဲမှာ ခံလိုက်ပါ။ အမှတ်အသားတွေ ပျောက်သွားတယ် ဆိုရင်တော့ မျက်မှန်က ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပါတယ်။

၂။ တစ်ဖက်နဲ့ တစ်ဖက်က နေရောင်ကို ကာကွယ်ပေးမှု ညီမညီကြည့်ပါ။

နေကာမျက်မှန်တွေရဲ့ အဓိကအလုပ်က မှန်ဘီလူးအတွင်းကို လုံလောက်တဲ့ အလင်းရောင်ဝင်ရောက်မှုကို ကန့်သတ်ဖို့ ဖြစ်ပါတယ်။ ဒါကို စမ်းသပ်ဖို့အတွက် မျက်မှန်တပ်ပြီး မှန်ထဲမှာ ကြည့်လိုက်ပါ။ သင့်မျက်လုံးကို မှန်ထဲမှာ ပြန်မြင်နေရတယ် ဆိုရင်တော့ သိပ်အဆင်မပြေနိုင်ပါဘူး။

၃။ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ မျက်မှန်ကိုင်းကို ရွေးပါ။

သင့်နေကာမျက်မှန်တွေရဲ့ အရည်အသွေးကို စစ်ဆေးပြီးတဲ့နောက် သင့်မျက်နှာပုံစံနှင့် လိုက်ဖက်တဲ့ မျက်မှန်ပုံစံကို ရွေးချယ်ဖို့ အချိန်တန်ပါပြီ။

- သင့်မျက်နှာက ဘဲဥပုံရှိတယ် ဆိုရင်တော့ စတုဂံပုံစံမျက်မှန်တွေကို တပ်သင့်ပါတယ်။

- မျက်နှာက အသည်းပုံပုံစံရှိတယ် ဆိုရင်တော့ ကိုင်းပါးတဲ့ မျက်မှန်မျိုး ရွေးသင့်ပါတယ်။

- မျက်နှာအချိုးက စတုရန်းပုံရှိတယ် ဆိုရင်တော့ အဝိုင်း၊ ဘဲဥပုံ ဒါမှမဟုတ် လိပ်ပြာပုံစံဘောင်တွေက အကောင်းဆုံး ဖြစ်ပါတယ်။

- မျက်နှာက ဝိုင်းတယ်ဆိုရင်တော့ အလျားရှည်တာတွေ၊ စတုဂံပုံရှိတဲ့ မျက်မှန်မျိုး ရွေးသင့်ပါတယ်။

- တြိဂံပုံစံ မျက်နှာအချိုးရှိတယ် ဆိုရင်တော့ ကြောင်မျက်လုံးပုံစံ မျက်မှန်တပ်သင့်ပါတယ်။

- မျက်နှာက ရှည်ပြီးလေးထောင့်ကျတယ် ဆိုရင်တော့ အပေါ်ကိုကွေးတက်ပြီး ဆိုဒ်နည်းနည်းကြီးတဲ့ မျက်မှန်မျိုး တပ်သင့်ပါတယ်။

၄။ မှန်ရဲ့ အရောင်ကို ရွေးချယ်နည်း

မျက်မှန်ပုံစံနဲ့ ကိုင်းကို ရွေးပြီးပြီဆိုရင်တော့ မျက်မှန်ရဲ့ အရောင်ကို ရွေးဖို့ အချိန်ရောက်ပါပြီ။

မီးခိုးရောင်

ဒီအရောင်ကတော့ ကားမောင်းတဲ့အချိန်နဲ့ အပြင်ဘက် ထွက်လည်ချိန်တွေမှာ တပ်ဖို့အကောင်းဆုံးပါပဲ။ နေသာတဲ့ နေ့တွေမှာ တပ်မယ်ဆိုရင်တော့ အသင့်တော်ဆုံးပါ။

