လေနာတာကို အမြန်ဆုံးသက်သာစေမယ့် နည်းလမ်း (၆) ခု

လေတွေက ဗိုက်ထဲမှာ ပိတ်မိနေတဲ့အခါ ဝမ်းချုပ်ခြင်းနှင့် နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ခံစားရတာကလည်း တော်တော်ကို ဆိုးဝါးပြီးတော့ ဗိုက်ကိုလည်း နာစေပါတယ်။ အဲဒါကြောင့် လေနာတာကို အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဝမ်းဗိုက်ကို နာရီလက်တံအတိုင်း နှိပ်နယ်ပေးပါ။

ဒီနည်းလမ်းလေးက အရမ်းကို ရိုးရှင်းပြီး သင့်မှာ ပိတ်မိနေတဲ့ လေတွေကို ထွက်စေရုံသာမကပဲ ရောင်ရမ်းခြင်းနှင့် ကြွက်တက်ခြင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၂။ ပန်းသီးရှာလကာရည် သို့မဟုတ် မုန့်ဖုတ်ဆိုဒါကို သုံးပေးပါ။

ပန်းသီးရှာလကာရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေတစ်ခွက်နဲ့ သောက်တာက သင့်မှာ ပိတ်မိနေတဲ့လေတွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရေခွက်တစ်ခွက်ထဲမှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းကို ရောပြီး သောက်တာကလည်း တူညီသော အကျိုးသက်ရောက်မှု ရရှိစေပါတယ်။

၃။ စမုန်နက်စေ့ စားပါ။

စမုန်နက်စေ့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် ဝါးစားခြင်းက လေလည်ဖို့အတွက် သဘာဝဆေးတစ်လက် ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေ၊ နို့တိုက်မိခင်တွေကတော့ ဒီနည်းလမ်းကို ရှောင်ကြဉ်သင့်ပါတယ်။

၄။ ဗိုက်ကို နွေးအောင်ထားပေးပါ။

လေလည်ဖို့အတွက် ရေနွေးအိတ်က ကူညီပေးနိုင်ပါတယ်။ အပူရှိန်က သင့်ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ပိတ်ဆို့နေတဲ့ ဓာတ်ငွေ့တွေကို အူလမ်းကြောင်းအတွင်း ဖြတ်သန်းဖို့ အားပေးပြီး ဝမ်းဗိုက်နာကျင်မှုကို လျှော့ချပေးနိုင်ပါတယ်။

၅။ ဆေးဘက်ဝင်လက်ဖက်ရည် သောက်ပါ။

ဂျင်း၊ anise၊ chamomile၊ နှင့် peppermint တို့ကနေ ပြုလုပ်ထားတဲ့ ဆေးဖက်ဝင်လက်ဖက်ရည်တွေက အစာချေဖျက်မှုကို အထောက်အပံ့ပေးပြီး လေကို ကောင်းကောင်းလည်စေပါတယ်။ ဒါ့အပြင် စမုန်နက်လက်ဖက်ရည်က ဝမ်းကို ပျော့စေတာကြောင့် ဝမ်းချုပ်နေတဲ့သူတွေ သောက်ဖို့ သင့်တော်ပါတယ်။ ဒါပေမယ့် ဝမ်းအလွန်အကျွံသွားတယ် ဆိုရင်တော့ သောက်တာရပ်လိုက်သင့်ပါတယ်။

၆။ ယောဂကျင့်စဉ်အချို့ ပြုလုပ်ပါ။

ဒီယောဂကျင့်စဉ်တွေက လေလည်ဖို့ကို အားပေးတဲ့ သင့်ခန္ဓာကိုယ်ရဲ့ အချို့သော အစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် သင်ရဲ့အသက်ရှုတဲ့ပုံစံကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ လေကို ရှူသွင်းလိုက်တိုင်း ဗိုက်ကို ကျယ်အောင်လုပ်ပါ။ ရှူထုတ်လိုက်တဲ့အခါ လည်ပင်းကို ကျောရိုးဆီကနေ ဆွဲတင်လိုက်ပါ။

လေအားလျော့စေသော ကိုယ်ဟန်

ခြေထောက်တွေကို ၉၀ ဒီဂရီ အပေါ်ကို မြှောက်ပြီး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းပါ။ ပြီးရင် ဒူးကိုကွေးပြီး ပေါင်တွေကို ဝမ်းဗိုက်ထဲ ဆွဲသွင်းပြီး ခြေချင်းဝတ်နဲ့ ဒူးတွေကို တညီတည်းဖြစ်အောင် သေချာထားပါ။ လက်နှစ်ဖက်နဲ့ ခြေထောက်တွေကို အုပ်ထားပါ။ နောက်ဆုံးမှာ လည်ပင်းကို အပေါ်ကို မော့လိုက်ပြီး မေးစေ့ကို ရင်ဘတ်သို့ ဒါမှမဟုတ် ဒူးပေါ်ကို တင်လိုက်ပါ။

ပျော်ရွှင်နေတဲ့ ကလေးပုံစံ

ကြမ်းပေါ်မှာ လှဲချလိုက်ပြီး ဒူးနှစ်ဖက်ကို ခန္ဓာကိုယ်တစ်ဖက်စီမှာ ကပ်ထားပါ။ ခြေဖဝါးတွေကို မျက်နှာကျက်ဆီကို ဦးတည်ထားပြီး ဒူးကိုကွေးနေအောင်ထားပါ။ ပြီးရင် ခြေထောက်ကို လက်နဲ့ဆွဲပြီး အောက်ကို ညင်သာစွာ ဆွဲချပါ။ ဒီအနေအထားကို ၁ မိနစ်အထိ ထိန်းထားပါ။

ရှေ့ကို ညွတ်တဲ့ ကိုယ်နေဟန်ထား

ကြမ်းပြင်ပေါ်မှာ မတ်မတ်ထိုင်ပြီး သင့်ခြေထောက်တွေကို သင့်ရှေ့တည့်တည့်မှာ ထားပါ။ ပြီးတော့ သင့်ခါးကို ရှေ့ကို ကွေးပြီး ကြမ်းပြင်ကနေ တင်ပါး မကြွလာအောင် သေချာထိုင်ပါ။ သင့်လက်တွေကို တတ်နိုင်သလောက် ခြေချောင်းတွေဆီ ရောက်အောင်ပို့ပါ။

လေအောင့်လေနာတာ မဖြစ်အောင် ဘာတွေရှောင်ရမလဲ။

- အရက်ကို လျှော့သောက်ပါ။ သောက်ရင်လည်း တစ်ကျိုက်တည်း မသောက်ပဲ ဖြေးဖြေးချင်း ခွဲသောက်ပါ။ အရက်က အစာအိမ်နာတာနဲ့ လေချုပ်ခြင်းကို ဖြစ်စေပါတယ်။

- ပီကေ မဝါးပါနဲ့။

- ဖြည်းဖြည်းမှန်မှန် စားပါ။ မြန်မြန်စားတာ ဒါမှမဟုတ် ငြိမ်ငြိမ်မနေပဲ အစာစားတာက အစာနဲ့အတူ လေကို မျိုချနိုင်ပါတယ်။

- ကာဗွန်နိတ်မပါတဲ့ အချိုရည်တွေပဲ သောက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments