မျက်နှာမှာရှိတဲ့ မွေးညှင်းပေါက်လေးတွေက အရမ်းကို သေးငယ်ပါတယ်။ အဲဒါကြောင့် မြင်ရဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ချွေးပေါက်တွေကို မြင်နေရရကင် ချွေးပေါက်တွေထဲမှာ အညစ်အကြေးတွေ အများကြီးစုမိနေလို့ပါ။ ချွေးပေါက်ပိတ်ရင် ဝက်ခြံတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ချွေးပေါက်ပိတ်စေတဲ့ နေ့စဉ်အပြုအမူတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ Retinol ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အသုံးမပြုခြင်း
ချွေးပေါက်ကျယ်နေတာကို လျှော့ချဖို့ မဖြစ်နိုင်ပေမယ့် ချွေးပေါက်ကျဉ်းအောင်တော့ လုပ်လို့ရပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ retinoids ပါဝင်တဲ့ ခရင်မ်တွေကို ညဘက်မှာ လိမ်းအိပ်ဖို့ပါ။ Retinol က ဗီတာမင်အေတစ်မျိုးဖြစ်ပြီး အသားအရေ ကောင်းလာအောင် ကူညီပေးပါတယ်။ Retinol ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အသုံးမပြုတဲ့အခါ အသားအရေက မညီမညာ ဖြစ်နေမှာပါ။
၂။ ဖုန်းပြောတဲ့အခါ မျက်နှာနဲ့ အရမ်းကပ်ထားခြင်း
ဖုန်းမျက်နှာပြင်က ဘက်တီးရီးယားတွေကို အိမ်သာထိုင်ခုံထက် ၁၀ ဆ သယ်ဆောင်ပါတယ်။ ဖုန်းမျက်နှာပြင်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ မျက်နှာပေါ်က မိတ်ကပ်တွေ၊ သဘာဝအဆီတွေ၊ ဖုန်တွေ၊ ချွေးတွေ ပေါင်းမိသွားရင် ချွေးပေါက်တွေ ပိတ်သွားပါတယ်။ အဲဒီကနေ ဝက်ခြံတွေ ဖြစ်လာပါတယ်။
၃။ နေရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း
နေရောင်ခြည်က အသားအရေကို ရေဓာတ်ခန်းခြောက်စေပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေကိုလည်း ပိုကျယ်လာစေပါတယ်။ ချွေးပေါက်တွေ ကျယ်လာရင် အညစ်အကြေးတွေ ပိုဝင်ပြီး အမည်းစက်တွေပါ ဖြစ်လာစေပါတယ်။ အဲဒါကြောင့် အရေပြားဆရာဝန်တွေက sunscreen လိမ်းဖို့ အမြဲအကြံပေးပါတယ်။
၄။ တိုနာမလိမ်းခြင်း
ချွေးပေါက်ထဲမှာ အဆီတွေ၊ အညစ်အကြေးတွေ အချိန်အကြာကြီး ပိတ်မိနေရင် မျက်နှာသစ်ရုံနဲ့လည်း မပြောင်စင်တော့ပါဘူး။ ချွေးပေါက်တွေက အကြာကြီး ပိတ်မိတဲ့အခါ ချွေးပေါက်နံရံတွေ အားနည်းလာပါတယ်။ တိုနာက ဆဲလ်သေတွေကို ဖယ်ရှားပေးပါပြီး ချွေးပေါက်ကျဉ်းတာကိုလည်း သက်သာစေပါတယ်။ အဲဒါကြောင့် တိုနာကိုလည်း မေ့မထားသင့်ပါဘူး။
၅။ မိတ်ကပ်ပစ္စည်းတွေကို သန့်ရှင်းရေး မလုပ်ခြင်း
သင်က အသားအရေကို အမြဲထိန်းသိမ်း နေပေမယ့် ဝက်ခြံတွေပေါက်နေတာ၊ ချွေးပေါက်တွေ ပိတ်နေတာကို ကြုံဖူးမှာပါ။ အဲဒါကြောင့် မိတ်ကပ် brush, ဖော့တွေကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ မိတ်ကပ် brush, ဖော့တွေမှာ ဘက်တီးရီးယားတွေ အများကြီးကပ်နေနိုင်ပါတယ်။ မိတ်ကပ်ပစ္စည်းတွေကို သန့်ရှင်းရေးမလုပ်တာကလည်း ချွေးပေါက်ပိတ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။
၆။ ဆံပင်နဲ့ မျက်နှာ အမြဲလိုလို ထိတွေ့နေခြင်း
ဆံပင်မှာလည်း ဖုန်နဲ့ အညစ်အကြေးတွေ ကပ်နေပါတယ်။ အဲဒါကြောင့် ဆံပင်နဲ့ မျက်နှာအသားအရေ ခဏခဏ ထိတွေ့နေရင် ချွေးပေါက်တွေက ပိတ်နေမှာပါပဲ။ အထူးသဖြင့် နဖူးနဲ့ နားသယ်စတွေမှာ ဝက်ခြံတွေ ပေါက်လာပါအတယ်။ ညအိပ်တဲ့အခါမှာလည်း ဆံပင်နဲ့ မျက်နှာ မထိတွေ့အောင် သတိပြုသင့်ပါတယ်။
၇။ ရေစိုခံမိတ်ကပ်ကို လိမ်းခြင်း
ရေစိုခံမိတ်ကပ်တွေမှာ silicone တွေပါဝင်ပါတယ်။ အဲဒါကြောင့် ရေစိုခံမိတ်ကပ် လိမ်းတဲ့သူတွေမှာ ချွေးပေါက်တွေ ပိတ်တာပါ။ ရေစိုခံမိတ်ကပ်ကို နေ့စဉ်မသုံးသင့်ပါဘူး။ နေ့စဉ်သုံးရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေ ပိုဖြစ်လာစေပါတယ်။
Zombie (lovemedia)
0 Comments