အညိုရောင်

ဂေါ့ဖ်လိုမျိုး အားကစားလုပ်တဲ့အခါမှာ တပ်ဖို့အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် တိမ်ထူတဲ့ရာသီဥတုမှာ ဝတ်ဆင်ဖို့ အကြံမပြုထားတာမို့ ကားမောင်းရင်း မတပ်ပါနဲ့။

အနီရောင်/ပန်းရောင်

ဒီအရောင်တွေက သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ဆန့်ကျင်ဘက်တွေကို ချိန်ညှိပေးတာကြောင့် ဆောင်းရာသီ အားကစားလှုပ်ရှားမှုတွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် အပြာရောင်အလင်းကို ပိတ်ဆို့ပေးပြီး မျက်စိညောင်းညာမှုကို လျော့နည်းစေတာကြောင့် ကွန်ပျူတာ အသုံးပြုသူတွေနှင့် ဂိမ်းကစားသူတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

အပြာရောင်

ဒီအရောင်က ဆောင်းရာသီမှာတပ်လို့ သင့်လျော်တဲ့အပြင် သင်ဝတ်တိုင်းမှာလည်း အမှန်တကယ် ခေတ်ဆန်တဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။

အဝါရောင်

အဝါရောင်ကတော့ ညဘက်ကားမောင်းတဲ့အချိန်မှာ တပ်ဖို့အသင့်တော်ဆုံးပါ။ သူက အလင်းကို လျော့ချပေးတာကြောင့် လေယာဉ်မှူးတွေ၊ တင်းနစ်ကစားသမားတွေ၊ သေနတ်သမားတွေ၊ ကွန်ပျူတာ အသုံးပြုသူတွေ၊ ဂိမ်းကစားသူတွေနှင့် အခြားအရာများစွာအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

အစိမ်းရောင်

ဒီအရောင်ကိုတော့ ရေကူးသမားတွေ၊ ကွင်းပြင်ကစားတွေ အသုံးများပါတယ်။ အလင်းကို မှိန်ပေးလိုက်တာကြောင့် နေသာတဲ့နေ့တွေမှာတောင် သင့်ကို မျက်လုံးမစူးစေပါဘူး။

၅။ Polarized နေကာမျက်မှန်

ဒီမျက်မှန်တွေက ရေလိုမျိုး မျက်နှာပြင်ကနေ အလင်းပြန်လာတဲ့ နေရောင်ခြည်ရဲ့ အလင်းတန်းတွေကို ဖြတ်တောက်ပေးပါတယ်။ ပြီးတော့ UV ကိုလည်း ကာကွယ်ပေးပါတယ်။

၆။ အရမ်းမှောင်တာတွေ မရွေးပါနဲ့။

နေကာမျက်မှန်က မှောင်လေကောင်းလေပဲ ဆိုပြီးတော့ မဲနက်နေတဲ့ မျက်မှန်မျိုးတွေ မရွေးပါနဲ့။ မျက်မှန်ရဲ့ သဘောတရားက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပြီး မျက်လုံးကို အလင်းစူးတာကနေ လျှော့ချပေးဖို့ပါ။

၇။ Photochromic မှန်ဘီလူးတွေ သုံးပါ။

နေပူထဲ ထွက်ရင် မဲသွားပြီးတော့ နေရိပ်ထဲ ပြန်ရောက်ရင် အကြည်ရောင် ဖြစ်သွားတဲ့ မှန်မျိုုးကို သုံးသင့်ပါတယ်။ ဒါဆို မျက်မှန်ကို တကူးတကချွတ်နေတပ်နေစရာ မလိုတော့ပါဘူး။ UV စုပ်ယူနိုင်တဲ့ အမျိုးအစားထဲမှာ ပါဝင်နေတာကြောင့် အလင်းဆက်တင် အမျိုးမျိုးနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်နေရတာကြောင့် အချိန်အနည်းငယ်တော့ ကြာတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments