သင့်ရဲ့အလှအပအတွက် ဇွန်းတစ်ချောင်းရိုရုံနဲ့ အသုံးဝင်တဲ့အရာ (၁၀) ခု

အပြစ်အနာအဆာမထင်တဲ့ အလှအပကို ရဖို့အတွက် နည်းလမ်းတွေ၊ အထောက်အကူပစ္စည်းတွေက အများကြီးပါပဲ။ ဒါပေမယ့် သင့်အလှကို ပိုပြည့်စုံစေဖို့ ဇွန်းတစ်ချောင်းကလည်း ကူညီပေးနိုင်ပါတယ်။

၁။ မျက်ရည်အိတ်

မျက်ရည်အိတ် ရောင်ရမ်းနေတဲ့အခါ စိတ်ပူစရာ မလိုတော့ပါဘူး။ ဇွန်းနှစ်ချောင်းကို ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့် ထည့်ထားပါ။ ပြီးရင် ဇွန်းတွေကို မျက်လုံးအောက်မှာ ကပ်ထားပြီး နားရှိရာဘက်ကို ဖြည်းဖြည်းချင်း ဆွဲသွားပါ။ ဒီလိုနှိပ်နယ်နည်းက မျက်ရည်အိတ်ရောင်တာကို သိသိသာသာ သက်သာသွားစေပါတယ်။

၂။ Eyeliner

Eyeliner ဆိုးတဲ့အခါ မညီညာတာ၊ ချော်ထွက်သွားတာတွေက အချိန်ကုန်ပြီး မလှမပ ဖြစ်စေပါတယ်။ ဒါပေမယ့် ဇွန်းတစ်ချောင်းရှိရုံနဲ့ Eyeliner ကို လှလှပပ ဆွဲလို့ရပါတယ်။ ဇွန်းရှည်ကို ပုံမှာပြထားတဲ့အတိုင်း မျက်လုံးထောင့်နေရာမှာထားပြီး ဆွဲလိုက်ရုံပါပဲ။

၃။ Mascara

ရှည်လျားတဲ့ မျက်တောင်ရဖို့အတွက် ဇွန်းကို မှောက်ပြီး မျက်တောင်အောက်မှာ ထားပါ။ အဲဒီနောက် Mascara ကို သေသေသပ်သပ် ဆွဲလို့ရပါပြီ။ ဒီနည်းက Mascara တွေ မျက်နှာပေါ်ကိုလည်း မပေစေတော့ပါဘူး။

၄။ မိတ်ကပ်

မိတ်ကပ်ဘူးက ပြုတ်ကျပြီး ကွဲသွားတဲ့အခါ မိတ်ကပ်ဘူးထဲကို အယ်လ်ကိုဟော အနည်းငယ်ထည့်ပါ။ အဲဒီနောက် ဇွန်းနဲ့ လိုက်ဖိဖိုက်ပါ။ မိတ်ကပ်က ခြောက်သွားတာနဲ့ ပြန်သုံးလို့ရပါပြီ။

၅။ မျက်ခုံး

သေသပ်လှပတဲ့ မျက်ခုံးဖြစ်ဖို့ ဇွန်းရှည်တစ်ချောင်းနဲ့ ပုံဖော်လို့ရပါတယ်။ ဇွန်းကို မှောက်ပြီး မျက်လုံးပေါ်မှာ တင်လိုက်ပါ။ ဇွန်းကွေးသွားတဲ့အတိုင်း မျက်ခုံးကို လိုက်ဆွဲလိုက်ရုံပါပဲ။ အဲဒီနောက်မှာ မျက်ခုံးကို လိုအပ်သလို လိုက်ဖြည့်ရင် ပြီးပြည့်စုံသွားပါပြီ။

၆။ ဝက်ခြံ

ဝက်ခြံတွေကို အလွယ်ကူဆုံး သက်သာစေမယ့်နည်းလမ်း ရှိပါတယ်။ ဇွန်းတစ်ချောင်းကို ရေနွေးပူထဲမှာ မိနစ်အနည်းငယ်ကြာ စိမ်ထားလိုက်ပါ။ ပြီးရင် ခဏလောက် အအေးခံထားပါ။ အဲဒီနောက် ဝက်ခြံရှိတဲ့နေရာမှာ ဇွန်းကို မိနစ်အနည်းငယ်ကြာကပ်ထားပါ။ ဇွန်းကို ဝက်ခြံရှိတဲ့နေရာမှာ မကပ်ခင် ခံနိုင်လောက်တဲ့ အပူချိန်ရှိလားဆိုတာ သိဖို့ လက်ကောက်ဝတ်မှာ ခဏတို့ကြည့်ပါ။

၇။ ပါးနီ

ပါးနီဆွဲဖို့အတွက် ဇွန်းတစ်ချောင်း ရှိနေရင် အရမ်းမခက်ခဲတော့ပါဘူး။ ဇွန်းရှည်တစ်ချောင်းကို ပါးရိုးပေါ်မှာ တင်ထားပြီး ပါးနီးကို ခြယ်သလိုက်ပါ။ ဒီနည်းက အသားအရေကို ပိုမိုတောက်ပစေပြီး အချိုးမညီမှာကိုလည်း စိတ်မပူရတော့ပါဘူး။

၈။ မျက်နှာကို နှိပ်နယ်ခြင်း

မျက်နှာမှာအရေးအကြောင်းတွေကို သက်သာစေဖို့အတွက် ဇွန်းနဲ့ မျက်နှာတစ်ပြင်လုံးကို နှိပ်နယ်ပေးပါ။ ဇွန်းနဲ့ မျက်နှာကို နှိပ်နယ်တာက သွေးလည်ပတ်မှုကို တိုးတက်စေပြီး လန်းဆန်းသွားသလို ခံစားရစေပါတယ်။

၉။ မျက်တောင်

ကော့ညွတ်တဲ့မျက်တောင်ကို ရဖို့အတွက် ဒီနည်းကို ရှေးရှေးတုန်းက အမျိုးသမီးတွေက အသုံးပြုခဲ့ကြပါတယ်။ ဇွန်းရဲ့အစွန်းကို မျက်တောင်အောက်နေရာမှာ ထားပါ။ ပြီးရင် လက်မကို အသုံးပြုပြီး ဇွန်းအောက်ကနေ ဖိပေးပါ။ ဒါပေမယ့် မျက်လုံးကို မထိခိုက်ဖို့အတွက် အားအရမ်းမစိုက်ဖို့တော့ အရေးကြီးပါတယ်။

၁၀။ လက်သည်း

လက်သည်းကို တစ်ရောင်တည်း ဆိုးမယ့်အစား အရောင်လှလှလေး ဖြစ်အောင် ဇွန်းတစ်ချောင်းနဲ့ ပြုလုပ်နိုင်ပါတယ်။ အရောင်မတူတဲ့ လက်သည်းနီနှစ်ရောင်ကို ဇွန်းထဲမှာ ထည့်ပြီး ဖြည်းဖြည်းလေး မွှေပါ။ အဲဒီနောက် လက်သည်းပေါ်မှာ ဆိုးလိုက်လို့ရပါပြီ။

lovemedia

Post a Comment

0 Comments