ပန်းကန်ဆေးကန်ပိုက်ထဲကနေ အနံ့ဆိုးတွေကို အချိန်တိုအတွင်း ဖယ်ရှားနိုင်မယ့်နည်းလမ်းများ

ပန်းကန်ဆေးကန်ရေပိုက်ထဲက အနံ့ဆိုးတွေက မီးဖိုတစ်ခုလုံးကို ပျံ့နှံ့သွားစေပါတယ်။ ပန်းကန်ဆေးကန်ရေပိုက်ထဲမှာ အစားအစာ အကြွင်းအကျန်တွေ ပိတ်မိနေတဲ့အခါ အနံ့ဆိုးတွေ ထွက်လာပါတယ်။ အဲဒါကြောင့် ပန်းကန်ဆေးကန်ရေပိုက်ထဲက အနံ့ဆိုးတွေကို အချိန်တိုအတွင်း ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

နည်းလမ်း ၁

လိုအပ်သောပစ္စည်းများ

- ဆားဖန်ခွက်တစ်ဝက်

- မုန့်ဖုတ်ဆိုဒါ ဖန်ခွက်တစ်ဝက်

- ရှာလကာရည် ဖန်ခွက်တစ်ခွက်

ဆား၊ မုန့်ဖုတ်ဆိုဒါ၊ ရှာလကာရှည်တို့ကို ရေပိုက်ထဲကို တစ်ခုပြီးတစ်ခု လောင်းထည့်လိုက်ပါ။ အချိန် ၃၀ စက္ကန့်လောက်စောင့်ပြီးမှ ရေနွေးပူပူကို ရေပိုက်ထဲ လောင်းချလိုက်ပါ။ မိနစ်အနည်းငယ်ကြာရင် အနံ့ဆိုးတွေ မရှိတော့ပါဘူး။

နည်းလမ်း ၂

လိုအပ်သော ပစ္စည်းများ

- အမှိုက်ရှင်းလင်းတဲ့ ကိရိယာ

- လိမ္မော်ခွံ သို့မဟုတ် သံပုရာခွံ

လိမ္မော်ခွံ သို့မဟုတ် သံပုရာခွံတွေကို အပိုင်းအစလေးတွေဖြစ်အောင် လှီးပြီး ပန်းကန်ဆေးကန်ရေပိုက်ထဲကို ထည့်လိုက်ပါ။ အဲဒီနောက်မှ အမှိုက်ရှင်းလင်းတဲ့ကိရိယာကို စက္ကန့် ၃၀ ကြာဖွင့်ထားပါ။

နည်းလမ်း ၃

လိုအပ်သောပစ္စည်းများ

- မုန့်ဖုတ်ဆိုဒါ

- ရနံ့ဆီ

- ရေနွေးဆူဆူ

နှစ်သက်ရာ ရနံ့ဆီ ၂ စက်ကို မုန့်ဖုတ်ဆိုဒါနဲ့ ရောမွှေပါ။ အဲဒီနောက် ပန်းကန်ဆေးကန်ရေပိုက်ထဲ လောင်းထည့်ပြီး ၁၀ မိနစ်ခန့် ထားပါ။ ၁၀ မိနစ်ခန့် ကြာပြီးနောက်မှာမှ ရေနွေးကို ထပ်လောင်းထည့်လိုက်ပါ။

နည်းလမ်း ၄

လိုအပ်သောပစ္စည်းများ

- ရေနွေး

- ဆပ်ပြာ

ပန်းကန်ဆေးကန်ထဲက ဇကာပေါက်ကို ဖယ်လိုက်ပါ။ ပြီးနောက် အစားအစာ အကြွင်းအကျန်တွေအားလုံးကို ဖယ်ရှားပါ။ ဇကာပေါက်ကို ရေနွေး၊ ဆပ်ပြာတို့နဲ့ သေချာပြန်ဆေးပြီးနောက် သူ့နေရာသူ ပြန်ထားလိုက်လို့ ရပါပြီ။ တစ်ခါတရံက ရေပိုက်က မဟုတ်ဘဲ ဇကာပေါက်ကြောင့်လည်း အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။

Bonus

အထက်ပါနည်းတွေအတိုင်း ပြုလုပ်ပေမယ့် အနံ့ဆိုးတွေ ထွက်နေသေးရင် သို့မဟုတ် ရေပိုက်က ပေါက်နေရင် ကျွမ်းကျင်သူနဲ့ ရေပိုက်ကို အသစ်လဲဖို့ လိုအပ်ပါတယ်။

lovemedia

Post a Comment

0 Comments