Sneaker ဆိုတာက ခုချိန်မှာ အရမ်းကို ခေတ်စားနေပြီး ဘာနဲ့တွဲဝတ်ဝတ် လှပါတယ်။ အနောက်တိုင်း ဝတ်စုံနဲ့ပဲဖြစ်ဖြစ်၊ ရှပ်အင်္ကျီနဲ့ပဲဖြစ်ဖြစ်၊ တီရှပ်နဲ့ဖြစ်ဖြစ် တွဲဝတ်ရင်လိုက်ပါတယ်။ ဒါပေမယ့် ဒီလိုဝတ်မယ် ဆိုရင်တော့ သိထားသင့်တဲ့ တချို့အချက်လေးတွေတော့ ရှိပါတယ်။ ဘာတွေလဲ ဆိုတာကို တူတူကြည့်လိုက်ရအောင်။

သင့်ခြေထောက်နဲ့လိုက်မယ့် ဖိနပ်ကိုပဲ ရွေးပါ။

ဖိနပ်ကို ရွေးချယ်တယ်ဆိုတဲ့ နေရာမှာလည်း သူ့နေရာနဲ့သူ သင့်တော်တဲ့ဖိနပ်ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ အဝတ်အစားပုံစံတင်မကပဲ စီးရင် သက်တောင့်သက်သာဖြစ်စေတဲ့ ဖိနပ်ကို ရွေးတတ်ဖို့လိုပါတယ်။

လမ်းလျှောက်ရင် စီးတဲ့ဖိနပ်က နည်းနည်းမာပြီးတော့ ပြေးတဲ့အခါမှာ သုံးတဲ့ဖိနပ်က ပျော့ပြောင်းပါတယ်။ ဒါကြောင့် လမ်းလျှောက်ဖို့အတွက်ဆို ပြေးတဲ့ဖိနပ်မျိုးကို မသုံးသင့်ပါဘူး။

၁။ ၀တ်စုံတွေနှင့် စကတ်တိုတွေကို sneakers နဲ့ဝတ်ဆင်ပါ။

Chunky ဆိုတဲ့ sneaker တွေက ကြီးမားပြီး အလွှာတွေပါတဲ့ ဖိနပ်လို့ လူသိများပါတယ်။ သူတို့မှာက တိကျသေချာတဲ့ retro vibe ရှိပြီး A-line minis၊ midi စကတ်တွေ၊ နွေရာသီဝတ်စုံတွေနှင့် လိုက်ဖက်ပါတယ်။ တကယ်လို့ သင်က အရပ်ရှည်တယ် ဆိုရင်တော့ ဒူးအထက် အရှည်ရှိတဲ့ ဂါဝန်ကို ရွေးချယ်ခြင်းက ပိုကောင်းပါတယ်။

- midi ဂါဝန်နဲ့ ဝတ်တဲ့အခါ အရောင်တွေကို သေချာလိုက်ဖက်အောင်ရွေးပါ။

- အရောင်တွေ လိုက်ဖက်ပြီး ဆန့်ကျင်ဘက် မဖြစ်စေဖို့ ဂရုစိုက်ပါ။ ဥပမာ သင့်ဖိနပ်မှာ မီးခိုးရောင်နှင့် ပန်းရောင်ဖျော့ဖျော့တွေ ပါနေရင် ပန်းရောင်လေးတွေပါတဲ့ ၀တ်စုံကို ရွေးချယ်ပါ။

- ပေါ့ပေါ့ပါးပါး စတိုင်လ်ကျတာကို ရချင်တယ်ဆိုရင်တော့ ရောင်စုံပိုးထည်ဝတ်စုံနဲ့ သင့်ဖိနပ်ကို လိုက်အောင်စီးလိုက်ပါ။ သင့်ရဲ့စတိုင်လ်ကို ဖန်စီတွေ၊ အိတ်တွေနဲ့ ပြီးပြည့်စုံအောင်လုပ်နိုင်ပါတယ်။

၂။ အဖြူရောင် sneakers နဲ့ သင့်အသွင်အပြင်ကို ပုံဖော်ပါ။

အဖြူရောင် ဖိနပ်တွေက ဘယ်ဝတ်စုံနဲ့မဆို အမြဲတမ်း လိုက်ဖက်ပါတယ်။ ဘာနဲ့ပဲတွဲဝတ်ဝတ် လှနေတတ်ပါတယ်။

- ဘာဝတ်ရမယ်ဆိုတာ ပြတ်ပြတ်သားသား မဆုံးဖြတ်တတ်ဘူးဆိုရင် ဖိနပ်နဲ့ တွဲထားတဲ့ မိုနိုခရုမ်စကတ် ဒါမှမဟုတ် ၀တ်စုံက သင့်စိတ်ကို ပြောင်းလဲစေမှာပါ။ ကိုယ်လိုချင်တဲ့အရောင်ကို သိပြီး အဲဒီအရောင်နဲ့ လိုက်ဖက်အောင် ရွေးယူပါ။

- အစင်းအစင်းဆွယ်တာအင်္ကျီ၊ tulle စကတ်နှင့် ပန်းရောင်ဖျော့ဖျော့အိတ်ကို အဖြူရောင်ဖိနပ်နှင့် တွဲဝတ်ရင် အရမ်းလိုက်ပါတယ်။

- တစ်ကိုယ်လုံးကို အဖြူရောင် ဝတ်တာကလည်း လှပါတယ်။ နေကာမျက်မှန်အကြီးကြီးနဲ့ ချည်သားလက်ဆွဲအိတ်ကို သုံးတာက သင့်စတိုင်လ်ကို ပိုပေါ်လွင်စေပါတယ်။

၃။ အပြေးဖိနပ်နှင့် စတိုင်လ်ထုတ်ပါ။

လူအများစုက အားကစားလုပ်မှသာ ဒီလိုအပြေးဖိနပ်တွေကို ရွေးချယ်ကြတာ များပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အပြေးဖိနပ်တွေကို စတိုင်လ်တစ်ခုအဖြစ် စီးလာကြပါပြီ။ စီးမယ်ဆိုရင်တော့ လေဝင်လေထွက်ကောင်းကောင်းနဲ့ သက်တောင့်သက်သာ ဖြစ်စေမယ့် ဖိနပ်မျိုးကို ရွေးသင့်ပါတယ်။

- သင့်အတွက် အဆင်ပြေစေမယ့် ဖိနပ်ပဲစီးပါ။

- Denim စကတ်တွေက ခေတ်ဆန်ပြီး sneaker တွေနှင့် လိုက်ဖက်ပါတယ်။

- အပြေးဖိနပ်ကို ရောင်စုံ midi စကတ်ရယ် ခေါင်းစွပ်အင်္ကျီရယ်နဲ့ တွဲဝတ်ပါ။

၄။ လည်ရှည်ဖိနပ်တွေ စီးပါ။

လည်ရှည်ဖိနပ်တွေက ခြေထောက်တစ်ခုလုံးကို ထိန်းထားပေးပြီး ခြေဖဝါးနဲ့ ခြေချင်းဝတ်ကို သက်သာစေပါတယ်။ ချည်ရတာလည်း လွယ်ကူပြီး ကြိုးမပါတဲ့ ဖိနပ်တွေလည်း ရှိပါတယ်။

- ကင်းဗတ်စ်တွေက ခေတ်ဟောင်းပုံစံ ရှိနေတာကြောင့် ခေတ်ဟောင်းပုံစံ ၀တ်စုံတွေ ဒါမှမဟုတ် စကတ်တွေနှင့် ကောင်းစွာလိုက်ဖက်ပြီး ရှေးခေတ်သွင်အပြင်ကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

- ရှပ်အင်္ကျီတွေနှင့်လည်း လိုက်ဖက်ပါတယ်။

- Aquamarine midi-suede စကတ်ကို သန္တာပန်းရောင်၊ အဖြူရောင်နှင့် အနက်ရောင် လည်ရှည်ဖိနပ်တွေနဲ့ တွဲပြီး ဝတ်ဆင်ရင် အရမ်းလှပါတယ်။

Zombie (lovemedia)