ဆံပင်ကို ထိခိုက်စေတဲ့ ခေါင်းလျှော်နည်း (၆) ခု

မနက်ခင်းပိုင်းမှာ ရေချိုးတာက လူကို ပေါ့ပါးစေပြီးတော့ ညဘက်မှာ ရေချိုးရင် စိတ်ကိုလန်းဆန်းစေပါတယ်။ ခေါင်းလျှော်တာက နေရထိုင်ရတာ ပေါ့စေတဲ့အပြင် အပူလည်း ထွက်စေပါတယ်။ ဒါပေမယ့် နည်းစနစ်ကျကျ မလျှော်ဘူး ဆိုရင်တော့ သင့်ဆံပင်တွေ မလှပနိုင်တော့ပါဘူး။

တစ်ခါတလေမှာလည်း သင်ကိုယ်တိုင်မသိဘဲ အမှားလုပ်မိနေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ခေါင်းကို ဘယ်လိုလျှော်ရမလဲ ဆိုတာနဲ့ ဘယ်လိုနည်းက ဆံပင်ကို ထိခိုက်စေလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ ခေါင်းစွပ်မသုံးခြင်း

ရေချိုးပြီဆိုတာနဲ့ သင့်ခေါင်းကို လျှော်ချင်မှာပါပဲ။ ဒါပေမယ့် ခေါင်းအမြဲတမ်း လျှော်တာက ခေါင်းလျှော်တာက သင့်ဦးရေပြားကို ယားယံစေပြီး ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးခေါင်းလျှော်တိုင်း ခေါင်းစွပ်ကို သုံးပါ။ သူက ဆံပင်တွေကို မြန်မြန်ခြောက်စေပြီးတော့ ဦးရေပြား ခြောက်သွေ့တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ ရေက အရမ်းပူနေခြင်း

ရေပူလေးနဲ့ အေးအေးဆေးဆေး ချိုးတာက အရမ်းကို နေလို့ကောင်းပြီး လူကိုလည်း ပေါ့ပါးစေပါတယ်။ ဒါပေမယ့် ရေကအရမ်းပူနေရင်တော့ သင့်ဆံပင်ကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်အခြောက်ခံစက် သုံးတာကလည်း ဆံပင်ကို ပူပြီး ခြောက်သွေ့စေနိုင်ပါတယ်။ သင့်ဆံပင်ကို ရေနွေးနဲ့လျှော်တာက ဦးရေပြားပေါ်က သဘာဝအတိုင်း အကာအကွယ်ရှိတဲ့ lipid အလွှာကို ပျက်စီးစေပြီး ယားယံ နီရဲလာစေပါတယ်။

၃။ ဆံပင်ရေအစိုနဲ့ ခေါင်းဖြီးခြင်း

ရေချိုးပြီးမှ ခေါင်းကိုဖြီးတာ ကောင်းပေမယ့် မချိုးခင် ကြိုဖြီးထားတာက ပိုကောင်းပါတယ်။ ကြိုဖြီးထားတာက သင့်ဆံပင်ကို သိပ်မပွစေတော့ပါဘူး။ ခေါင်းလျှော်ပြီးရင်လည်း တဘက်နဲ့ အားရပါးရ သုတ်တာထက် ဖြေးဖြေးချင်း ညင်ညင်သာသာ ပွတ်ပေးတာက ဆံပင်ကို ပိုကောင်းစေပါတယ်။

၄။ ရေချိုးတိုင်း ခေါင်းလျှော်ခြင်း

ကျန်းမာပြီး တောက်ပြောင်တဲ့ ဆံကေသာကို လိုချင်ရင် ရေချိုးတိုင်း ခေါင်းလျှော်တဲ့အကျင့်ကို ဖျောက်သင့်ပါတယ်။ သင်သုံးနေကျ ခေါင်းလျှော်ရည်က အညစ်အကြေးတွေ စုနေတာကို ကောင်းကောင်းကြီး ဖယ်ရှားပေးနိုင်ပေမယ့်လည်း ခဏခဏ သုံးပါများရင်တော့ သင့်ဦးရေပြားကနေ ထုတ်လုပ်နေတဲ့ မရှိမဖြစ် လိုအပ်တဲ့ သဘာဝဆီတွေကို ကုန်ဆုံးသွားစေပါတယ်။

သင့်ဆံပင်ကို တောက်ပြောင်ပြီး ရေဓာတ်ထိန်းသိမ်းပေးနိုင်စွမ်း လျော့ကျသွားပါလိမ့်မယ်။ ဒါကြောင့် ခေါင်းကို ခဏခဏ လျှော်နေဖို့ မလိုပါဘူး။ တကယ်လို့ သင်က ဆံပင်ကောက်တဲ့သူ ဆိုရင်လည်း တစ်ပတ်ကို တစ်ကြိမ်လောက် လျှော်တာနဲ့တင် လုံလောက်နေပါပြီ။

၅။ ဦးရေပြားကို လက်သည်းနဲ့ ပွတ်ခြင်း

Scrub တွေကို သုံးတာက လန်းဆန်းမှုကို ခံစားရနိုင်ပေမယ့် သင့်လက်သည်းတွေကို အသုံးပြုခြင်းက တခြားနည်းလမ်းတွေထက် ပိုအလုပ်ဖြစ်ပါတယ်။ ဦးခေါင်းအရေပြားက အရမ်းကို နူးညံ့လွန်းတာကြောင့် ခြစ်မိရင်တော့ ယားယံပြီး ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်း ၃ မိနစ်လောက် ငြင်ငြင်သာသာလေး ပွတ်ပေးသင့်ပါတယ်။

၆။ ရေကို သေချာမဆေးချခြင်း

ခေါင်းလျှော်တဲ့အခါမှာ ဆပ်ပြာတွေ ပြောင်သွားအောင် သေချာဆေးချသင့်ပါတယ်။ ဆပ်ပြာတွေ ကျန်ခဲ့တာက ဦးရေပြားကို ထိခိုက်စေနိုင်ပြီး ချွေးပေါက်တွေကို ပိတ်ဆို့သွားစေနိုင်ပါတယ်။ ဒါကြောင့် ဆပ်ပြာတိုက်ပြီးတိုင်း၊ ခေါင်းလျှော်ရည်သုံးပြီးတိုင်း ၁ မိနစ်ကနေ ၂ မိနစ်လောက်ကြာအောင် ရေကို သေချာလေး လောင်းသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments