ခေါင်းအုံးကို အဝတ်လျှော်စက်နဲ့ လျှော်နည်း

တစ်နေကုန်ပင်ပန်းနေတဲ့အခါ ခေါင်းအုံးက အားအင်တဲ့ ဖြည့်ပေးတဲ့ အရာလေးပါပဲ။ ဒါပေမယ့် တစ်လအတွင်းမှာပဲ ခေါင်းအုံးမှာ ဘက်တီးရီးယားတွေ၊ ဖုန်တွေ၊ ဆဲလ်သေတွေ စုဝေးလာနိုင်ပါပြီ။ အဲဒါကြောင့် ခေါင်းအုံးကို အဝတ်လျှော်စက်ထဲမှာ ထည့်လျှော်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အညွှန်းကို ဖတ်ပါ။

ခေါင်းအုံးမှာ ပါလာတဲ့အညွှန်းက လျှော်ပုံလျှော်နည်းတွကို ဖော်ပြထားတတ်ပါတယ်။ အဓိကကတော့ ဒီခေါင်းအုံးက လျှော်လို့ရလား၊ မရလားဆိုတာကို ကြည့်ဖို့ပါ။ လျှော်လို့မရဘူး ဆိုရင် အခြောက်လျှော်နည်းနဲ့ လျှော်လို့ရပါတယ်။

အညွှန်းကို ရှာမတွေ့ဘူးဆိုရင် ခေါင်းအုံးထဲမှာ ပါတဲ့အစာက ဘာအမျိုးအစားလဲ ဆိုတာကို ကြည့်ပြီး လျှော်လို့ရလား၊ မရလားဆိုတာ သိနိုင်ပါတယ်။ Synethetic downe နဲ့ချည်ခေါင်းအုံးတွေကို လျှော်လို့ရပါတယ်။ Latex နဲ့ memory foam ထည့်ထားတဲ့ ခေါင်းအုံးတွေဆိုရင် လက်နဲ့ပဲလျှော်လို့ ရပါတယ်။ စက်နဲ့လျှော်တဲ့အခါ နောက်တစ်ခါ သုံးမရအောင် ဖြစ်သွားတတ်လို့ပါ။

၂။ ခေါင်းအုံးကို လျှော်ဖို့ ပြင်ဆင်ပါ။

ခေါင်းအုံးစွပ်တွေကို ဖယ်လိုက်ပါ။ ချည်စချည်နလေးတွေကို လက်နဲ့ဖယ်လို့ရသလို စက်နဲ့လည်း ဖယ်လို့ရပါတယ်။

၃။ စက်မှာ လျှော်ဖို့အတွက် ပြင်ဆင်ပါ။

ခေါင်းအုံးမှာ ချုပ်ထားတဲ့ ပိတ်စပေါ်မူတည်ပြီး delicate mode ကို ရွေးပါ။ အပူချိန်ကို ၁၀၀ ဒီဂရီဖာရင်ဟိုက်ကနေ ၁၂၀ ဒီဂရီဖာရင်ဟိုက်အထိ ထားလို့ရပါတယ်။ အခြောက်ခံတဲ့အခါ အရှိန်ကို လျှော့ထားပါ။

၄။ ဆပ်ပြာ

ခေါင်းအုံးလျှော်တဲ့အခါ ပုံမှန်သုံးနေကျ ဆပ်ပြာကို ရွေးချယ်လို့ ရပါတယ်။ ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ နူးညံ့တဲ့ ဆပ်ပြာတွေကိုလည်း ရွေးချယ်လို့ ရပါတယ်။

၅။ ခေါင်းအုံးကို အဝတ်လျှော်စက်ထဲထည့်ပါ။

အဝတ်လျှော်စက်က တစ်ခါလျှော်ရင် ခေါင်းအုံးနှစ်လုံးပဲ ဆံ့နိုင်တယ်ဆိုရင် ခေါင်းအုံးနှစ်လုံးပဲ ထည့်ပါ။ ခေါင်းအုံးနှစ်လုံးထက် ပိုထည့်တဲ့အခါ ဆပ်ပြာက မလုံလောက်တဲ့အပြင် အခြောက်ခံတဲ့အခါမှာလည်း အခက်တွေ့စေနိုင်ပါတယ်။

၆။ ခေါင်းအုံးကို အခြောက်ခံပါ။

စက်ကို ဖြည်းဖြည်းချင်းလှည့်ပြီး အခြောက်ခံတာက ခေါင်းအုံးကို လုံးဝခြောက်မသွေ့သွားစေပါဘူး။ လျှော်ပြီးတဲ့အခါ ခေါင်းအုံးကို စက်ထဲကနေ ထုတ်ပြီး ရိုက်လိုက်ပါ။ ပြီးရင် နေရောင်ရတဲ့နေရာမှာ လှန်းထားလိုက်ရုံပါပဲ။

ခေါင်းအုံးကို သန့်ရှင်းအောင် ထားနည်း

၁။ ခေါင်းအုံးကို တစ်နှစ်ကိုအနည်းဆုံး ၂ ခါခန့် လျှော်သင့်ပါတယ်။ ၄ ခါအထိ လျှော်လို့လည်း ရပါတယ်။

၂။ ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ခါ လဲပေးလို့ရပါတယ်။

၃။ မျက်နှာမှာ မိတ်ကပ်မဖျက်ဘဲ အိပ်ရာမဝင်သင့်ပါဘူး။

၄။ ခေါင်းအုံးက ပုံစံပျက်ပြီး အထဲက အစာတွေ လုံးသွားတဲ့အခါ အစားထိုးလို့ ရပါတယ်။ ခေါင်းအုံး ကောင်းနေသေးလား မကောင်းတော့ဘူးလား ဆိုတာကို စမ်းသပ်ဖို့အတွက် ထက်ဝက်ခေါက်လိုက်ပါ။ ခေါက်လိုက်တဲ့အခါ ချက်ချင်းပြန်ပြေသွားတယ်ဆိုရင် ခေါင်းအုံးအသစ် လိုအပ်နေပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments